တရုတ်နိုင်ငံမှာ သန်းကြွယ်သူဌေးတွေရဲ့ ချမ်းသာကြွယ်ဝကြောင်းပြယုဂ်က ဘာဆိုတာ သတ်မှတ်ဖို့ ခက်ခဲပါတယ်။ ပထမဆုံး ရွက်လှေတွေ ၀ယ်မယ်၊ ပြီးရင် ကိုယ်ပိုင်ဂျက်လေယာဉ်တွေ ၀ယ်မယ်၊ ခုတော့ ကိုယ်ပိုင် ကျွန်းတွေဘက်ကို အာရုံပြောင်းလာကြပါပြီ။
တရုတ်နိုင်ငံတောင်ပိုင်း ဂွမ်ဒေါင်က အောင်မြင်တဲ့ စွန့်ဦးစီးပွားရေးလုပ်ငန်းရှင် လင်ဒေါင် လို ပုဂ္ဂိုလ်မျိုးကို “ကျွန်းများရှင်” လို့ ခေါ်ရတော့မှာပါပဲ။ လင်ဒေါင်ဟာ ၁၉၉၀ပြည့်လွန်နှစ်များအတွင်း တရုတ်စတော့ဈေးကွက်ကို ကစားပြီး ၀င်ငွေများစွာရရှိခဲ့ပါတယ်။ အဲ့ဒီ့နောက်တော့ ဆေးဘက်သုံးပစ္စည်း ကုမ္ပဏီတစ်ခုကို တည်ထောင်ခဲ့ပါတယ်။ သူဟာ ၁၉၉၉ခုနှစ်မှာ စိုက်ပျိုးရေးလုပ်ငန်းလုပ်ဖို့ ကျွန်းတစ်ကျွန်းကို ၀ယ်ခဲ့တယ်ဆိုပေမယ့် အပန်းဖြေဖို့အတွက် ကျွန်းကို စတင်ဝယ်ယူခဲ့တာကတော့ ၂၀၀၆ခုနှစ်မှာပါ။
“၂၀၀၆ခုနှစ်ကစပြီး လှပတဲ့ ရှုခင်း၊ ကမ်းခြေတွေပါတဲ့ ကျွန်းတွေ ၀ယ်ယူခြင်းအပေါ် ကျွန်တော် အာရုံထားခဲ့ပါတယ်။ ဒီလိုနဲ့၊ အားလပ်ရက် အပန်းဖြေဖို့အတွက် အဲ့ဒီ့ကျွန်းတွေပေါ်မှာ အိမ်တွေ ဆောက်လုပ်နိုင်ခဲ့ပါတယ်။ ကျွန်တော် ပိုင်တဲ့ ကျွန်းတွေအနက် ၂၀လောက်က ရေကန်ကြီးတွေပေါ်မှာရှိပြီး ကျန် ၁၀ခုကျော်ကျော်ကတော့ ကျွန်းဆွယ်တွေပေါ်မှာပါ။” လို့ လင်ဒေါင်က ပြောပြခဲ့ပါတယ်။
လင်ဒေါင်ဟာ သူ့ရဲ့ ကျွန်းတွေ ၀ယ်ယူဖို့ အတွက်ကို စတာလင်ပေါင် ၃ ဒဿမ ၁၆ သန်းကို သုံးစွဲခဲ့ပါတယ်။ သူဟာ ကမ္ဘာတလွှားက ကျွန်းတွေကို ၀ယ်ယူဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ တရုတ်နိုင်ငံရဲ့ ပထမဦးဆုံး “ကျွန်းပိုင်ရှင်များ” အသင်းကိုလည်း ထူထောင်ခဲ့ပြီး အထက်တန်းလွှာ အသိုင်းအ၀ိုင်းက အဖွဲ့ဝင်ပေါင်း ၅၀ ပါဝင်တယ်လို့လည်း သိရပါတယ်။

မှတ်ချက်များ