လိပ်ဥ မှောင်ခိုကူးတဲ့ လင်မယား နှစ်ဦး ထောင်ဒဏ်နှစ် ၅၀နဲ့ ကန်ဒေါ်လာ တစ်သန်းစီ ပေးဆောင်ရဖွယ်ရှိနေ
အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယား ပြည်နယ်က ဇနီးမောင်နှံ နှစ်ဦးဟာ ပင်လယ် လိပ်ဥ မှောင်ခိုကူးမှုကြောင့် ထောင်ဒဏ် နှစ် ၅၀ နဲ့ အမေရိကန် ဒေါ်လာ ၁သန်း ဒဏ်ငွေ ပေးဆောင်ရဖို့ ရှိနေပါတယ်။ မျိုးသုန်း ပျောက်ကွယ်မယ့် အန္တရာယ် ရင်ဆိုင်နေရတဲ့ ပင်လယ်လိပ်ရဲ့ ဥ အလုံးရေ ၉၀၀ ကို မက္ကဆီကိုနိုင်ငံထံ ခိုးထုတ်ဖို့ ကြိုးစားတယ်လို့ သံသယ ရှိတာကြောင့် အိုဂါနဲ့ ဂျို့စ်လို့ အမည်ရတဲ့ လင်မယားကို အမေရိကန် အာဏာပိုင်တွေက ဖမ်းဆီး ထိန်းသိမ်းခဲ့တာပါ။
အမေရိကန် တရားစီရင်ရေး ဌာနက သူတို့ နှစ်ဦးကို စွဲချက် လေးခု တင်ထားပြီး အဲဒီ စွဲချက် အားလုံးနဲ့ အရေးယူခံရမယ်ဆိုရင် အများဆုံး ထောင်ဒဏ် နှစ် ၅၀၊ ဒဏ်ငွေ တစ်သန်းစီ ပေးဆောင်ရဖို့ ရှိနေပါတယ်။ ကာမ အားတိုးစေတယ်လို့ ယုံကြည်တာကြောင့် အာရှနိုင်ငံတွေမှာ လိပ်ဥတွေကို စားသုံးနေကြပြီး မှောင်ခိုဈေးကွက်မှာ လိပ်ဥ တစ်လုံးကို အမေရိကန် ဒေါ်လာ ၃ ဒေါ်လာကနေ ၅ ဒေါ်လာအထိ ပေးရတယ်လို့ သိရပါတယ်။
Nz (ရိုးရာလေး)

မှတ်ချက်များ