ရော်နယ်ဒို ရုပ်တုမှာ မက်ဆီနာမည်နှင့် နံပါတ် ရေးထိုး
စပိန်လာလီဂါ ရီးရဲလ်မက်ဒရစ် ကစားသမား ရော်နယ်ဒိုရဲ့ မွေးရပ်မြေ ပေါ်တူဂီနိုင်ငံ မာဒီးရာမှာရှိတဲ့ သူ့အတွက်ထုထားတဲ့ ကြေးရုပ်မှာ မက်ဆီနာမည်နဲ့ ကျောနံပါတ်ကို လာရောက် ရေးသားထားပါတယ်။
ဒီဇင်ဘာ ၁၂ ရက်က ဘာစီလိုနာ ကစားသမား မက်ဆီကို ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်ရဲ့ အကောင်းဆုံး ဘောလုံးသမားဆု Ballon d’Or ဆု ပေးအပ်ခဲ့အပြီး အခုလို ရေးသားခဲ့တာပါ။
ရော်နယ်ဒိုအပေါ် မနာလိုလို့ လုပ်ဆောင်တာဖြစ်တယ်လို့ ရော်နယ်ဒိုရဲ့ အစ်မက ပြောပါတယ်။
ကြေးရုပ်ပေါ်မှာ မက်ဆီနာမည်နဲ့ နံပါတ် ၁၀ ကို ခြယ်မှုန်းသွားတဲ့ ဆေးနီကို ဒီဇင်ဘာ ၁၃ ရက်မှာ ပြန်လည် ဖယ်ရှားခဲ့ပါတယ်။
၂၀၁၄ ဒီဇင်ဘာလက ၁၁ ပေရှည်တဲ့ ရော်နယ်ဒို ကြေးရုပ်ကို ရော်နယ်ဒို မတည်ထားတဲ့ ပြတိုက်နဲ့ မနီးမဝေးမှာ ဖွင့်လှစ်ခဲ့တာ ဖြစ်ပါတယ်။
DVB

မှတ်ချက်များ