မီတာ ၉၀ မြင့်ပြီး ရေအောက်မြင်ကွင်းကြည့်ခန်းပါတဲ့ ကမ္ဘာ့အကြီးဆုံးရွက်လှေ




Superyacht လို့ခေါ်ရတဲ့ကမ္ဘာ့အကြီးဆုံးရွက်လှေဟာ မီတာ ၉၀ (ပေ ၃၀၀)မြင့်ပြီး ၈ ထပ်ပါဝင်ကာ ရေအောက် မြင်ကွင်းကြည့်ခန်းတစ်ခန်းပါဝင်ပါတယ်။ အဲဒီမြင်ကွင်းကြည့်ခန်းဟာ မှန်အကွေးနဲ့တည်ဆောက်ထားတာဖြစ်ပြီး ကမ္ဘာ့အကြီးဆုံးမှန်အကွေးတစ်ခုလည်းဖြစ်ပါတယ်။ ဒီသင်္ဘောတစ်စီးလုံးကိုတော့ ထိတွေ့မျက်နှာပြင်လုပ် ဆောင်ချက်ရှိတဲ့ အနက်ရောင်မှန်သားထိန်းချုပ်ခုံကနေ ထိန်းချုပ်လို့ရပါတယ်။ ဒါပေမဲ့ ဒီရွက်လှေအတွက် ကုန်ကျစရိတ်ကတော့ ပေါင် သန်း ၂၆၀ ရှိပါတယ်။ ဒီရွက်လှေဟာ အခုဆိုရင် ဂျာမနီမှာ ပထမဆုံး ပင်လယ်ခရီးအစမ်းမောင်နှင်ဖို့ ပြင်ဆင်နေပါတယ်။

ဒီရွက်လှေပိုင်ရှင်ကတော့ အန်ဒရေအိုင်ဂိုရီဗစ်ခ်ျမယ်လ်နီချန်ကိုဖြစ်ပြီး သူ့ရွက်လှေကို Sailing Yacht A လို့ပေးဖို့ စိတ်ကူးထားကြောင်းသိရပါတယ်။ ဒီရွက်လှေဟာ ပင်လယ်ပြင်ထဲရွက်လွှင့်နိုင်တဲ့ ကမ္ဘာ့အကြီးဆုံး ရွက်လှေဖြစ်ပြီး ၄၆၀ပေ(၁၄၃မီတာ) ရှည်လျားပါတယ်။ ဧည့်သည် ၂၀ ဦးနဲ့ ရွက်လှေအမှုထမ်း ၅၄ ယောက် လိုက်ပါနိုင်ပြီး ဒီဇယ်လျှပ်စစ်အားနဲ့မောင်းနှင်နိုင်ကာ တစ်နာရီ ၂၄ မိုင်နှုန်းအထိ ရွက်လွှင့်နိုင်ပါတယ်။ အခုရွက်လှေဟာ ရုရှားဘီလျံနာရဲ့ တခြားသင်္ဘောတစ်စီးကို အဆင့်မြှင့်ထားတာဖြစ်ပြီး ပေါင် သန်း ၁၉၀ လောက် ထပ်မံကုန်ကျခဲ့ပါတယ်။

ညီမင်းဟန်(ဆန္ဒကူး)

မှတ်ချက်များ