ငလျင်နှစ်ကြိမ် လှုပ်ခတ်မှုကြောင့် စစ်ကိုင်းတိုင်းအတွင်း စေတီတစ်ရာကျော် ပျက်စီး


စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်ခရိုင် ကနီမြို့နယ်ထဲတွင် နိုဝင်ဘာ ၂၇ ရက်ကငလျင်နှစ်ကြိမ် လှုပ်ခတ်မှုကြောင့် ဘုရားစေတီတော် အဆူတစ်ရာ ပျက်စီးခဲ့ကြောင်းယင်းမာပင်ခရိုင် အုပ်ချုပ်ရေးမှူး ဦးဇော်မျိုးညွန့်ထံမှ သိရှိရသည်။

အဆိုပါ ငလျင်သည် အင်အား ၅ ဒသမ ၄ အဆင့်ရှိပြီး ငလျင် နှစ်ကြိမ် လှုပ်ခတ်သွားခဲ့ခြင်းဖြစ်သည်။

"ကျေးရွာတွေထက် မြို့ပေါ်က ပိုပြီး အပျက်အစီး များပါတယ်။ ဒါပေမဲ့ ကြီးကြီးမားမား ပျက်စီးတာ ၁၀ ဆူလောက်ပဲ ရှိပါတယ်။ ရွာတွေဘက်က ဒီနေ့စာရင်းတက်လာတာရောဆို ထီးတော်ယိုင်တာ စေတီလုံးကြီး အက်ကွဲတာ စိန်ဖူးတော်မြေခတာ အားလုံး ၉၉ ဆူလောက် ရှိပါတယ်"ဟု ယင်းမာပင်ခရိုင် အုပ်ချုပ်ရေးမှူး
ဦးဇော်မျိုးညွန့်က ပြောသည်။

ကနီမြို့နယ် ယင်းမာပင်မြို့နယ် မုံရွာမြို့၏ အနောက်မြောက် ၃၅ မိုင်အကွာဗဟိုပြု၍ ငလျင်နှစ်ကြိမ် လှုပ်ခတ်ခဲ့ခြင်း ဖြစ်သည်။

"ကြီးကြီးမားမား ပျက်စီးတဲ့အထဲက ကနီမြို့ပေါ် ရွှေမြင်းဖြူတောင်ပေါ်က စေတီသုံးဆူတော့ အလှူရှင် ရှိသွားပါပြီ။ အလှုရှင်တွေအနေနဲ့ ငလျင်ကြောင့်ပျက်စီးသွားတဲ့ စေတီတွေကို လှုဒါန်းချင်တယ်ဆိုရင် ကနီထွေအုပ၊် ယင်းမာပင်ထွေအုပ်ရုံးတို့မှာ လှူဒါန်းနိုင်ပါတယ်"ဟု ကနီးမြို့ ထွေအုပ်ရုံး ဒုတိယ ဦးစီးမှူး
ဦးအောင်ထွန်းနိုင်က ပြောသည်။

မုံရွာမြို့၏ အနောက်ဘက် ၃၅ အကွာ ဗဟိုပြု၍ ညနေ ၃း၅၀ မိနစ် နှင့် ညနေ၆း၃၀ အချိန်တို့တွင် ငလျင်နှစ်ကြိမ် အသီးသီးလှုပ်ခတ်ခဲ့ခြင်းသည်။

သတင်း - MMK
photo - Tuntun Win FB
The Ladies News Journal

မှတ်ချက်များ