လူသားတွေကို အစားထိုးမယ့် စက်ရုပ်ပြိုင်ဆိုင်ကယ်ဒရိုင်ဘာ
ဂျပန်နိုင်ငံအခြေဆိုက် ပြိုင်ဆိုင်ကယ် အဓိကထားထုတ်လုပ်တဲ့ Yamaha ဟာ ပြိုင်ဆိုင်ကယ်မောင်းမယ့် စက်ရုပ်ကိုပါ ထုတ်လုပ်လိုက်ပြီ ဖြစ်ပါတယ်။ စမ်းသပ်မှုကို နှစ်ပေါင်းများစွာ ပြုလုပ်ခဲ့ပြီး ယခုတော့ သူဟာ ပြိုင်ပွဲကို လူသားတွေနဲ့ အတူ ယှဉ်ပြိုင်ဝင်ရန် အသင့်ဖြစ်နေပြီ ဖြစ်ပါတယ်။
ယခု ၂၀၁၆ မှာကျင်းပမယ့် ကမ္ဘာကျော် ပြိုင်ဆိုင်ကယ်မောင်းပြိုင်ပွဲတစ်ခုမှာ ပထမဆုံး စက်ရုပ်တစ်ကောင်နဲ့ ယှဉ်ပြိုင်စေမှာ ဖြစ်ပါတယ်။ ရည်ရွယ်ချက်ကတော့ ပြိုင်ဆိုင်ကယ်မောင်းတဲ့ ပြိုင်ပွဲ လောကမှာ လူသားတွေကို အစားထိုးရန် အဓိကဖြစ်ပြီး အခြားသော ရည်ရွယ်ချက်များ အဖြစ် ဒရိုင်ဘာ အဖြစ် လူသား အစားထိုး အသုံးပြုလာရန်လည်း ရှိပါတယ်။ စက်ရုပ်ကို လူသားတွေ ထိန်းချုပ်စရာမလိုပဲ သူ့ရဲ့ ကိုယ်ပိုင် ဆုံးဖြတ်ချက်နဲ့ ဆိုင်ကယ်ကို ကျွမ်းကျွမ်းကျင်ကျင်မောင်းတဲ့ အပြင် လိုရာခရီးကိုပါ သွားနိုင်မှာ ဖြစ်ပါတယ်။
အတားအဆီး အခက်အခဲများကို ရှောင်ရှားမှု၊ ဘေးဘယ်ညာ တိမ်းစောင်းရန် ပြုလုပ်မှုများကို သူ့ဘာသူ ဆုံးဖြတ်မှာ ဖြစ်ပါတယ်။ ရမဟာ ကုမ္ဗဏီကို သတင်းထောက်များက နည်းပညာနဲ့ ပက်သက်ပြီးတော့ မေးမြန်းရာ လျှို့ဝှက်ချက် များကို ဝှက်ထားပါသေးတယ်။ စက်ရုပ် တီထွင်ဖန်တီးနိုင်မှုမှာ ဂျပန်ဟာ အမေရိကန်ထက် သာလွန်ကြောင်း သက်သေပြမှု တစ်ခုလည်း ဖြစ်လာစေခဲ့ ပါတယ်။
အောင်ခမ်း (ရိုးရာလေး)




မှတ်ချက်များ