အကြီးဆုံး ကဏန်းဟင်း


ကဏန်းတွေကို ချက်ပြုတ် စားသောက်ခြင်း မြင်တွေ့ဖူးပေမယ့် အခုလောက် တစ်ချိန်တည်း၊ တစ်နေရာတည်းမှာ အများအပြား ချက်ပြုတ် စားသောက်ခြင်းကိုတော့ တစ်ခါမှ မြင်တွေ့ဖူးမှာ မဟုတ်ပါဘူး။ သူတို့ဟာ ကမ္ဘာ့စံချိန်တင်ဖို့ ကြိုးစားခဲ့တာကြောင့် ကဏန်းပေါင်း မြောက်မြားစွာကို ချက်ပြုတ် စားသောက်ခဲ့ခြင်း ဖြစ်ပါတယ်။ ကဏန်းတွေကို ရေနွေးနဲ့ပေါင်းပြီး ချက်စားခြင်းဖြစ်ပြီး လူပေါင်းများစွာ လာရောက် စားသုံးမှု ပြုလုပ်ခဲ့ပါတယ်။ ကဏန်းတွေကို ကြီးမားသော ဒယ်အိုးထဲထည့်ပြီး ရေနွေးငွေ့ ချက်ပြုတ်ခြင်း ဖြစ်ပါတယ်။

 ဒယ်အိုးရဲ့ အလေးချိန်က (၇)တန်အထိ ရှိပြီး၊ အဲဒီထဲမှာ ကဏန်းပေါင်း ရာပေါင်းများစွာကို ထည့်သွင်း ချက်ပြုတ်ခဲ့တာ ဖြစ်ပါတယ်။ ဒါကို တရုတ်နိုင်ငံ၊ ပန်ဂျင်းမြို့မှာ ပြုလုပ်ခဲ့တာဖြစ်ပြီး အကြီးဆုံး ကဏန်းဟင်းလျာအဖြစ် ဂရင်းနစ် စံချိန်တင်ဖို့ မျှော်လင့်နေပါတယ်။ ဒီမြို့ဟာ တရုတ်နိုင်ငံရဲ့ ရေနံထွက်ရာ ဒေသဖြစ်ပြီး၊ ဒေသခံတွေက ၀င်ငွေ ကောင်းတာကြောင့် ဒီလိုမျိုး လုပ်နိုင်တာ ဖြစ်ပါတယ်။ ဒီအချိန်ဟာ တရုတ်နိုင်ငံမှာ ကဏန်းစားချိန်ဖြစ်ပြီး ထူးထူးခြားခြား ဖြစ်အောင် ပြုလုပ်ခဲ့ခြင်း ဖြစ်ပါတယ်။

messenger news journal

မှတ်ချက်များ