ကမ္ဘောဒီယား ၀န်ကြီးချုပ် စင်္ကာပူ နိုင်ငံတွင် ဆေးကုရင်း သေဆုံး သွားကြောင်း အွန်လိုင်းမှာပုံ တင်သူ ရဲတပ်ဖွဲ့ ကခေါ်ယူ စစ်ဆေးခံရ




ကမ္ဘောဒီယား ၀န်ကြီးချုပ် ဟွန်ဆင် ဟာ ဖေ့ဘွတ်တချိန်လုံး သုံးနေတဲ့ နိုင်ငံရေး ခေါင်းဆောင်တဦးလို့ တောင် ကမ္ဘာ့သတင်းတွေက ရေးသားနေကြတာပါ၊

တချိန်လုံးအွန်လိုင်းမှာ သူ့ ပုံတွေ ကိုအမျိုးမျိုးရိုက် တင်နေတာကို အမြင်ကပ် လာ တဲ့ မိန်းခလေး တဦးက ဟွန်ဆင်သေဆုံးနေတဲ့ အလောင်းပုံကို ပိုတိုရှော့လုပ်ကာ သူမဖေ့ဘွတ်စာမျက်နှာမှာတင်ပြီး ၀န်ကြီးချုပ်ဆီကိုပါ ပေးပို့ လိုက် ပါတယ်။

ပုံတင်တဲ့သူကို ရဲတွေက အပူတပြင်း လိုက်လံ ရှိဖွေနေခဲ့တဲ့နောက် ဖနွမ်းပင် မြို့ နယ်က Russy village ရိုစီ ကျေးရွာမှာ နောက်ရောင်ခံလိုက်ပြီး ဖမ်းဆီးနိုင်ခဲ့ကြောင်း ရဲတပ်ဖွဲ့ က ထုတ်ဖေါ်ပြောဆိုခဲ့ပါတယ်။

သူမကို ပြည်ထဲရေးဌာနကို ခေါ်ဆောင်သွားပြီး နောက်ကွယ်က ကြိုးကိုင်နေသူတွေ ရှိမရှိ စစ်ဆေးမေးမြန်း ခဲ့ပါတယ်။

နိုင်ငံတော် ၀န်ကြီးချုပ်ကို အမြင့်ဆုံးအသရေဖျက်မှု နဲ့ တရားရင်ဆိုင်ရမယ့် အခြေအနေကြောင့် အွန်လိုင်းသုံးနေတဲ့သူတွေ နဲ့  ပြည်သူတွေက သူမအမှု အာရုံစိုက် စောင့်ကြည့်နေကြပါတယ်။

လိုအပ်တဲ့ စစ်ဆေးမှုတွေ ပြီးတာနဲ့  ဟွန်ဆင်းက တရားမစွဲဘဲ သတိပေးပြီး ပြန် လွတ်ပေးဘို့  ညွှန်ကြားလိုက်လို့  သူမလွတ်မြောက် ခဲ့ကြောင်း Cambodia Expats အွန်လိုင်းသတင်းမှာ ဖေါ်ပြထားတယ်။

Social Action for Women - SAW

မှတ်ချက်များ