ခြံနံပါတ် ၅၄ မှ ပေးပို့လာသည့် ကွတ်ကီးလေးတစ်ချပ်
လူတိုင်းနီးပါး ကွတ်ကီးလေးတွေတော့ စားဖူးကြမှာပါ
ကျွန်တော်လဲ တော်တော်များများ စားဖူးခဲ့ပါတယ် ။
ဒါပေမယ့် ………..စားနေကျမဟုတ်တဲ့ ကွတ်ကီးလေး တစ်ချပ်ကို ကျွန်တော် စားဖူးခဲ့တယ်ဗျာ
ကျွန်တော့စာရလေး ဆုံးအောင်ဖတ်ကြည့်ပေးစေချင်ပါတယ်
ကျွန်တော်စားခဲ့ဖူးတဲ့ကွတ်ကီး က ဘယ်လိုကွတ်ကီးလဲဆိုတာ သိပါလိမ့်မယ်
လွန်ခဲ့တဲ့ ၂၀၀၉ ၂၀၁၀ ခုနှစ်လောက်ကပေါ့
အဲ့ဒီအချိန်တုန်းက ကျွန်တော်က Hotel ကြီးတခုမှာ တာဝန်ထမ်းဆောင်နေတာပေါ့ဗျာ
ကျွန်တော့dutyက မနတ်လင်းအားကြီး ၂း၀၀ မှ ၁၀း၀၀ နာရီထိဖြစ်ပါတယ်
တနေ့ ကျွန်တော်တို့ ပုံမှန်တာဝန်ထမ်းဆောင်ပြီး ပြန်ခါနီး ၉း၃၀လောက် မှာ မုန်ရောင်းတဲ့ ကောင်တာ ကနေ ဖုန်းဆတ်လာတယ်
Bread side က တာဝန်အရှိဆုံး လူတယေညက်နဲ့ တွေ့ချင်ပါတယ်တဲ့
ကျွန်တော်သိလိုက်ပြီ …………ဧည့်သည် Complain ဆိုတာကို
Counter ရောက်တော့ ဆံပင်ကျောအလယ် လောက်ထိရှည်တဲ့ အသက်၅၀အရွယ်ယောင်္ကျားတယောက် ရှိနေပါတယ်
မုန်ရောင်းတဲ့ ဝန်ထမ်းကောင်မလေး ( မသန္တာ လို့ထင်ပါတယ် ) က
” ဒီမှာ Bakery chef ရောက်လာပါပြီ ” လို့ ဧည့်သည်ကိုပြောလိုက်ပါတယ်
အဲ့ဒီအခါ ဆံပင်ရှည်နဲ့ လူက ကျွန်တော့ ဘက်ကို လှည့်ကြည့်ပြီးး
” ဒီလိုကွာ ညီလေး ကို မနေ့က bread နှစ်မျိုး ဝယ်သွားတယ်
အိမ်ပေါက်ရောက်လို့ လုံခြုံရေးတွေက စစ်တော့ မှ Bread ၂မျိုးလုံးရဲ့ အောက်ခြေမှာ မှိုတတ်နေတာ သိရတာ
ဒီလို 5 star hotel ဖြစ်ပြီးတော့ မှိုတတ်နေတာ ရောင်ရသလား လို့မေးကြတယ်
အဲ့ဒီအချိန် မှာပဲ ခြံထဲမှာ လမ်းလျှောတ်နေတဲ့ အမ (ဒေါ်စု )က ဘာဖြစ်တာလည်း ဆိုပြီး ရောက်လာတယ်
ဖြစ်ကြောင်းကုန်စင် ရှင်းပြလိုက်တော့ မှ
အေးလေ ….သူတို့က 5 star hotel ဖြစ်ပြီးတော့ မှိုတတ်တာတွေရောင်းရသလား …… သွားပြန်လဲချေ လို့ပြောလိုက်လို့ အကိုပြန်လာရတာဘဲ လို့ ကျွန်တော့ ကို ရှင်းပြတယ်
ကျွန်တော်ဘာ မှန်း ကိုမသိဘူး …………သူပြောတဲ့ အမဆိုတာ ဘသူမှန်းလဲ မသိဘူး
အဲ့ဒီအချိန်မှာ မုန့်ရောင်းတဲ့ ကောင်မလေး
”ဒီအကို က ဒေါ်အောင်ဆန်းစုကြည် ရဲ့ အဝယ်တော်ပါ ဒေါ်စု နေအိမ်အကျယ်ချုပ် ကျနေချိန်မှာ
ဒီအကိုတယောက်ပဲ နေ့စဉ်ဈေးဝယ်ခွင့် ဝင်ထွက်ခွင့် ရတာ လေ ” လို့ ကျွန်တော့ ကို ပြောလိုက်တော့
အကိုဝယ်သွားတဲ့ bread ကိုကြည့်ပါရစေ လို့ပြောပြီး ကြည့်လိုက်တော့မှ
သူတို့ထင်သလို မှိုတတ်နေတာ မဟုတ်ဘဲ ဂျုံမှုန့်တွေ ဖြစ်နေတာကို တွေ့ရတော့တယ်
ကျွန်တော်လဲ အဲ့ဒီအကို ကို
” အကိုရေ ဒါမှိုတတ်နေတာ မဟုတ်ပါဘူး …. ဂျုံတွေပါ
ကျွန်တော်တို့ breadတွေ ဖိုထဲ ထည့်တဲ့အခါ သစ်သားယောင်းမအကြီးကြီးပေါ်တင်ပြီး မှ ဖိုထဲကို ထည့်ကြပါတယ်
အဲ့ဒီလိုထည့်တဲ့အခါ မှာ Bread နဲ့ ယောင်းမကြီး ကပ်မနေအောင်လို့ ကြားမှာ ဂျုံမှုန့်ဖြူးပြီးထည့် မှ အဆင်ပြေတာပါ
အဲ့ဒီကြားခံဖြူးထားတဲ့ ဂျုံမှုန့်လေးတွေဟာ breadတိုင်းလိုလိုမှာ ကပ်ကျန်နေတတ်ပါတယ်
အန်တီစုအတွတ် အကိုဝယ်သွားတဲ့ bread တွေက မှိုတတ်တွေ မဟုတ်ပါဘူး ယုံယုံကြည်ကြည် စားသုံးပါ
ဘာတခုမှ မဖြစ်ဘူးဆိုတာ ကျွန်တော်တာဝန်ယူပါတယ် လို့ပြောလိုက်ပါ
အဲ့ဒီအခါမှ ဆံရှည်အကို ရဲ့ မျတ်နှာကြည်လင်လာပြီးတော့
sorry ညီလေးရာ အကိုလည်း လုံခြုံရေးတွေပြောတာနဲ့ ….ထင်သွားတာပါ
ဒီအကြောင်းကို အမ (ဒေါ်စု )ကိုလည်း သေချာရှင့်းပြလိုက်ပါ့မယ်
အမ(ဒေါ်စု ) က သူကိုယ်တိုင်လည်း မုန့်လုပ်တတ်တယ်လေ
ညီလေးတို့ ဆီက bread တွေကို သူက အရမ်းကြိုတ်လို့
တပတ်၂ကြိမ်လောက် အပတ်တိုင်း ဝယ်ခိုင်းနေကြ ။
အကို …..သေချာချာရှင်းပြလိုက်ပါ့မယ်
ဒီချိန်မှာ ….. ကျွန်တော် က
” အကို့ ကို ညီလေး တခုလောက်တောင်းဆိုချင်ပါတယ် ” လို့ ပြောလိုက်တော့
ပြောပါညီလေး ….., အကို အန်တီစု့ အတွက် ဝယ်သွားတဲ့ bread တွေကို ဒီနေ့မှ စရောင်းမယ့် အသစ်လုပ်ထားတဲ့ cheddar cheese bread လေး နဲ့ လဲသွားပါလား ခင်ဗျာ လို့ပြောလိုက်တော့
ဟုတ်ပြီ …….. ညီလေး
ဝယ်ထားတဲ့ bread တွေလည်း ယူမယ် အသစ်ရောင်းမယ့် ဒီbreadလေးလည်း ယူသွားမယ်
အမ (ဒေါ်စု ) က မင်းတို့ bread တွေ တစ်လ တမျိုး မရိုးရအောင် ထုတ်နေတာကို စိတ်ဝက်စားတယ်လို့ ပြောတယ် …….. ဆိုပြီး
ကျွန်တော်ပေးတဲ့cheddar cheese bread လေးကိုပါဝယ်သွားတယ်
ဒီလို နဲ့ တရတ်နှစ်ရက်လောက်ကြာတော့
ကျွန်တော်တို့ duty ဝင်ဝင်ချင်း စားပွဲပေါ်မှာ for bakery ဆိုပြီး ပန်းကန်ပြားတခု ထဲမှာ ထည့်ထားတာကို တွေ့တယ်
ကျွန်တော်လည်း ဘာComplain လာပြန်ပြီလည်း ဆိုပြီး ဖွင့်ကြည့်လိုက်တော့ Butter cookie လေးတချပ် …….
ဒီကွတ်ကီး က ကျွန်တော်နဲ့ မဆိုင်ဘူး …… ကျွန်တော်တို့ Side က လုပ်တာလည်း မဟုတ်ဘူး
ဘာ့ကြောင့် For bakery ဆိုပြီး တပ်ထားရတာလဲ …….
နောက်ပြီး ကွတ်ကီး ကလည်း တချပ်ထဲ ……..
ကျွန်တော်ပြန်အုပ်ပြီး သိမ်းထားလိုက်တယ် ….. မနတ်လူတွေ လာမှ မေးမယ်ပေါ့
ဒါနဲ့ ကျွန်တော်လည်း ကိုယ့်အလုပ်ကိုလုပ်ရင်း မေ့သွားတယ်ပေါ့ 
မနတ်ခြောက်နာရီခွဲလောက် မှာ မုန့်ရောင်းဖို့ မုန့်လာယူနေကြ ကောင်မလေး က
” အကို ….. မနေ့က ပို့လိုက်တဲ့ ကွတ်ကီး စားပြီးပြီလား ” တဲ့
အဲ့ဒီအချိန် ကျမှ ……….ကျွန်တော် ဒီကွတ်ကီးလေး တချပ် ကို ပြန် သတိရသွားတယ်
အေး ……. အဲ့ဒါမေးမလို့ …….. အဲ့ဒီကွတ်ကီး က ဘာအတွတ်လည်း ဟ
”’ ဟာ …..အကို ကလည်း ……. အဲ့ဒါ အန်တီစု ကိုယ်တိုင်လုပ်ပြီး အကိုအတွတ် ပို့လိုက်တာ နောက်ပြီး တောင်းပန်စကားလည်း ပြောလိုက်သေးတယ် ” ကောင်မလေး က ပြောပြတယ်
” ကွတ်ကီးက လည်း တခုတည်းပဲ ကျံတော့တယ် ” လို့ ကျွန်တော် ကပြောတော့ အဲ့ဒီညီမလေးက
” မနတ် က ပို့လိုက်တာ အများကြီး ပါ …. အကိုတို့ မစားလိုက်ရဘူးလား ” လို့ပြန်မေးတယ်လေ …. သူက ဆတ်ပြောသေးတယ်
” အန်တီစု့ က သူများပြောတဲ့ စကားနဲ့ ကိုယ်တိုင်မကြည့် ရှုဘဲ မဆင်မခြင် အပြစ်တင်မိတဲ့ အတွတ် သူကိုယ်တိုင် လုပ်ထားတဲ့ ဒီကွတ်ကီး လေးတွေ နဲ့ တောင်းပန်ပါတယ် လို့
သူ့အဝယ်တော်အကိုကြီး ကို သေချာမှာ လွှတ်လိုက် တာ ” လို့ပြောပြတယ်
ကျွန်တော် လေ ဘာပြောရမှန်း ကို မသိတော့ ပါဘူးးး
မမျှော်လင့်ထားသော ………မမျှော်လင့်ရဲသော
ဘဝ မှာ မကြုံဖူးသော ခံစား မှုတခု
ဝမ်းနည်း သလိုလို ဝမ်းသာ သလိုလို
အမည်မဖော်ပြတတ်တဲ့ ခံစားမှုမျိုး ကျွန်တော် ခံစားလိုက်ရတယ်ဗျာ …..
ကျွန်တော်လို့ ……. အညတြရ မုန်ဖုတ်သမာလေး တယောက်
ကမ္ဘာမှာရှိတဲ့ baker တွေနဲ့ နှိုင်းယှဉ်လိုက်ရင် …. မြူမှုန်လောက်သာရှိတဲ့ ကျွန်တော်လို လူတယောက် ကို
ဖြူသလား……… မည်းသလား တောင်မသိဘဲနဲ့
စကားတစ်ခွန်း အတွတ် တာဝန်ယူရဲ တဲ့ စိတ်
အတ္တမာန်မာန ကင်းစင်ပြီး ……
မှားတယ်လို့ ယူဆ……. ပါက…. မည်သူကို မဆို
တောင်းပန်ရဲသော ………သူရဲကောင်းစိတ်
လူတိုင်း ကို လေးစားတန်ဖိုထားပြီး …. တန်းတူညီမျှမှု ကို နှစ်သတ်သော စိတ်
အဲ့ဒီအရသာတွေ အပြည့်ဝ ပါဝင်နေတဲ့
ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်လုပ်ထားပြီး…..ကျွန်တော်တို့အတွက် ပေးပို့ခဲ့တဲ့
တခုတည်းသာကျန်တော့ တဲ့ ကွတ်ကီးလေး ကို
အရသာရှာဖွေ တစိမ့်စိမ့် ခံစားရင်းးးးး …………….:):):
ထွဠ်တေဇဖြိုး
။ ဖြစ်ရပ်မှန် ကို ပြန်လည်ရေးဖွဲ့ ပါသည် ။
photo :: Org uploader
Colour Less

မှတ်ချက်များ