စက္ကန့် ပိုင်းအတွင်း ရေလီတာ ၄၀၀၀ ကို စုပ်ယူနိုင်ပြီး ကားလမ်းပေါ်ရေလွှမ်းမိုးခြင်းက ကာကွယ်ပေးမယ့် ကွန်ကရစ်


မိုးအကြီးအကျယ်ရွာသွန်းတဲ့အခါမှာ ရေလွှမ်းမိုးလေ့ရှိတဲ့ နယ်မြေဒေသတွေရဲ့ အခက်အခဲတွေကို ဒီ မှော်ဆန်ဆန်ကွန်ကရစ်က တစ်ဖက်တစ်လမ်းက ဖြေရှင်းပေးပါလိမ့်မယ်။

မိုးကြီးတဲ့အခါ အများအားဖြင့် ရေလွှမ်းမိုးလေ့ရှိတာက လူနေရပ်ကွက်တွေဖြစ်ပါတယ်။ ဘာလို့ လည်းဆိုတော့ မြေပေါ်ကရေတွေဟာ ရေမြောင်းတွေပြည့်လျှံသွားတာနဲ့ စီးဆင်းစရာနေရာမရှိ တော့တာကြောင့် လူနေရပ်ကွက်က လမ်းတွေဟာ မိုးသည်းရင် ရေတွေနဲ့ ပြည့်လျှံနေတတ်ပါတယ်။

ဒါပေမယ့် ဒီပြသနာကို TopMix က ဖြေရှင်းပေးနိုင်ပါတယ်။ သာမန်ကွန်ကရစ်နေရာမှာ အစားထိုးနိုင်မယ့် ဒီ TopMix ကွန်ကရစ်ဟာ ရေစုပ်ယူအား သာလွန်ကောင်းမွန်ပါတယ်။ ကွန်ကရစ်မျက်နှာပြင်ပေါ် ကျလာတဲ့ ရေတွေကို ချက်ချင်းပဲ စုပ်ယူပစ်နိုင်တာကို ဖော်ပြပါဗီဒီယိုမှာ တွေ့ မြင်ရမှာပါ။

ရေလီတာပေါင်း ၄၀၀၀ ကို စက္ကန့် ၆၀ အတွင်း အဆိုပါကွန်ကရစ်ခင်းထားတဲ့လမ်းမျက်နှာပြင်ပေါ် သွန်ချလိုက်တာကို ဗီဒီယိုမှာ တွေ့ မြင်ရမှာပါ။

နောက်ဆုံးရေတစ်စက်ကျပြီးတဲ့အချိန်မှာပဲ၊ ကွန်ကရစ်မျက်နှာပြင်ဟာ လုံးဝခြောက်သွေ့ နေပြီး လမ်းပေါ်မှာ ရေအိုင်၊ရေတင်တာတွေ လုံးဝမကျန်ရှိပါဘူး။ ဒီ စပယ်ရှယ်ကွန်ကရစ်ရဲ့ ရည်ရွယ်ချက်ကတော့ ရေလွှမ်းမိုးမှုကြောင့် ပျက်စီးဆုံးရှုံးမှုကို နည်းပါးစေဖို့ နဲ့  ပျက်စီးဆုံးရှုံးမှုကုန်ကျစရိတ်တွေကို လျော့နည်းစေဖို့ ဖြစ်ပါတယ်။

ဒီစနစ်ဟာ လမ်းမတွေပေါ်နဲ့ ပလက်ဖောင်းတွေပေါ်မှာ ရေအိုင်ဖြစ်ခြင်းကလည်း ကာကွယ်ပေးနိုင်မှာဖြစ်တယ်လို့ သိရပါတယ်။ ချို့ ယွင်းချက်တစ်ခုအနေနဲ့ ကတော့ ရာသီဥတုအေးတဲ့ အခါမျိုးမှာ၊ စုပ်ယူထားတဲ့ရေတွေဟာ ကွန်ကရစ်သားထဲမှာ အေးခဲသွားပြီး၊ ကွန်ကရစ်မှာ အက်ကြောင်းတွေနဲ့ ပျက်စီးမှုလေးတွေ ဖြစ်နိုင်တယ်လို့ Mirror သတင်းတစ်ပုဒ်မှာ ဖော်ပြထားပါတယ်။

Ye Wint - သစ်ထူးလွင်
Ref: Mirror

မှတ်ချက်များ