City mart မှာ ဈေးဝယ်တာ ပိုက်ဆံရှင်းခါနီးကျ သေချာပြန်စစ်ကြနော် ကျွန်မ ၂ ခါတိတိရှိပြီ ခံရတာ


ပထမတစ်ခါက ၂ သောင်းကျော်ဖိုး ပိုတွက်ထားတာ အိမ်ရောက်မှ စာရင်းပြန်စစ်ကြည့်မှ သိတယ် ဘာမှလုပ်လို့မရတော့တဲ့ဘဝ

ဒုတိယတစ်ခါက မနေ့ကဈေးဝယ်တာ နဂါးမောက်သီးသုံးလုံးစာကို လေးသောင်းသုံးထောင်ကျော်နဲ့ တွက်ထားတာ
အသေအချာပြန်စစ်တော့မှ သုံးထောင်ကျော်ဖိုးကို လေးသောင်းကျော်ဖိုးပိုတွက်ထားတာ စိတ်ပေါက်ပေါက်နဲ့ ကောင်တာမှာတင်ချက်ချင်းစာရင်းပြန်စစ်ပြီး သူတို့ကိုချက်ချင်းပြန်မေးမှ ဟုတ်တယ် မှားသွားတာ ဆောရီးနော်ဆိုပြီး ပိုက်ဆံပြန်ပေးတယ် ဘောက်ချာကိုယူထားလိုက်မယ်လုပ်တာ မရဘူး အသစ်ထပ်ထုတ်ပေးပြောမှ reprint ဆိုပြီး ပြန်ပြင်ထားတဲ့ အသစ်တစ်စောင်ပြန်ထုတ်ပေးတယ်

အသေအချာတောင်းပန်တာမျိုးလဲမရှိ မျက်နှာသေတွေနဲ့ customer service က လက်လန်စရာကြီး

နောက်နောင် city Mart မှာ ဈေးဝယ်ဖို့အရေး ဂဏန်းတွက်စက်ပါဆောင်ထားရမယ့်ကိန်း

သတိထားပြီး စာရင်းတွေပြန်စစ်ကြည့်ကြဦး

Tin Zar Khin

မှတ်ချက်များ