ပေါင်ဆယ်ဘီလီယံ တန်ဖိုးရှိ ကျည်ဆန်ရထားပြေးဆွဲမယ့် အစီအစဉ်တွေကို ထုတ်ပြန်လိုက်တဲ့ အိန္ဒိယ


ဗြိတိန်နိုင်ငံကနေ အကူအဘီပေးခဲ့တဲ့ ကျည်ဆန်ရထားတွေကို လက်ရှိရထားတွေနေရာမှာ အစားထိုးမယ့်အစီအစဉ်ကို အိန္ဒိယအစိုးရက ထုတ်ပြန်လိုက်ပါတယ်။ အခုအစီအစဉ်ဟာ ပေါင်ဆယ်ဘီလီယံတန်ဖိုးရှိပြီး တစ်နာရီကို မိုင်နှစ်ရာနှုန်းနဲ့ ပြေးဆွဲနိုင်မယ့် ‘Shinkansen’ အမည်ရ ကျည်ဆန်ရထားတွေကို ဂျပန်နိုင်ငံကနေ ဝယ်ယူထားလိုက်ပြီဖြစ်တယ်လို့ သိရပါတယ်။

အိန္ဒိယကတော့ ဒီကျည်ဆန်ရထားတွေ ပြေးဆွဲနိုင်ဖို့ ၃၂၅ မိုင် ရှည်တဲ့ မီးရထားလမ်းသစ်တွေကို တည်ဆောက်ထားပြီးဖြစ်ပြီး နိုင်ငံရဲ့ အနောက်ကမ်းရိုးတန်း မြို့တော် မွမ်ဘိုင်းကနေ နိုင်ငံရဲ့ မြောက်ဘက် အမက်ဘဒဒ်မြို့အထိ ပြေးဆွဲသွားမှာဖြစ်ပါတယ်။ ဒီခရီးဟာ ရိုးရိုးရထားတွေနဲ့ဆိုရင်တော့ ရှစ်နာရီကြာမြင့်မှာဖြစ်ပေမယ့်လည်း အခုလိုကျည်ဆန်ရထားပြေးဆွဲမယ်ဆိုရင်တော့ နှစ်နာ၇ီသာ ကြာမြင့်တော့မှာလည်းဖြစ်ပါတယ်။

မှတ်ချက်များ