ချို့ယွင်းချက်ရှိသူ၊ ချို့တဲ့နေတဲ့ သူတွေနဲ့ ပေါင်းသင်းကြည့်ပါ


ပညာအရည်အချင်း ညံ့ဖျင်းနေသော သူကိုလည်းကောင်း၊ ပစ္စည်းဥစ္စာ မချမ်းသာ မကြွယ်ဝနေသော သူကိုလည်းကောင်း၊ ကိုယ်လက် အင်္ဂါအရ ချွက်ယွင်းချက် ရှိနေသူများကိုလည်းကောင်း၊ အပေါင်းအသင်း မဲ့နေသူများကိုလည်းကောင်း ပေါင်းသင်းကြည့်စေ လိုပါတယ်။

လူ့ဘဝမှာ အပေါင်းအသင်းဟာ လွန်စွာအရေးကြီးပါတယ်။ တစ်စုံတစ်ခု ချို့တဲ့နေတဲ့ သူတွေဟာ အပေါင်းအသင်းမိတ်ဆွေ ရှားပါးကြပါတယ်။

ဒါကြောင့် သူ့တို့အပေါ်ကို ခင်တဲ့သူတွေကို အရမ်းလိုချင်ကြပါတယ်။ သူတို့နဲ့ ခင်တဲ့ မိတ်ဆွေ သူငယ်ချင်းတွေကိုလည်း အလေးထားပါတယ်။
သူတို့တတ်နိုင်သလောက်လည်း ကူညီပါတယ်။ သူတို့အပေါ်ကို တစ်စုံတစ်ခု အမြင်စောင်းသွားမယ့် အရာတွေကိုလည်း ဘယ်တော့မှ မလုပ်တတ်ပါဘူး။
မာန်မာန မထားတတ်ဘူး။ စိတ်စေတနာ အပြည့်အဝ ရှိတယ်။ သစ္စာရှိတယ်။ ကတိတည်တယ်။

ဒီလိုအတွက်ကြောင့် ချို့တဲ့နေတဲ့သူတွေ ချို့ယွင်းချက်ရှိနေတဲ့ သူတွေကို
ပေါင်းသင်းကြည့်ပါ။ ဘဝမှာ ကြုံတွေ့ရမယ့် အခက်အခဲတွေ အတွက် သူတို့ဟာ ကူညီနိုင်ပါလိမ့်မယ်။

ကျော်လင်းနိုင် (ရိုးရာလေး)

မှတ်ချက်များ