အိမ်မက်ထဲမှာ ဘာမြင်သလဲ
အိမ်မက်ထဲမှာ ပေါ်လာတဲ့အကြောင်းလေးတွေက ကိုယ့်ရဲ့စိတ်ထဲက ခံစားချက်တွေ ဖြစ်နေတတ်တယ်။
စိတ်ထဲက ဖြစ်ချင်တာတွေက အိမ်မက်ထဲမှာ ပေါ်လာတတ်ပါတယ်။ ဒါကြောင့် အိမ်မက်ထဲမှာ ပေါ်လာတဲ့အကြောင်းအရာလေးတွေက ချက်ချင်းဆိုသလို မေ့သွားတတ်ပါတယ်။ ဒီအကြောင်းလေးကို မမေ့အောင်ဆိုရင် စာရွက်နဲ့ခဲတံကို ကိုယ့်အိပ်ယာနားမှာ ထားသင့်ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ ချက်ချင်းဆိုသလို မေ့သွားတတ်လို့ပါ။
အိမ်မက်သေသေချာချာ မှတ်မိနေရင်အတွက်ကတော့ မအိပ်ခင် အရက်သောက်တာတွေ၊ စားသောက်တာတွေကို မလုပ်သင့်ပါ။ ဘယ်လိုအိမ်မက်တွေက ဘာကြောင့်လဲဆိုတာကို ကြည့်လိုက်ရအောင်နော်။
၀၁. လူတစ်ယောက်ယောက်က အနောက်ကလိုက်နေရင်တော့ သတိထားပါ
စိတ်ပူပန်စရာတွေရှိနေချိန်ဖြစ်တာကြောင့် ဖြစ်ပါတယ်။ လုပ်သင့်သော အလုပ်ကို မလုပ်သေးသောကြောင့် အိမ်မက်ထဲမှာ ပေါ်လာတာပါ။
၀၂. လူတစ်ယောက်ပေါ်လာရင်တော့ အဲဒီလူက ကိုယ်ပါပဲ
အိမ်မက်ထဲမှာ ပေါ်လာတဲ့သူကတော့ ကိုယ်ပဲဖြစ်ပါလိမ့်မယ်။ ကိုယ့်ရဲ့မကောင်းတဲ့ အကျင့်တွေကို ပြင်ဆင်ချိန်သင့်ပြီလို့ ပြောနေတယ်ဆိုရင်လည်း မမှားပါ။
မကောင်းတဲ့ အကျင့်တခုက ပြင်ဖို့ အချိန်တန်နေပြီဆိုတာကို ပြောပေးနေတာပါ။ ဒါမှမဟုတ် သတ်သတ်မှတ်မှတ်သိသောသူဖြစ်ရင်တော့ အဲဒီလူနဲ့ကြားမှာရှိတဲ့ ပြသာနာကို ဖြေရှင်းဖို့ လိုနေပါပြီ။
၀၃. အိမ်၊ အဆောက်အဦကို မြင်နေရင်တော့ အခန်းအပေါ်မှာ အဓိပ္ပာယ်အမျိုးမျိုးရှိတယ်
အိမ်ရဲ့ အခန်းအပေါ်မှာ မူတည်ပြီး ဥပမာ မြေအောက်ခန်းဆိုရင် ပုံမှန်ဆိုရင် မစဉ်းစားတဲ့ အပိုင်းဖြစ်ပါလိမ့်မယ်။ အိပ်ခန်းဆိုရင်တော့ အိမ်ထောင်ရေးကိစ္စနဲ့ သက်ဆိုင်ပါလိမ့်မယ်။
၀၄. အစားအစာကတော့ အသိပညာနဲ့ ဆိုင်ပါတယ်
အစားအသောက်နဲ့ ပတ်သက်တဲ့ အိမ်မက်ကတော့ တစ်ခုခုကို သင်ချင် တတ်ချင်တယ်ဆိုတဲ့ အဓိပ္ပာယ်ပဲဖြစ်ပါတယ်။ ဦးနှောက်အတွက် အာဟာရလိုနေပါပြီ။
၀၅. ကျောင်းအကြောင်းဆိုရင် အတိတ်ကို ပြန်စဉ်းစားသင့်ပါတယ်
ကျောင်းမှာ စာမေးပွဲဖြေနေချိန် ဒါမှမဟုတ် ကျောင်းခန်းထဲမှာရှိနေတယ်ဆိုရင်တော့ အတိတ်ကအကြောင်း တခုခု (သို့) တခုခုကို သင်ကြားဖို့ အချိန်တန်နေပြီဆိုတဲ့ သင်္ကေတပါ။
၀၆. အဝတ်မပါသူ
အိမ်မက်ထဲမှာ အဝတ်မပါသူကို မြင်ရင်တော့ သူက ကိုယ်ပြောချင်တာတွေကို ပြောဖို့ရန် ပေါ်လာတာပါ။
၀၇. တစ်ယောက်ယောက်နဲ့ ချစ်ကြိုက်နေရင်တော့
အိမ်မက်ထဲမှာ တစ်ယောက်ယောက်နဲ့ ချစ်ကြိုက်နေတယ်ဆိုတာ တခုခုကို အလိုမကျဖြစ်နေလို့ပါ။ ရည်းစားထားချင်လို့လဲ ဖြစ်နိုင်ပါတယ်။
၀၈. ကားအကြောင်း အိမ်မက်ထဲမှာ ပေါ်လာရင်တော့
ကားအကြောင်းကတော့ ပြသာနာကို အဓိပ္ပာယ်ဖော်ဆောင်ပါတယ်။ ကားအရွယ်အစား အပေါ်မူတည်ပြီး ပြသာနာ ကြီးသေးကို မှန်းဆနိုင်ပါတယ်။
၀၉. ကလေးအကြောင်း ဆိုရင်တော့
ကလေးငယ်အကြောင်းဆိုရင်တော့ ကိုယ့်မှာ အောင်မြင်မှုတွေနဲ့ နီးစပ်နေပြီဆိုတဲ့ အဓိပ္ပာယ်ပါ။
၁၀. အိမ်မက်ထဲမှာ သေသွားရင်တော့
သေသွားတယ်ဆိုတာ အပြောင်းအလဲရှိတယ်ဆိုတဲ့ အဓိပ္ပာယ်ပါ။
၁၁. တိရစ္ဆာန်လေးတွနဲ့တွေ့ရင်တော့
သူတို့က စိတ်ထဲရှိသလို နေထိုင်သွားလာတတ်တယ်ဆိုတော့ ကိုယ့်အကြောင်း၊ ကိုယ့်ရဲ့အနေအထိုင်ကို သိမြင်နေရတယ်လို့ မှတ်နိုင်ပါတယ်။
၁၂. ပြုတ်ကျတယ်ဆိုတဲ့ သဘောတရားကတော့
ပြုတ်ကျရင်တော့ အောက်သို့မရောက်ခင်အချိန်မှာ လန့်ပြီးနိုးတတ်ပါတယ်။ ဘာကိုမှ ထိန်းလို့မရပဲပြုတ်ကျတယ်ဆိုရင်တော့ ကိုယ့်မှာလည်း မချုပ်တည်းနိုင်တဲ့ ပြသာနာရှိတယ်ဆိုတဲ့ အကြောင်းကို ပြောနေတာပါ။
ChelmoTeam

မှတ်ချက်များ