နောက်ဆုံးတော့ အာကာသထဲကနေ အင်တာနက်ထုတ်လွှင့်ပေးဖို့ရာ Facebook အနေနဲ့ ပိုနီးစပ်လို့လာပါပြီ။
လူမှုကွန်ယက် Facebook ဟာ ပြင်သစ်ဂြိုဟ်တုကုမ္ပဏီ Eutelsat (ETCMY) နဲ့ပူးပေါင်းပြီး အာဖရိကကရှိပြည်သူများကို အင်တာနက်အခမဲ့ပေးဖို့ရာ ဂြိုဟ်တုလွှတ်ဖို့ လုပ်ဆောင်နေပါတယ်။ ဒီဂြိုဟ်တုကို နောက်နှစ်မှာ လွှတ်မှာဖြစ်ပြီး အင်တာနက်ဝန်ဆောင်မှုကို ၂၀၁၆ခုနှစ် ဒုတိယနှစ်ဝက်မှာ ရရှိနိုင်မှာပါ။ အရှေ့၊ အနောက်နဲ့ တောင်အာဖရိကနိုင်ငံတွေဆီ ရောက်မယ်လို့ သိရပါတယ်။
အထူးသဖြင့် ကျေးလက်ဒေသတွေဆီကို အခမဲ့အင်တာနက် ပေးဖို့ ဒီဂြိုဟ်တုကိုအသုံးပြုသွားမယ်လို့ Facebook ကပြောပါတယ်။ ကမ္ဘာအနှံ့က သန်းထောင်နဲ့ချီတဲ့လူတွေ အင်တာနက်ရစေဖို့ရာ ဂြိုဟ်တုတွေ၊ လေဆာတွေနဲ့ ဒရုန်းတွေကို Facebook က အသုံးပြုသွားမှာပါ။ နိုင်ငံပေါင်း ၂၀ကျော်နဲ့ချိတ်ဆက်ပြီးသွားပါပြီ။
“အာဖရိကမှာရှိတဲ့ လူတွေကို ချိတ်ဆက်ရာမှာ တိကျတဲ့ ရယူသုံးစွဲခွင့်တွေဆီ သွားဖို့ ဂြိုဟ်တုတွေက အဓိကဖြစ်တယ်တဲ့အတွက် Facebook က ကမ္ဘာတစ်ဝန်းချိတ်ဆက်ဖို့ ရည်ရွယ်ထားပါတယ်။” လို့ Internet.org ရဲ့ ဒုဥက္ကဌ Chirs Daniels က ထုတ်ပြန်ချက်တစ်ရပ်မှာပြောခဲ့ပါတယ်။
Facebook နဲ့ Eutelsat တို့ဟာ AMOS-6 ဂြိုဟ်တုကို အစ္စရေးကုမ္ပဏီ Spacecom ကနေထုတ်လွှတ်ဖို့ လုပ်ထားပါတယ်။ အဲဒီ့ကုမ္ပဏီနှစ်ခုက သူတို့ရဲ့ သီးခြားဝန်ဆောင်မှုတွေအတွက် ဒီဂြိုဟ်တုကို ဝေငှသုံးစွဲသွားမှာပါ။
အရောက်အပေါက်နည်းတဲ့ ဒေသတွေဆီ အင်တာနက်ပေးဖို့ရာ အထူးပြုလုပ်ထားတဲ့ ဒရုန်းအသစ်တစ်ခုကို Facebook က ဇူလိုင်လထဲမှာ ထုတ်ဖော်ပြသခဲ့ပါသေးတယ်။
Skyler

မှတ်ချက်များ