ပန်းချီဆရာမတစ်ဦးက ရုရှားသမ္မတ Vladimir Putin ရဲ့ ရုပ်ပုံကို သူမရဲ့ရင်သားတွေနဲ့ ရေးဆွဲပြ


ရုရှားသမ္မတ Vladimir Putin ရဲ့ ပုံတူဓာတ်ပုံကို ပန်းချီအနုပညာရှင်တစ်ဦးက သူမရဲ့ ရင်သားတွေကို အသုံးပြုပြီး ရေးဆွဲပြခဲ့ပါတယ်။

St Petersburg မြို့ က Irina Romanovskaya ဆိုသူ ပန်းချီအနုပညာရှင်အမျိုးသမီးက သူမရဲ့ ရင်သားအနုပညာဟာ ရုရှားနိုင်ငံရဲ့ နိုင်ငံရေးသမားတွေ စိတ်ထဲမှာ အတွေးတစ်စ ကျန်ရစ်စေနိုင်လိမ့်မယ် လို့  ယူဆကြောင်း ပြောကြားခဲ့ပါတယ်။

“ ဘယ်သူမှ Putin ပုံကို ရင်သားနဲ့ ဒီလိုမဆွဲဖူးပါဘူး။ ပြီးတော့ ဒီလိုဆွဲရတာမှာ ရည်ရွယ်ချက်ရှိပါတယ်။ နိုင်ငံရေးသမားတွေအနေနဲ့ အနုပညာရှင်တွေအပေါ် အလေးထားစေချင်ပါတယ်။ ဘာလို့ လည်းဆိုတော့ ဘယ်သူကမှ အနုပညာရှင်ဆို အရေးမထားချင်ကြလို့ ပါ” လို့ သူမက ပြောပြခဲ့ပါတယ်။

“ အနုပညာရှင်တွေဟာ အနုပညာဖန်တီးရင်းနဲ့ ပဲ ကိုယ့်ဘာသာရပ်တည်နေရပါတယ်။ အာဏာပိုင်တွေအနေနဲ့ သူတို့ ကို အလေးထားစေချင်ပြီး သူတို့ ကို တစ်နည်းနည်းနဲ့ အကူအညီတွေ ပေးစေချင်ပါတယ်” လို့ ဆိုပါတယ်။

Youtube မှာ တင်ထားတဲ့ ရင်သားနဲ့ ပန်းချီဆွဲတဲ့ အဆိုပါဗီဒီယိုမှာ Putin ပုံတူ ကားချပ်နှစ်ချပ်ကို မြင်တွေ့ ရပြီး တစ်ကားကတော့ ၀န်ကြီးချုပ် Dmitry Medvedev ရဲ့ ပုံဖြစ်တယ်လို့ ယူဆရပါတယ်။

သူမဟာ ရင်နှစ်မွှာကြားမှာ ပန်းချီဆေးကို သုတ်လိမ်းပြီး ရင်သားကနေတဆင့် စက္ကူချက်ပေါ်မှာ စုတ်ချက်တွေ ဆွဲခဲ့တာဖြစ်ပါတယ်။

 Ye Wint - သစ်ထူးလွင်
Ref: Mirror



မှတ်ချက်များ