ကျန်းမာရေးအတွက် ဖျော်ရည်တစ်ခွက်


ပန်းသီး၊ သံပုရာသီးနှင့် ရှောက်သီးဖျော်ရည်

ပါဝင်ပစ္စည်းများ

Ä .. ပန်းသီး (အစိမ်းရှောင်) စိတ်ထားရန် (၄)လုံး

Ä .. ရှောက်သီး (အရွယ်တော်) (၁)လုံး

အခွံခွာပြီး ခြမ်းထားရန်

Ä .. သံပုရာသီး (၂)လုံး

အခွံခွာပြီး ခြမ်းထားရန်

ပြုလုပ်နည်း

အသီးများကို ဖျော်စက်တွင် တစ်ခုပြီး တစ်ခုထည့်ပြီး ကြိတ်မွှေ၍ အရည်ကို ရယူပါ။ ဖန်ခွက်ထဲတွင် ထည့်ပြီး သမအောင် ရောမွှေပါ။ အပေါ်ယံတွင် သံပုရာ (သို့မဟုတ်) ရှောက်ခွံ အနည်းငယ်ကို ပါးပါးလှီး ပြီးဖြူးပေးပါ။ ချက်ချင်း သုံးဆောင်ပါ။

အထိရောက်ဆုံး အကျိုးသက်ရောက်မှု ရှိစေရန် နံနက်စောစော အစာမစားမီ ဖျော်ရည်ကို သောက်ပါ။

ပန်းသီးသည် အဆိပ်အတောက်များကို အထိရောက်ဆုံး ဖယ်ရှားပေးနိုင်ပြီး၊ ၎င်းတွင် ပါဝင်သော pectin ဟုခေါ်သည့် ဒြပ်တစ်မျိုးက အသည်း၊ ကျောက်ကပ်များမှ တစ်ဆင့် ခန္ဓာကိုယ်ရှိ ကိုလက်စထရော၊ အဆိပ်အတောက်နှင့် အညစ်အကြေး များကို သန့်စင်ပေးသည်။

သံပုရာသီးနှင့် ရှောက်သီးတို့တွင် ပါဝင်သော ဆိုက်ထရစ် အက်စစ်သည် အစာခြေဖျက်မှုကို အားပေးသည်။ စိတ်အာရုံ လန်းဆန်း ကြည်လင်မှုကို ပေးသည်။ သတိပြုရန်မှာ သံပုရာသီးနှင့် ရှောက်သီးများကို ရေခဲသေတ္တာတွင် မထည့်ဘဲ အခန်းအပူချိန်တွင် ထားပေးရန် ဖြစ်သည်။ ၎င်းတို့သည် ပူနွေးနေမှ အရည်ပိုမိုရရှိနိုင်သည်။

ပါဝင်သော အာဟာရဓာတ်များ

ဗိုက်တာမင်စီ၊ ဘီတာကယ်ရိုတင်း၊ ဖောလစ်အက်စစ်၊ မောလစ် အက်စစ်။

မမလေး၏ 'ကျန်းမာရေး အတွက် ထိပ်တန်း အသီးအနှံဖျော်ရည် ၁၀၀' စာအုပ်မှ ကူးယူ ဖော်ပြပါသည်။

Messenger News Journal

မှတ်ချက်များ