မိဘများသို့ အကြံပြုချက်


သားသမီးကို လူတစ်လုံး သူတစ်လုံး ဖြစ်အောင်ပျိုးထောင်ချင်တာ မိဘတိုင်းရဲ့ ဆန္ဒပါ။ အဲလို ပျိုးထောင်တဲ့ နေရာမှာ သတိထား ရှောင်ရှားရ မဲ့ လိုအပ်ချက်အချို့လေးတွေ ရှိပါတယ်။

၁။ “ ရဲ ” နဲ့တူတဲ့မိဘများ ဟာ မြေအောက်ဂိုဏ်းသားနဲ့ တူတဲ့ သားသမီးကို မွေးထုတ်တတ်ပါတယ်။ သားသမီးကို ဘယ်တော့မှ မယုံ ရဲဘူး၊ သံသယ မျက်လုံးနဲ့ ကြည့်တယ်။ စစ်ဆေးမေးမြန်းတယ်။ လုပ်သမျှ သတင်းပို့ရတယ်။ မယုံတဲ့ လေသံနဲ့ ထပ်စစ်ဆေးတယ်။ ဒါဆိုရင် သားသမီးက မြေအောက်ဂိုဏ်းသား ဖြစ်ဖို့ တော်တော် နီးစပ်နေပါပြီ။ သားသမီးကို ဆုံးမတာ လက်ပါလေ သားသမီး များရဲ့ အမှားနဲ့ မုသားစကား ပိုများတတ်ပါတယ်။

၂။ အမှတ်၊ အဆင့် ဆိုတဲ့ ပေတံ တစ်ခုတည်းနဲ့ သားသမီးကို တိုင်းတာရင်တော့ မိဘရော ဆရာရော အကဲဖြတ်မျက်ကန်း များ ဖြစ်သွားကြမှာပါ။ ပေတံ အမျိုးမျိုး အသုံးပြု နိုင်ပါမှ ဓမ္မဓိဋ္ဌာန် ကျကျ သုံးသပ် အကဲဖြတ်နိုင်မှာ ဖြစ်ပါတယ်။ ဥပမာ အားကစား ပေတံ၊ အစာအဟာရ ပေတံ၊ အကျင့်စာရိတ္တပေတံ၊ ဆက်ဆံရေးပေတံ၊ လူမူဝင်ဆံ့မူပေတံ၊ အကောင်းမြင်ပေတံ စသည်တို့ ဖြစ်ကြပါတယ်။

၃။ အောင်မြင်တဲ့  သင်ကြားမူ နမူနာ ဆိုတာ ဦးတည်ချက် သေးသေးလေးတွေနဲ့ စတင်ပေးပါ။ ကလေးများ အား ပြီးဆုံးအောင်မြင်တဲ့ အရသာ အကျွမ်းဝင်သွားပါစေ။ နည်းနည်း မြင့်တဲ့ ဦးတည်ချက် ကို ပြန်တက်လှမ်းစေပါ။ အခက်အခဲ ဆိုတဲ့အယူအဆကို စိန်ခေါ်မူ ဖြစ်အောင် ဖန်းတီးပေးပါ။

၎။ တူညီတဲ့ ကိစ္စတစ်ခု အပေါ် မိဘချင်း အမြင်တူညီပါစေ။ ရှေ့နောက်ညီညွတ်မူ ရှိပါစေ။ အပြောနဲ့ အလုပ်ညီပါစေ။ ကတိတည်ပါစေ။ ဒါကတော့ မိဘကြိုးစားရမဲ့ အပိုင်းပါ။ နူတ်နဲ့ ဆုံးမတာထက် မိမိ အပြုအမူ ဦးဆောင်မူက ပိုမိုထိရောက်တယ်ဆိုတာ မိဘများ သတိမူသင့်ပါတယ်။

၅။` ကလေးရဲ့ စိတ်ရောကိုယ်ပါ ဖွံဖြိုးဖို့ ဆိုတာက ကိုယ်ပိုင်လွတ်လပ်တဲ့ အချိန် များစွာလိုအပ်ပါတယ်။ ကလေးများ အချိန်ပြည့်ကျပ်နေအောင် ကျူရှင်တွေ၊ သင်တန်းတွေ၊ အစီအစဉ် အမျိုးမျိုးတွေနဲ့ ပြည့်ကျပ် မနေစေသင့်ပါဘူး။ ကလေးကို ကိုယ်တိုင်ကစားမယ်။ ကိုယ်တိုင်ထိတွေ့မယ်။ ကိုယ်တိုင်စဉ်းစားမယ်။ ကိုယ်တိုင်စီမံမဲ့ အချိန် ရှိစေသင့်ပါတယ်။

၆။ ကလေးကို ပျိုးထောင်တဲ့ နေရာမှာ အဓိက အကျဆုံးအချက်နှစ်ခုကတော့ ” စိတ်ဝင်စားမူ” နဲ့ ” အကျင့်ပျိုးထောင်မူ ” ဖြစ်ပါတယ်။ စိတ်ဝင်စားအောင် ပျိုးထောင်နိုင်မယ်။ အဲဒီစိတ်ဝင်စားမူကို အကျင့်ဖြစ်သွားစေမယ်ဆိုရင် ကလေးရဲ့ ပညာရေး အတွက် ဘာမှ ပူပင်စရာ အကြောင်းမရှိတော့ ပါဘူး။ ဒီနေရာမှာ ကလေးတစ်ယောက်နဲ့ တစ်ယောက် ပျိုးထောင်ရတာ မတူညီတာမို့ မိမိကလေးကို အနီးကပ် နေထိုင်တဲ့ မိဘများကသာ အဓိက တာဝန်ရှိသူများဖြစ်ကြပါတယ်။

ရ။ သင်ဘယ်လောက်ချမ်းသား ချမ်းသာ၊ သားသမီးအပေါ် မချမ်းသာပါနဲ့၊ ဘယ်လောက်ပဲ ဆင်းရဲဆင်းရဲ ပညာရေးအပေါ် မဆင်းရဲပါနဲ့။ ဒါကတော့ နိုင်ငံခြားက စကားပုံတစ်ခုပါ။ အဓိက ကတော့ သားသမီး တောင်းဆိုချက်တိုင်းကို အလိုမလိုက်မိဖို့ပါ။ လိုချင်ရင်တောင်းလိုက်ရင် ရတယ်ဆိုတဲ့ စိတ်ဝင်သွားရင် ဘာကိုမှ တန်ဖိုးမထားတတ်တော့ပါ။

၈။ အစီအစဉ် ရေးဆွဲပြီး ကလေးနဲ့ အတူ မိသားစု ခရီးထွက်ပါ။ ခရီးများများထွက်ခြင်းဟာ စာများများဖတ်ခြင်းလိုပဲ အကျိုးများစွာရတတ်ပါတယ်။

Credit: Sayar Aung Ko Latt

မှတ်ချက်များ