အနာကျက်ပိုမြန်စေမယ့် ဂဏန်းခွံကနေထုတ်လုပ်ထားတဲ့ ပတ်တီး


ဂဏန်းခွံကနေ ထုတ်လုပ်ထားတဲ့ ပတ်တီးဟာဆိုရင်တော့ သင့်ရဲ့ဒဏ်ရာကို အကျက်ပိုမြန်စေပြီး ဒဏ်ရာတွေအတွက် အကောင်းဆုံးဖြစ်စေမယ့် ပတ်တီးဖြစ်လာမှာပါ။ ဒီပတ်တီးကိုတော့ အင်္ဂလန်နိုင်ငံ ဘော်လ်တန်ဒေသမှာဆိုရင်တော့ ပြီးခဲ့တဲ့ဆယ်နှစ်လောက်တည်းက အချိန်ယူစမ်းသပ်နေခဲ့တာဖြစ်ပြီး အခုဆိုရင်တော့ ဒီပတ်တီးဟာ ဝတ်ဆင်လို့ရတဲ့အဆင့်အထိ အောင်မြင်ခဲ့ပါပြီ။

ဒီရဲ့ ဂဏန်းခွံကနေ ထုတ်လုပ်ထားတဲ့ ပတ်တီးဟာဆိုရင်တော့ ခိုင်တိုဇင်ဓာတ်တစ်မျိုးပါဝင်ပြီး အဲ့ဒီဓာတ်က အနာတွေကို အကျက်မြန်စေသလို ဘက်တီးရီးယားတွေကိုလည်း သတ်ပေးနိုင်တယ်လို့ သိရပါတယ်။ ရှေးတုန်းက တရုတ်လူမျိုးတွေဟာဆိုရင်တော့ ဂဏန်းတွေကို ထုချေပြီး ဒဏ်ရာပေါ်ကို အုံပေးတာက အနာရင်းမှုကို လျှော့ချနိုင်ပြီး သက်သာစေနိုင်တယ်လို့ ယုံကြည်ခဲ့ကြပါတယ်။

ဂဏန်းခွံကို ပျော့ဖတ်အောင်ပြုလုပ်ပြီး ပတ်တီးလိုဖြစ်အောင် ပြုလုပ်ဖို့က အဓိက အခက်အခဲဖြစ်ခဲ့ပေမယ့်လည်း ပညာရှင်တွေကတော့ အခြားသော အမျှင်ဓာတ်တွေနဲ့ ပေါင်းစပ်ပြီး အနာကျက်ပတ်တီးဖြစ်အောင် ထုတ်လုပ်နိုင်ခဲ့ပါတယ်။

ဒီပတ်တီးကိုတော့ တရုတ်နိုင်ငံမှာ လက်တွေ့စမ်းသပ်ထုတ်လုပ်ခဲ့တာဖြစ်ပေမယ့်လည်း အင်္ဂလန်နိုင်ငံမှာ စတင်ရောင်းချသွားမှာဖြစ်ပါတယ်။

Paing A K

မှတ်ချက်များ