ဝေဖန်မှုတွေကြောင့် ရွှေရောင်မော်စီတုန်းရုပ်တုကို ပြန်ဖျက်ဆီးလိုက်ရ


ပေါင် ၃၁၃၀၀၀ ကုန်ကျပြီး ၉ လကြာ တည်ဆောက်ခဲ့ရတဲ့ ရွှေရောင်ဧရာမမော်စီတုန်းရုပ်တုပုံဟာ အွန်လိုင်းမှာပျံ့နှံ့သွားပြီး နိုင်ငံတကာက လှောင်ပြောင်ခံရမှုတွေကြောင့် ရက်ပိုင်းအကြာမှာ ပြန်ဖျက်ဆီးလိုက်ရတယ်လို့ သိရပါတယ်။

ပေ ၁၂၀ အမြင့်ရှိတဲ့ ဟူနန်နယ်က ဒီရုပ်တုကို အခုဆိုရင် ခြေလက်တွေဖယ်ရှားခံထားရပြီး ခေါင်းကို အ၀တ်မည်းနဲ့ဖုံးအုပ်ထားပါတယ်။

အွန်လိုင်းက ဝေဖန်မှုတွေကြောင့် အခုလိုပြန်ဖျက်ဆီးလိုက်တာ ဟုတ် မဟုတ် မသေချာပေမယ့် ဒေသခံအာဏာပိုင်တွေကတော့ ဒီရုပ်တုဟာ မှတ်ပုံတင်ခွင့်ပြုချက် မရရှိထားဘူးလို့ ဆိုပါတယ်။

ပြီးစီးလုနီးဖြစ်နေတဲ့ ဒီရုပ်တုဟာ အွန်လိုင်းပေါ်မှာ ပျံ့နှံ့ခဲ့ပြီးနောက် လူမှုမီဒီယာတွေမှာ လှောင်ပြောင်မှုတွေမျိုးစုံသွားခဲ့ပြီး တွစ်တာအသုံးပြုသူတစ်ယောက်က "မော်စီတုန်းရဲ့ပလ္လင်ဘေးမှာထားရမယ့် အိမ်သာသုံးစက္ကူလိပ်အရွယ်အစားကို စိတ်ကူးကြည့်ပါဦး"လို့ ရေးခဲ့သလို တော်တော်များများကလည်း ဒီရုပ်တုဟာ မော်စီတုန်း သန့်စင်ခန်းဝင်နေတဲ့ပုံစံဖြစ်နေတယ်လို့ အဓိကထား လှောင်ပြောင်ခဲ့ကြပါတယ်။

Ref: Daily Mail
ညီမင်းဟန်(ဆန္ဒကူး)

မှတ်ချက်များ