ညအိပ်ချိန် facebook သုံးခြင်းက ဆယ်ကျော်သက်တွေရဲ့ စာမေးပွဲအမှတ်ကို ၂၀ရာခိုင်နှုန်းကျဆင်းစေ
အိပ်ရာမဝင်ခင်မှာ ဖုန်းတွေဝေးဝေးထားဖို့ ဆယ်ကျော်သက်တွေကို ပြောရတာ အာပေါက်နေပြီလား။ လူမှုကွန်ပေါ်မှာ သူငယ်ချင်းတွေနဲ့ အိပ်ရာမဝင်ခင် chatting ဝင်နေတာဟာ ဆယ်ကျော်သက်တွေအပေါ် သက်ရောက်မှုတွေရှိတဲ့အတွက် မိဘတွေအနေနဲ့ စိုးရိမ်ပူပန်ခွင့်ရှိတယ်ဆိုတာကို ပြောပြပေးလိုက်ပါ။
အိပ်ရာဝင်ချိန် မိနစ်၃၀လောက် Facebook လိုမျိုး ဝဘ်ဆိုဒ်ဝင်ကြည့်နေတာဟာ ဆယ်ကျော်သက်တွေအနေနဲ့ အတန်းထဲမှာ စာကောင်းကောင်းမလုပ်တော့ဘူးလို့ လေ့လာမှုတစ်ရပ်က ရှာဖွေတွေ့ရှိခဲ့ပါတယ်။
ဒီလေ့လာမှုကို လန်ဒန်တက္ကသိုလ်မှ သုတေသီတွေက ပြုလုပ်ခဲ့တာဖြစ်ပြီး ဒီလိုဖြစ်ရခြင်းဟာ ဦးနှောက်ကို အလွန်အကျွံ လှုံ့ဆော်တဲ့အတွက် ကြောင့်ဖြစ်တယ်လို့ ဆိုပါတယ်။ အိပ်ရာဝင်ချိန်မှာ အင်တာနက်သုံးတဲ့အတွက်လည်း အိပ်ရခက်ခဲလာပါတယ်။
အသက် ၁၆ နှစ်ကနေ အသက် ၁၉နှစ်ကြား ဆယ်ကျော်သက်တွေရဲ့ ၇၀ရာခိုင်နှုန်းဟာ အိပ်ရာမဝင်ခင် လူမှုကွန်ရက်သုံးကြတယ်လို့ ဆိုပြီး သူတို့ဟာ GCSE နဲ့ A-level စာမေးပွဲတွေမှာ အမှတ် ၂၀ရာခိုင်နှုန်း လျော့ရကြတယ်လို့ သိရပါတယ်။
Skyler - သစ်ထူးလွင်
Ref:Daily Mail

မှတ်ချက်များ