သက်တမ်း ၂၀၀၀ ရှိ ရှေးဟောင်းအမွေနှစ်ကို IS ဖောက်ခွဲ

Palmyra မြို့ကို ယူနက်စကိုက ကမ္ဘာ့အမွေအနှစ်အဖြစ် သတ်မှတ်ထားပါတယ်။ (Credit: Reuters)
IS ​အစ္စလာမ်မစ် ​စစ်သွေးကြွအဖွဲ့ဟာ ​ဆီးရီးယားနိုင်ငံအတွင်းရှိ ​Palmyra ​လို့ခေါ်တဲ့ ​ရောမ ​မြို့ဟောင်းထဲက ​Arch ​of ​Triumph ​မှတ်ကျောက်တိုင်ကို ​ဖောက်ခွဲ ​ဖျက်ဆီးလိုက်ပြီလို့ ​ဆီးရီးယားနိုင်ငံ ​ရှေးဟောင်း ​အမွေအနှစ်ထိန်းသိမ်းရေး ​အရာရှိက ​ပြောပါတယ်။

အဲဒီ ​ကျောက်တိုင်ရဲ့ ​သက်တမ်းဟာ ​နှစ်ပေါင်း ​၂၀၀၀ ​လောက်ရှိပြီး ​ရောမခေတ်က ​တည်ဆောက်ထားတဲ့ ​အရာဖြစ်တာကြောင့် ​ယူနက်စကိုက ​ကမ္ဘာ့အမွေအနှစ်အဖြစ် ​သတ်မှတ်ထားတဲ့ ​နေရာ ​ဖြစ်ပါတယ်။

Palmyra ​မြို့ကို ​ပထမဦးဆုံး ​သမိုင်းမှာ ​မှတ်တမ်းတင်ထားတာကတော့ ​ခရစ်တော် ​မပေါ်ခင် ​ကာလကတည်းက ​ဖြစ်တဲ့အတွက် ​အနည်းဆုံး ​နှစ်ပေါင်း ​၂၀၀၀ ​ကျော် ​တည်ရှိလာတဲ့ ​မြို့ ​ဖြစ်ပါတယ်။

IS ​အဖွဲ့တွေက ​မေလတုန်းက ​အဲဒီမြို့ကို ​သိမ်းဆည်းနိုင်ခဲ့တာ ​ဖြစ်ပြီး ​အဲဒီမြို့မှာ ​ရှိတဲ့ ​သမိုင်းဝင် ​ဘုရားတွေနဲ့ ​တခြား ​အဆောက်အဦးတွေကိုလည်း ​မိုင်းခွဲ ​ဖျက်ဆီးခဲ့ကြပါတယ်။

IS ​က ​ဒီလို ​ရှေးဟောင်း ​ပစ္စည်းတွေ၊ ​ရုပ်ထုတွေကို ​ရုပ်ညံ့တဲ့အရာ ​အဖြစ် ​သတ်မှတ်ထားတာ ​ဖြစ်ပါတယ်။
Baal ​Shamin ​မြို့က ​နာမည်ကြီး ​ကျောင်းတော်ကိုလည်း ​IS ​အဖွဲ့က ​ဖျက်ဆီးခဲ့တာမျိုးတွေ ​လုပ်ခဲ့ပါတယ်။
ယူနက်စကိုကတော့ ​IS ​အဖွဲ့ရဲ့ ​လုပ်ရပ်တွေဟာ ​စစ်ရာဇာဝတ်မှု ​မြောက်တယ်လို့ ​ပြောဆိုခဲ့ပါတယ်။
ဒါပေမဲ့ ​IS ​အဖွဲ့တွေ ​Palmyra ​မြို့ကို ​မသိမ်းပိုက်နိုင်ခင် ​ရွေ့ပြောင်းလို့ရတဲ့ ​အဖိုးတန် ​ရှေးဟောင်းပစ္စည်းတချို့ကို ​နေရာရွှေ့ပြောင်းမှုတွေ ​လုပ်ထားတယ်လို့ ​ဆီးရီးယား ​အာဏာပိုင်တွေက ​ပြောပါတယ်။

ABC Radio Australia

မှတ်ချက်များ