နယူးယောက်ကို အိုက်အက်စ်ရန်က ကူညီကာကွယ်ပေးမယ့် မာဖီးယား
နယူးယောက်မာဖီးယားဂိုဏ်းခေါင်းဆောင်ရဲ့သားဖြစ်သူက နယူးယောက်မြို့တစ်စိတ်တစ်ပိုင်းကို အိုင်အက်စ်ရန်က ကင်းဝေးဖို့အတွက် ကာကွယ်ပေးသွားမယ်လို့ ဆိုလိုက်ပါတယ်။
မာဖီးယားဂိုဏ်း ဂမ်ဘီနိုမိသားစုက အဓိကကျသူ ဂျီအိုဗန်နီဂမ်ဘီနိုဟာ ပဲရစ်မြို့တိုက်ခိုက်ခံရပြီးနောက်မှာ နယူးယောက်ကို အကြမ်းဖက်သမားတွေရန်က ကာကွယ်ဖို့အရေးက ပိုမိုလိုအပ်လာပြီလို့ ဆိုခဲ့ပါတယ်။
ဒါ့အပြင် အိုင်အက်စ်တွေဟာ မာဖီးယားကိုကြောက်လန့်တဲ့အတွက် မာဖီးယားတွေရဲ့ဇာတိ စစ္စလီကျွန်းမှာ မြေအောက်အဖွဲ့အစည်းတွေမရှိဘဲ အကြမ်းဖက်မှုခံခဲ့ရတာလည်းမရှိဘူးလို့ ထောက်ပြခဲ့ပါတယ်။
ဂျီအိုဗန်နီက အက်ဖ်ဘီအိုင်နဲ့ အမိမြေလုံခြုံရေးဌာနတွေဟာ အကန့်အသတ်နဲ့သာ အလုပ်လုပ်နိုင်တာဖြစ်လို့ သူတို့ဂိုဏ်းတွေကသာ ကာကွယ်မှုမှာ ပါဝင်လုပ်ဆောင်ရင် ပိုပြီးထိရောက်လိမ့်မယ်လို့ ပြောသလို မာဖီးယားနဲ့ပတ်သက်တဲ့ ဇာတ်ကားတွေရိုက်ခဲ့ဖူးတဲ့ အယ်လ်ပါစီနိုနဲ့ ရောဘတ်ဒီနီရိုတို့လို နာမည်ကျော်သရုပ်ဆောင်တွေဟာ အိုင်အက်စ်ကိုဆန့်ကျင်ကြောင်း လူသိရှင်ကြား ထုတ်ပြောဖို့ လိုအပ်တယ်လို့ ဆိုခဲ့ပြီး ဟောလီးဝုဒ်သရုပ်ဆောင်တွေက သူတို့ရပ်တည်မှုတွေကို လူသိရှင်ကြား ထုတ်ဖော်မပြောတာကိုလည်း စိတ်ပျက်တယ်လို့ ဖွင့်ဟခဲ့ပါတယ်။
ညီမင်းဟန်(ဆန္ဒကူး)

မှတ်ချက်များ