" အာဆီယံ လေးနိုင်ငံကို ကျပ်ငါးသိန်းခန့်ဖြင့် လည်ပတ်နိုင်မည် "


အာဆီယံ လေးနိုင်ငံခရီးစဉ်ကို မြန်မာငွေကျပ်ငါးသိန်းခန့် ဖြင့်လည်ပတ်နိုင်မည်ဖြစ်ကြောင်း သုခမိန်စာပေနှင့် ဘုရားဖူးလုပ်ငန်းမှ သိရသည်။ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို နှင့် ဗီယက်နမ်နိုင်ငံတို့ကို သွားရောက်လည်ပတ်မည်ဖြစ်ပြီး ခရီးစဉ်မှာ ၇ ညအိပ် ၈ ရက်ဖြ စ်ကြောင်း၊ အောက်တိုဘာ ၂၃ ရက်တွင် စတင်ထွက်ခွာမည်ဖြစ်ကြောင်း၊ ကျပ်ငါးသိန်းမှာ တည်းခိုစားသောက် စရိတ်အပြီး စီးဖြစ်ကြောင်း အဆိုပါဘုရားဖူးလုပ်ငန်းမှ ဦးမျိုးကြီးကပြောသည်။

”နိုင်ငံတစ်နိုင်ငံရဲ့ အဓိက ခရီးသွားနေရာနဲ့ ဈေးဝယ်ဖို့ စူပါမားကက်တွေလိုက်ပို့မယ်။ ဥပမာ ကမ္ဘောဒီးယားဆို အန်ကောဝပ်ပေါ့”ဟု ၎င်းကပြောသည်။ရန်ကုန်မှ ဘန်ကောက်သို့ လေယာဉ်ဖြင့် ထွက်ခွာမည်ဖြစ်ပြီး ထိုင်းနိုင်ငံမှတစ်ဆင့် အခြားနိုင်ငံများသို့ ကားဖြင့် သွားရောက်မည် ဖြစ်ကြောင်း၊ ဗီယက်နမ်နိုင်ငံတွင်ခရီးစဉ်ဆုံးမည်ဖြစ်ပြီး ဗီယက်နမ်မှ ရန်ကုန်သို့ လေ ယာဉ်ဖြင့် ပြန် လာ မည်ဖြ စ်ကြော င်းသိရသည်။ 

”ဗီယက်နမ်ဆိုရင် တောင်ပိုင်းမြောက်ပိုင်းရှိတယ်။ လာအိုဆို လည်း တောင်ပိုင်းမြောက်ပိုင်းရှိ တယ်။ နှစ် ပိုင်းလုံးလည် ဖို့တော့အဆင်မပြေဘူးလေ။ အဓိက ခရီး သွားဒေသတစ်ခုကို ရွေးချယ်ပြီးသွားမှာပါ”ဟု ၎င်းကပြောသည်။ လိုက်ပါလိုသူများအတွက် သတင်းစာများမှတစ်ဆင့် ကြိုတင် ကြေညာပေးသွားမည်ဖြစ်ကြောင်း၊ လက်ရှိတွင်ခရီးစဉ်အတွက် တစ် ဖက်နိုင်ငံများမှ အေးဂျင့်များနှင့် ညှိနှိုင်းနေကြောင်း သိရသည်။

မေဇင်ဝင်း - Popular News Journal

မှတ်ချက်များ