မျိုးရိုးဗီဇကြောင့် ၀တယ်လို့ ယုံကြည်နေကြခြင်းဟာ ကျန်းမာရေးကို ထိခိုက်စေ


မျိုးရိုးဗီဇနဲ့ အ၀လွန်ခြင်းတို့ ဆက်စပ်နေတယ်ဆိုတဲ့ သီအိုရီတွေရှိနေပေမယ့် သုတေသနပြုသူတွေဟာ ပေါင်ချိန်မြင့်တက်ခြင်းကို သူတို့ကိုယ်တိုင် ထိန်းချုပ်လို့မရဘူးလို့ ယုံကြည်ထားသူတွေမှာ ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအသောက်နဲ့ လူနေမှုဘ၀ပုံစံ ရွေးချယ်မှုတွေမှာ အားနည်းနေပြီး ကျန်းမာရေးချွတ်ယွင်းချက်များ ပိုမိုဖြစ်စေနိုင်တာကို မကြာသေးခင်ကပဲ လေ့လာတွေ့ရှိခဲ့ကြပါတယ်။

အရင်ကလေ့လာချက်တွေအရ မျိုးရိုးဗီဇနဲ့ မျိုးရိုးလိုက်ခြင်းဟာ လူတွေအ၀လွန်ခြင်းအပေါ် လွှမ်းမိုးမှုရှိကြောင်း ထောက်ပြခဲ့ကြပါတယ်။ ဒါပေမယ့် ဒီလိုကိစ္စတွေဟာ လူတွေရဲ့ စားသောက်နေထိုင်မှုနဲ့ ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်း အပြုအမူတွေအပေါ်မှာ အများကြီးမူတည်နေပါတယ်။

မျိုးရိုးဗီဇက ကိုယ်အလေးချိန်အပေါ် လွှမ်းမိုးထားတယ်ဆိုပေမယ့် မျိုးရိုးဗီဇက အ၀လွန်ခြင်းအပေါ် ဘယ်လောက်သက်ရောက်မှု ရှိသလဲဆိုတာ အတိအကျ မသိရသေးဘူးလို့ ထိုလေ့လာမှုက ဆိုပါတယ်။

မိသားစုမျိုးရိုးထဲက စားသောက်ပုံ အမူအကျင့်တွေဟာ ခန္ဓာကိုယ်တွင်း အစာချေဖျက်မှုပုံစံပေါ်မှာ သက်ရောက်မှုရှိပြီး ပုံမှန်အတိုင်းစားသောက်နေထိုင်တဲ့ လူတစ်ယောက်ကိုလည်း အ၀လွန်ခြင်း ဖြစ်စေနိုင်ကြောင်း ရှာဖွေတွေ့ရှိထားတယ်လို့လည်း လေ့လာမှု အရသိရပါတယ်။

မျိုးရိုးဗီဇကြောင့် အ၀လွန်ခြင်းကို တစ်နေ့မှာတစ်နာရီလောက် လမ်းလျှောက်ခြင်းဖြင့် တစ်ဝက်လောက် လျော့ကျစေနိုင်တာကိုလည်း လေ့လာတွေ့ရှိထားပါတယ်။

Michelle - သစ်ထူးလွင်
Ref : Upi

မှတ်ချက်များ