ပျော်ရွှင်မှု၊ ၀မ်းနည်းမှုတွေဟာ ကျန်းမာရေး ၊ အကျင့်စရိုက် စတာတွေအပေါ် သက်ရောက်မှုမရှိ
လူတော်တော်များများဟာ ပျော်ရွင်မှုကို သူတို့ရဲ့ကောင်းမွန်တဲ့ဘ၀အခြေအနေထဲမှာ ထည့်သွင်းထားပြီး မပျော်ရွှင်ခြင်းတွေဟာ သူတို့အတွက် ဆိုးဝါးတဲ့ဘ၀အခြေအနေဖြစ်တယ်လို့ ယူဆထားကြတယ်။ ဒါပေမယ့် England က လေ့လာမှုအသစ်အရ ဒါတွေဟာ ကျန်းမာရေး သို့ အကျင့်စရိုက်တွေပေါ်မှာ သက်ရောက် မှုမရှိဘူးလို့ ဆိုလာပါတယ်။
University of Oxford က သုတေသီတွေအဆိုအရ စိတ်ဖိစီးမှုနဲ့ ပူဆွေးသောကတွေဟာ ကျန်းမာရေးကို ထိခိုက်စေတယ်ဆိုတဲ့ ရလဒ်တွေမတွေ့ရကြောင်း England ရှိ အမျိုးသမီး တစ်သန်းကျော်ကို လေ့လာ စမ်းစစ် ချက်အပေါ် အခြေခံပြီး လေ့လာခဲ့တယ်လို့ သိရပါတယ်။
“ နေမကောင်းဖြစ်ရင် မပျော်ရပါဘူး။ ဒါပေမယ့် မပျော်လို့တော့ ခင်ဗျား နေမကောင်းဖြစ်တယ်ဆိုတာ မရှိပါဘူး။ ကျွန်တော်တို့ အမျိုးသမီး တစ်သန်ကျော်ကို ၁၀ နှစ်ကြာ လေ့လာပြီးတဲ့နောက် ပူဆွေးဝမ်းနည်းမှု၊ စိတ်ဖိစီးမှုတွေက အကျင့်စရိုက်တွေအပေါ် တိုက်ရိုက်အကျိုးသက်ရောက်တာမရှိတာကို တွေ့ခဲ့ရပါတယ်။” လို့ University of New South Wales မှ ပါမောက္ခဖြစ်သူ ဒေါက်တာ Bette Liu က ရှင်းလင်းပြောပြထားပါတယ်။
Michelle - သစ်ထူးလွင်
Ref : Upi

မှတ်ချက်များ