ရွှေဝါရောင်တော်လှန်ရေး ဦးဆောင်ခဲ့သူ ဦးဂမ္ဘီရ ခေါ် ဦးညီညီလွင်ကို လ၀ကဥပဒေဖြင့် ဖမ်းဆီး


၂၀၀၇ ရွှေဝါရောင် တော်လှန်ရေးကို ဦးဆောင်ခဲ့တဲ့ ဦးဂမ္ဘီရ ခေါ် ဦးညီညီလွင်ကို တရားမ၀င် နယ်စပ်ဖြတ်ကျော်မှု လ၀ကဥပဒေနဲ့ ဇန်န၀ါရီ ၁၉ ရက်နေ့က ဖမ်းဆီးခဲ့ပါတယ်။

ဦးညီညီလွင်ဟာ ဇနီးဖြစ်သူ သြစတြေးလျ နိုင်ငံသူနဲ့အတူ ပတ်စ်ပို့လျှောက်ဖို့ မန္တလေးက ဟိုတယ်တခုမှာ တည်းခိုနေတုန်း ရဲတွေက လာရောက်ဖမ်းဆီးခဲ့တာပါ။

သူ့ကို ဒီကနေ့ ဇန်န၀ါရီ ၂၀ ရက်နေ့မှာ ရုံးထုတ်စစ်ဆေးခဲ့ပါတယ်။

ဦးဂမ္ဘီရ ခေါ် ဦးညီညီလွင်ဟာ နိုင်ငံရေးအကျဉ်းသားဟောင်းတဦးဖြစ်ပြီး ၂၀၁၂ ခုနှစ်က လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ထောင်ကနေလွတ်လာပြီး ထိုင်းနိုင်ငံမှာ အခြေချ နေထိုင်နေတာပါ။

လောလောဆယ် သူ့ကို မန္တလေးမြို့ အမှတ် ၉ ရဲစခန်းမှာ ဖမ်းဆီးထားပြီး ဖေဖော်ဝါရီ ၃ ရက်နေ့မှာ ထပ်မံ တရားရုံးထုတ် စစ်ဆေးမှာ ဖြစ်ပါတယ်။

DVB

မှတ်ချက်များ