လိင်အကြောင်းပြောခြင်းက ကျန်းမာရေးအန္တရာယ် နည်းပါးစေ


ဆယ်ကျော်သက်တွေ မွေးဖွားထားတဲ့ မိဘတွေအနေနဲ့ မိမိရဲ့ကလေးတွေကို လိင်အကြောင်း ပြောပြပေးခြင်းဟာ လိုအပ်ပြီး မလိုလားအပ်တဲ့ အန္တရာယ်တွေ မဖြစ်လာစေဖို့ကို အကူအညီဖြစ်တယ်လို့ မကြာသေးမီက လေ့လာမှု တစ်ရပ်အရသိရပါတယ်။

အရွယ်ရောက်စ လူငယ်တွေကြားမှာ အန္တရာယ်ရှိ လိင်ပိုင်း အပြုအမူတွေဟာ ဆိုးရွားလှတဲ့ ပြည်သူ့ကျန်းမာရေးပြဿနာ တစ်ခု ဖြစ်နေပါတယ်။ မလိုလားတဲ့ ကိုယ်ဝန်ဆောင်ခြင်း၊ လိင်ပိုင်းအရ ကူးစက်ရောဂါများ ရလာခြင်း စတဲ့ အန္တရာယ်တွေ ဖြစ်လာလို့ပါပဲ။

မိဘတွေနဲ့ လူငယ်တွေကြား စကားပြောဆိုပေးခြင်းက အချက်အလက်တစ်ခု ဖြစ်ပါတယ်။ သန္ဓေတားဆေးသုံးတာ၊ ကွန်ဒုံးသုံးတာ စသဖြင့် လိင်ပိုင်းဆိုင်ရာ ဗဟုသုတအကြောင်းတွေ ပြောပြပေးတာက ဆယ်ကျော်သက်တွေမှာ ပိုမိုစိတ်ချရတဲ့ လိင်အပြုအမူတွေဆီ အပြုသဘောဆောင်လာစေပါတယ်။

မိဘတွေမှာ တိကျသေချာတဲ့ ဗဟုသုတ မရှိတာ၊ ပြောပြဖို့ကို ရှက်နေတာ စတဲ့အချက်တွေကြောင့် ဒီလို ပွင့်ပွင့်လင်းလင်း ဆွေးနွေးတိုင်ပင်မှုတွေက အမြဲတမ်းတော့ ဖြစ်မလာပါဘူး။

“လိင်ကိစ္စနဲ့ပတ်သက်ပြီး ပြောဆိုဆွေးနွေးတာက မိဘကိုရော သားသမီးကိုပါ စိတ်မသက်မသာ ဖြစ်စေပါတယ်။ ဒါပေမဲ့ ဒီလိုပြောပေးခြင်းက ဆယ်ကျော်သက်တွေကို ပိုလုံခြုံစိတ်ချရစေပြီး ကျန်းမာရေးကို မထိခိုက်စေမယ့် ဆုံးဖြတ်ချက်တွေ ချလာနိုင်စေတယ်။” လို့ ဦးဆောင်သုတေသီ လက်ထောက်ပါမောက္ခ Laura Widman ကပြောပြခဲ့ပါတယ်။

Skyler - သစ်ထူးလွင်
Ref: University Herald

မှတ်ချက်များ