အမေရိကမှာ ပျော်တဲ့ အမေရိက ရောဂါစွဲကပ်ခဲ့တယ်ဆိုတဲ့ PSY
ကိုရီးယား နိုင်ငံ က ကမ္ဘာကျော် ရက်ပ်အဆိုတော် PSY ဟာ Naver ရုပ်သံလိုင်းရဲ့ V အစီအစဉ်မှာ ပါဝင်ခဲ့ပြီး မကြာခင်ထွက်ရှိတော့မယ့် သူ့ရဲ့ ၇ခွေမြောက် အယ်လ်ဘမ် နဲ့ ပတ်သက်ပြီး ဖွင့်ဟပြောပြခဲ့သလို သူ့ရဲ့ Gangnam Style ဆိုတဲ့ သီချင်းနဲ့ အတူ အမေရိကန် ပြည်ထောင်စု အထိ ရောက်ရှိခဲ့တဲ့အကြောင်းတွေကို ဖွင့်ဟ ပြောပြခဲ့ပါတယ်။
အခုလို အချိန်များစွာ ကြာတော့မှ ၇ ခွေမြောက် အယ်လ်ဘမ် ကို ထုတ်လုပ်ဖြစ်ခဲ့တာနဲ့ ပတ်သက်ပြီး PSY က "၇ခွေမြောက် အယ်လ်ဘမ်ရဲ့နာမည်က 7th Album Cider ပါ။ ဒါဟာ လူတိုင်းအရက်သောက်တဲ့နေရာမှာ ဖျော်ရည်တစ်ခုရဲ့ အာဘော်ပါပဲ။ ဒါဟာ ငါ့အတွက် မူလပုံစံကို ရှာဖွေခဲ့တဲ့ ကြိုးစားအားထုတ်မှု တစ်ခုပါ" လို့ ဆိုပါတယ်။
သူ့ကို အွန်လိုင်းက တဆင့် မကောင်းမြင်ဝေဖန်နေသူတွေရဲ့ ကွန်မန့်တွေနဲ့ ပတ်သက်ပြီးတော့လည်း "ငါ အဲဒီကွန်မန့်တွေကို ဖတ်ပြီးတဲ့အခါမှာတော့ ငါစဉ်းစားမိလိုက်တာက တစ်ခါမှာ ချီးမွမ်းမခံရဖူးတဲ့ လူတစ်ယောက်ဟာ ချီးမွမ်းမှုတွေ စတင်ရရှိလိုက်တဲ့အချိန်မှာ သူဟာ ရူးသွပ်သွားပါတယ်" လို့ ပြောပြခဲ့ပြီး သူ့အနေနဲ့ Gangnam Style သီချင်းနဲ့ ရရှိလာခဲ့တဲ့ အောင်မြင်မှု ၊ ချီးမွမ်းခံရမှု တွေကို အာရုံနောက်နေပြီဖြစ်တဲ့အကြောင်းကို ပြောပြခဲ့ပြန်ပါတယ်။
သူဟာ Gangnam Style သီချင်းနဲ့ အမေရိက မှာ အောင်မြင်မှု ရခဲ့ပြီးတဲ့နောက် အမေရိကန် ပြည်ထောင်စုမှာလည်း ရက်ပေါင်းများစွာ သွားရောက်နေထိုင်ခဲ့ပါသေးတယ်။ ထို အချိန်ကာလ အကြောင်းတွေကိုလည်း PSY ကပြန်လည် ပြောပြခဲ့သလိုပဲ သူ့အနေနဲ့ အမေရိကန် မှာ ပျော်တဲ့ အမေရိကန် ရောဂါ စွဲကပ်နေတာကြောင့် အခုလို ၇ ခွေမြောက်အယ်လ်ဘမ်ကို ပြန်လည်ထုတ်လုပ်ဖို့ အချိန်ပိုကြားသွားခဲ့တယ်လို့ ဆိုပါတယ်။
PSY ရဲ့ ၇ခွေမြောက် တစ်ကိုယ်တော် အယ်လ်ဘမ်ဖြစ်တဲ့ "7th Album Cider" ဟာ ဒီဇင်ဘာ ၁ ရက်နေ့မှာ ကိုရီးယားနိုင်ငံအတွင်း စတင်ထွက်ပေါ်လာတော့မှာ ဖြစ်ပါတယ်။
Mario - Trend Myanmar

မှတ်ချက်များ