အရပ်ပြဇာတ် ဇာတ်ဝင်ခန်းတွင် ယမ်းဖောက်ခွဲရာမှ ဓာတ်လိုက်သေဆုံး


မကွေးတိုင်းဒေသကြီး စလင်း မြို့နယ် သရက်ချဉ်ကျေးရွာ ''အာရုံခံပြည်တော်ပြန်'' ဘုရားပွဲ၌ အရပ်ပြဇာတ်ကပြနေသည့် ကိုမျိုး ကျော်ကျော် (၃၅ နှစ်)မှာ ပြဇာတ် ကပြနေရင်း သတိလစ်သွားသဖြင့် ဆင်ဖြူကျွန်း တိုက်နယ်ဆေးရုံသို့ ပို့ဆောင်စဉ် သေဆုံးသွားကြောင်း သိရသည်။

မေးမြန်းချက်အရ ပြဇာတ်၏သေနတ်မှန်သည့် ဇာတ်ဝင်ခန်း တွင် ဆေးနီအရည်ထည့်ထားသော ပူဖောင်းနှင့် ယမ်းထုပ်ကို ကိုမျိုး ကျော်ကျော်၏ ဝမ်းဗိုက်တွင်ချည်၍ ဒိုင်ဒေါင်းကုန်းကျေးရွာနေ သိန်းထွေး (၄၈ နှစ်)က နှစ်ပင်လိမ်ဝိုင်ယာကြိုးဖြင့် လျှပ်စစ်ရှော့ခ်တိုက် ဖောက်ခွဲရာ က ဓာတ်လိုက်သေဆုံးခဲ့ခြင်းဖြစ် ကြောင်းသိရှိရသဖြင့် အရေးယူ ပေးရန်တိုင်တန်းခဲ့၍ သိန်းထွေး အား ဆင်ဖြူကျွန်းနယ်မြေရဲစခန်း က အမှုဖွင့်ထားသည်။

Myanmaalinn

မှတ်ချက်များ