ကျောရိုးအလွန်ကောက်ကွေးနေတာကြောင့် သာမန်ဘ၀နဲ့ နေနိုင်ဖို့ အသက်နဲ့ ရင်း ခွဲစိတ်ရမယ့် မိန်းကလေး


အိန္ဒိယလူမျိုးမိန်းကလေးတစ်ယောက်ဟာ သူမရဲ့အလွန်ကောက်ကွေးနေတဲ့ ကျောရိုးကို တည့်မတ်ခွဲစိတ်ဖို့ အတွက် သူမအသက်နဲ့ လေဖြတ်နိုင်ခြေကိုပါ ရင်းသွားရမှာ ဖြစ်ပါတယ်။

အသက် ၁၇ နှစ်အရွယ်၊ Pretti Kumari Rai ဟာ ၀မ်းတွင်းပါကျောရိုးကောက်မှုနဲ့  ကိုယ်လက်အင်္ဂါ ချို့ ယွင်းမှု ကို ခံစားနေရကြောင်း အသက် ၈ နှစ်အရွယ်မှာ စတင်ရောဂါရှာတွေ့ ခဲ့တာဖြစ်ပါတယ်။

New Delhi မြို့ က ဆေးရုံအများအပြားက ဆရာဝန် ၁၀ ယောက်ကျော်လုံးက သူတို့ ဘာမှ မလုပ်ပေးနိုင်ကြောင်း ငြင်းဆိုခဲ့ပြီနောက်၊ အခုအခါ ကလေးမလေးဟာ သူမရဲ့ ကျောရိုးကောက်မှုကို ပြန်တည့်မတ်ပေးမယ့် ခွဲစိတ်ဆရာဝန်တစ်ဦးကို ရှာတွေ့ သွားပြီဖြစ်ပါတယ်။

သူမဟာ ဒီခွဲစိတ်မှုမှာ အသက်ဆုံးရှုံးရနိုင်ခြေရှိသလို၊ ခွဲစိတ်ပြီးနောက် မလှုပ်ရှားနိုင်တော့မျိုး ဖြစ်နိုင်ပေမယ့် သူမကတော့ သာမန်လူသားဘ၀တစ်ယောက်မှာ နေချင်ပြီး တစ်နေ့ မှာ အစိုးရ၀န်ထမ်းလုပ်ဖို့ မျှော်လင့်ချက်နဲ့  ဒီအန္တရာယ်တွေကို စွန့် စားရင်ဆိုင်သွားဖို့ ဆုံးဖြတ်ချက်ချခဲ့ပါတယ်။

“ သမီး ခွဲစိတ်ဖို့ အရမ်းရင်ခုန်နေပါတယ်။ ကြောက်လန့် ပြီးစိတ်လှုပ်ရှားတာမျိုးမရှိပါဘူး။ ဒီ အန္တရာယ်တွေကို သမီး လိုလိုလားလားရင်ဆိုင်သွားဖို့ လည်း ဆရာဝန်တွေကို ပြောပြီးပါပြီ။ အကြောသေနိုင်မယ့် အန္တရာယ်ကိုလည်း မကြောက်ပါဘူး” လို့ သူမက ဆိုပါတယ်။

New Delhi မြို့ အပြင်ဘက်မှာနေထိုင်သူ Preeti ဟာ ပျော်ရွှင်စရာကောင်းတဲ့ကလေးဘ၀ကို ပိုင်ဆိုင်ခဲ့ရပေမယ့် အသက် ၈ နှစ်အရွယ်ကစ ခါးကိုင်းလာကာ၊ ကျောရိုးက ကောက်ကွေးလာခဲ့တာဖြစ်ပါတယ်။

အသက် ၄၅ နှစ်အရွယ် Preeti ရဲ့အဖေဖြစ်သူ Dilip Rai နဲ့ အသက် ၄၀ အရွယ် အမေ Meena Devi တို့ ဟာ သားလေးယောက်လုံး အဖတ်မတင်ခဲ့ဘဲ သမီးဖြစ်သူကလည်း ကျန်းမာရေးဆိုးရွားတဲ့လက္ခဏာတွေ ပြလာတဲ့ အခါ အရမ်းကြေကွဲဝမ်းနည်းခဲ့ရတယ်လို့ ဆိုပါတယ်။

Delhi တက္ကသိုလ်နဲ့ Karnataka တက္ကသိုလ်တို့ မှာ နိုင်ငံရေးပညာရပ်ကို သင်ကြားပြီး တစ်နေ့ မှာ နိုင်ငံရေးသမား တစ်ယောက်လုပ်ဖို့ ရည်မှန်းထားတဲ့ Preeti ဟာ နောက်လထဲ ခွဲစိတ်မှုခံယူဖို့ အတွက် ပြင်ဆင်လျက်ရှိတယ်လို့ သိရပါတယ်။

Ye Wint - သစ်ထူးလွင်
Ref : Dailymail

မှတ်ချက်များ