အာဆင်နယ်အသင်းသည် နော့ ဝှစ်ခ်ျနှင့် ယှဉ်ပြိုင်ကစားရန်အတွက် ရထား သို့မဟုတ် ကားဖြင့်သွားရန် အဆင်ပြေသော်လည်း လေယာဉ် ဖြင့် ၁၄မိနစ်ကြာခရီးနှင်ခဲ့မှုအပေါ် ပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့ များမှ ဝေဖန်ခဲ့ကြပြီးနောက် နည်းပြ အာစင်ဝင်းဂါးက လမ်းပြင်ဆင်မှု များကြောင့် ယာဉ်ကြောပိတ်ဆို့မှုများ ဖြစ်ပေါ်လာနိုင်၍ လေယာဉ်ဖြင့် ခရီးသွားရန် စီစဉ်ခဲ့ရခြင်းဖြစ်သည် ဟု ပြန်လည်တုံ့ပြန်သွားခဲ့သည်။
အာဆင်နယ်အသင်းသည် ၂၀၁၂ အောက်တိုဘာလတွင် စင်းလုံး ငှားလေ ယာဉ်ဖြင့် နော့ဝှစ်ခ်ျသို့သွား
ခဲ့ခြင်းကြောင့် ပတ်ဝန်းကျင်ထိန်း သိမ်းရေးအဖွဲ့၏ ဝေဖန်ခံခဲ့ရသော် လည်း ယခုတစ်ကြိမ်တွင်လည်း လေ ယာဉ်ဖြင့် ခရီးသွားရန်ဆုံးဖြတ်ခဲ့သည်။
''နော့ဝှစ်ခ်ျကို စနေနေ့ည ည စာစားအပြီး လေ့ကျင့်ရေးကွင်းကနေ လေ ယာဉ်နဲ့သွား ဖို့ စီစဉ်ထားပါ တယ်။ ဒီလို ဆုံးဖြတ်ရတာကတော့ သွားရာလမ်းတစ်လျှောက်မှာ လမ်း ပြုပြင်မှုတွေ ပြုလုပ်နေလို့ ရှောင်ရှား ချင်တာရယ်။ ယာဉ်ကြောပိတ်ဆို့မှု ကို ရှောင်ချင်တာရယ်ကြောင့်ပါ။ ခရီးစဉ်တိုင်းကို လေယာဉ်နဲ့အမြဲ သွားနေတာမဟုတ်ပါဘူး။ မဖြစ်မ နေမို့ ကား၊ ရထားမစီးရတာပါ''ဟု အာစင်ဝင်းဂါးက ပြောကြားခဲ့သည်။
အာဆင်နယ်အသင်းသည် လန် ဒန်လူတန်မှ နော့ဝှစ်ခ်ျကာရိုးလ်လမ်းအထိ မိုင် ၁၀၀ ခရီးစဉ်ကို လေယာဉ်ဖြင့် ၁၄မိနစ်ကြာခရီးနှင့်ရမည်ဖြစ်သည်။
AST - Democracytoday

မှတ်ချက်များ