![]() |
| ဓါတ်ပုံ - ရိုက်တာ |
အင်္ဂလန်က ဘာမင်ဟမ်မှာ ကျင်းပတဲ့ ပွဲတခုအတွင်း မိန့်ခွန်းပြောရင်း ပါကစ္စတန်နိုင်ငံ ပက်ရှ်ဝါမြို့က တပ်တွင်းကျောင်းကို တာလီဘန် စစ်သွေးကြွတွေ တိုက်ခိုက်မှု တနှစ်ပြည့် နှစ်ပတ်လည်နေ့နဲ့ တိုက်ဆိုင်ပြီး ခုလို တိုက်တွန်းလိုက်တာပါ။
တပ်တွင်းကျောင်း ပစ်ခတ်မှုအတွင်း ခါးရိုးကို ကျည်ဆံထိမှန်ခဲ့တဲ့ အသက် ၁၄ နှစ်အရွယ် ယောက်ျားလေးက အခင်းဖြစ်ပုံ ပြန်ရှင်းပြတာကို မာလာလာက နားထောင်ခဲ့ပါတယ်။
တိုက်ခိုက်မှုဖြစ်ချိန်က အဆောက်အဦအတွင်းမှာ အသက် ၁၀ နှစ်ကနေ ၂၀ ကြား ကျောင်းသား အနည်းဆုံး အယောက် ၅၀၀ ရှိနေခဲ့တာပါ။
တာလီဘန်တွေနဲ့ ပါကစ္စတန် စစ်တပ်တို့ကြား အပြန်အလှန် ပစ်ခတ်နေတုန်း စစ်သွေးကြွ အနည်းဆုံး ၃ ဦးက သူတို့ကိုယ်သူတို့ ဖောက်ခွဲခဲ့ကြပါတယ်။
အာမဒ်နဝပ်ဇ်က သေနတ်နဲ့ အပစ်ခံရလို့ သေချင်ယောင်ဆောင်ခဲ့ပြီး သူ့ဆရာကို စစ်သွေးကြွတွေက အရှင်လတ်လတ် မီးရှို့သတ်တာ ကြည့်ခဲ့ရတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် သူ့ရဲ့ညီလည်း ဒီတိုက်ခိုက်မှုအတွင်း သေဆုံးခဲ့တာပါ။
သူကလည်း ပညာရေးဟာ အလားတူ မတော်တဆမှုတွေကို တားနိုင်တဲ့ အဓိကအချက် ဖြစ်နိုင်တယ်လို့ ပြောပါတယ်။
ဒီတိုက်ခိုက်မှုတွေဟာ ပါကစ္စတန်ကို အမြဲတမ်း ပြောင်းလဲသွားစေတယ်၊ နိုင်ငံရေး ခေါင်းဆောင်တွေ စည်းလုံးသွားတယ်၊ ဒါပေမယ့် အနာဂတ် မျိုးဆက်သစ်တွေရဲ့ ပညာရေးကို သူတို့ မေ့နေခဲ့ကြတယ်၊ စစ်ရေးအရ အရေးယူမှုကို သူတို့ သဘောတူခဲ့ပေမယ့် အမုန်းတရား အကြမ်းဖက်မှုနဲ့ အစွန်းရောက်မှု တိုက်ဖျက်ရေး အနာဂတ် မျိုးဆက်သစ်တွေကို ပညာပေးဖို့ လိုတယ်ဆိုတာ ဘယ်သူကမှ ရည်ညွှန်းမပြောခဲ့ကြဘူးလို့ မာလာလာက ပြောပါတယ်။
ပါကစ္စတန် ခေတ်သစ်သမိုင်းမှာ အဆိုးရွားဆုံး တိုက်ခိုက်မှုတွေထဲက တခုဖြစ်တဲ့ ပက်ရှ်ဝါ တပ်တွင်းကျောင်း တိုက်ခိုက်မှုကြောင့် ကလေး ၁၃၄ ဦး အပါအဝင် လူအယောက် ၁၄၀ ကျော် သေဆုံးခဲ့ပါတယ်။
DVB

မှတ်ချက်များ