တန်းကျိုး၍ရပ်ထားသောယာဉ်အား နောက်ကဝင်တိုက် နှစ်ဦးသေဆုံး၊ တစ်ဦးဒဏ်ရာရ


မြင်းမူမြို့ ပျော့ရွာကျေးရွာအနီး မုံရွာ-မြင်းမူ-မန္တလေးကားလမ်းမ မိုင်တိုင်(၄၁/၇) နှင့် (၄၁/၆)အကြားတွင် မန္တလေးမှ မုံရွာသို့ ဖိုးသား (၁၉)နှစ် ချောင်းဦးမြို့နေသူမောင်းနှင်ပြီး ယာဉ်နောက်လိုက် ဖိုးခွား(၂ဝ)နှစ် ချောင်းဦး မြို့နေသူလိုက်ပါသည့်MGY iB/--- NISSAN iESEL ခြောက်ဘီးယာဉ်သည် တန်းကျိုး၍လမ်းဘေး၌ ရပ်ထားစဉ် မန္တလေးမှ မုံရွာသို့ ကိုမြင့်ဦး (၃ဝ)နှစ် ကန်ထောင်ရွာ ပုလဲနယ် မောင်းနှင်ပြီး ယာဉ်မောင်းဘေးတွင်လိုက်ပါလာသည့် ကိုကျော်ဇော (၁၇)နှစ် တောင်ရွာသစ် ပုလဲနယ် ကိုချမ်းအေး (၂၇)နှစ် တောင်ရွာသစ် ပုလဲနယ် နေသူတို့လိုက်ပါလာသည့်BGO-3K/-------isusu EFF လေးဘီးယာဉ်သည် လမ်းဘေးရပ်ထားသောယာဉ်အားအရှိန်မထိန်းနိုင် ဘဲ နောက်မှဝင်တိုက်သဖြင့် ယာဉ်မောင်းကိုမြင့်ဦးနှင့်ယာဉ်ပေါ်ပါ ကိုကျော်ဇော တို့တွင် ဒဏ်ရာများရရှိပြီး အခင်းဖြစ်နေရာတွင် သေဆုံးခဲ့သည်။ ယာဉ်ပေါ်ပါ ကိုချမ်းအေးတွင် ဒဏ်ရာရရှိခဲ့သဖြင့် မြင်းမူမြို့မရဲစခန်းက အမှုဖွင့်အရေးယူ ထားကြောင်း သိရသည်။

The Mirror Daily

မှတ်ချက်များ