ဒီချုပ်ကိုယ်စားလှယ်များ မဟုတ်တာလုပ်ပါက အချင်းချင်းမို့ခွင့်လွှတ်မည် မဟုတ်ဘဲ ထောင်ချ အရေးယူမည်ဟု ဒေါ်အောင်ဆန်းစုကြည်ပြောကြား


အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အနိုင်ရကိုယ် စားလှယ်များမဟုတ်တာလုပ်ပါက ခွင့်လွှတ်မည်မဟုတ်ဘဲ တရားဥပဒေ အတိုင်း တိတိကျကျအရေးယူမည် ဟု ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစု ကြည်က အနိုင်ရကိုယ်စားလှယ်များနှင့် နိုဝင်ဘာ ၂၈ရက်ကတွေ့ဆုံရာ ၌ သတိပေးပြောကြားသွားခဲ့ကြောင်း သိရသည်။

''ကိုယ့်အချင်းချင်း မို့ မဟုတ်တာ လုပ်တာတွေကို ခွင့်လွှတ်လိမ့်မယ် မထင်ပါနဲ့။ တရားဥပဒေအတိုင်း တိ တိကျကျအရေးယူမယ်။ အဖွဲ့ချုပ် ကိုယ်စားလှယ်တွေထဲက မဟုတ်တာ လုပ်ရင်ထောင်ချပါမယ်။ဒါပေမဲ့ရဲဘော် ရဲဘက်တွေဖြစ်တဲ့ အတွက် ထောင် ဝင်စာ မှန်မှန်လာတွေ့ဖို့တော့ လူ လွှတ်ပေးပါ့မယ်လို့ အန်တီကပြော သွားပါတယ်''ဟု အဆိုပါအခမ်းအ နားသို့တက်ရောက်ခဲ့သည့် ကိုယ်စား လှယ်တစ်ဦးက ပြောသည်။

''အဓိကကတော့ လွှတ်တော် ကိုယ်စားလှယ်တွေ ရှေ့လာမယ့်လွှတ် တော်မှာ ဘယ်လိုလုပ်ရမယ်၊ ဘာ တွေပြင်ဆင်ထားရမယ်၊ ဘယ်လိုစိတ် ဓာတ်မျိုးထားရမယ်၊ ဘယ်လိုကြိုးစား ရမလဲဆိုတာ၊ လစာဖြတ်မယ်ဆိုတာ ဒဏ်ကြေးမဟုတ်ပါဘူး။ လစာဖြတ် တာပါ။ ကျွန်မတို့ ပထမနှစ်ကလည်း ဖြတ်တာပဲလေ၊ လစာအပြည့်အဝမ ရပါဘူး။ ပါတီအတွက်ရယ်၊ ပြည်သူ လူထုအတွက် ရယ်ဖြတ်တာ၊ အခု နောက်ပိုင်းဆိုလို့ရှိရင် ဝန်ကြီးတွေကို တစ်ဝက်ဖြတ်မယ်။ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တွေ ဆိုရင် နှစ်သိန်း ခွဲ၊ တိုင်းဒေသကြီးဆိုရင်တစ်မျိုးဖြတ် တယ်။ လွှတ်တော်ကိုယ်စားလှယ်လုပ် ပြီး မဟုတ်တာတွေ လုပ်နေမယ်ဆို ရင် ပြည်သူကမလုပ်ခင်မှာ ပါတီက ဦးဆောင်ပြီးလုပ်သွားမှာပေါ့။ အဲဒါတွေ အဓိကထားပြောသွားတယ်'' ဟု မင်္ဂ လာတောင် ညွန့်မြို့ နယ် ပြည်သူ့လွှတ် တော်ကိုယ်စားလှယ် ဒေါ်ဖြူဖြူသင်း က ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် အနိုင်ရပါတီကိုယ်စားလှယ်များတွေ့ ဆုံပွဲ၌ ကိုယ်စားလှယ်လောင်းများ အား ဒေါ်အောင်ဆန်းစုကြည် က ဩဝါဒစကားပြောကြားချိန်တွင် တက် ရောက်လာသည့် သတင်းမီဒီယာများ အားလုံးကို ခန်းမအပြင်ဘက်သို့ ထွက် ခွာခိုင်းခဲ့သောကြောင့် တက်ရောက် ခဲ့သည့်ကိုယ်စားလှယ်များထံမှ ဆက် သွယ်မေးမြန်းခဲ့ရခြင်းဖြစ်သည်။

''ပြည်သူနဲ့တစ်သားတည်းရှိဖို့ ကိုယ်စားလှယ်လောင်းတွေ စာဖတ် ကြဖို့၊ ပြီးတော့ ပတ်ဝန်းကျင်သန့်ရှင်း ရေးကို ကိုယ်ကစပြီး လုပ်ခိုင်းတယ်။ သက်ဆိုင်ရာကိုယ့်မြို့နယ်တွေမှာပေါ့။ ဥပမာ-အမှိုက်သိမ်းတဲ့ဟာတွေပေါ့။ အဲဒါမျိုးလုပ်ခိုင်းတာဗျ။ လစာကိစ္စက တော့ မြင့် သွားရင် ရာခိုင်နှုန်းအလိုက် ဖြတ်သွားမယ်လို့ပြောတယ်။ အခုလက် ရှိလည်း ပြည်သူ့လွှတ်တော်တွေကို ရာခိုင်နှုန်းနဲ့ ဖြတ်တာတွေရှိတယ်လေ။ ပြည်သူတွေအခက်အခဲဖြစ်နေတဲ့အ ချိန်မှာ ကိုယ်တွေက အလွန်အကျွံလ စာတွေခံ စားရတာ မျိုး၊ ပြည်သူတွေ ထက် အလွန်အကျွံအခွင့်အရေးယူ တာမျိုးမဖြစ်အောင်ပေါ့။ ပြီးတော့ ဖြတ်တဲ့လစာ ထဲကနေ ပြည် သူတွေအ တွက် အကျိုးရှိအောင်ပြန်သုံးမှာပေါ့။ ကျွန်တော်တို့ကို နှစ်သိန်းခွဲဖြတ်မယ်လို့ ပြောတယ်ဗျ။ ၂၅ရာခိုင်နှုန်းပေါ့။ စာမေး ပွဲစစ်မယ်ဆိုတာတော့ စာတွေဖတ် ကြဖို့။ ပြည်သူကိုအကျိုးပြုမယ်ဆိုရင် ဖွဲ့စည်းပုံအခြေခံဥပဒေက ကျွန်တော်တို့ အတွက် အရေးကြီးကြောင်း၊ ဖွဲ့စည်း ပုံအခြေခံဥပဒေကို ကြေညက်အောင် နားလည်ထားမှ ကျွန်တော်တို့က ပြော ပေးဆိုပေးလို့ရမှာ''ဟု သာကေတ မြို့နယ်မှ ပြည်သူ့လွှတ်တော် ကိုယ် စားလှယ် ဒေါက်တာ ဝေဖြိုးအောင် က ဒီမိုကရေစီတူဒေးသတင်းစာ သို့ ပြောသည်။

ယနေ့ဆွေးနွေးပွဲသို့ အနိုင်ရ ကိုယ်စားလှယ် ၄၀၀ ကျော်အား နံ နက်ပိုင်းနှင့် မွန်းလွဲပိုင်းတို့တွင် နှစ် သုတ်ခွဲ၍ တွေ့ဆုံ ခဲ့သည်။

TS - ‎Democracytoday‬

မှတ်ချက်များ