ရေခဲမုန့်ရောင်းနေတဲ့မြန်မာလူငယ်တစ်ဦးအား အမည်မသိလမ်းသရဲများမှငွေကိုယူ လူကို လည်းသတ်ခဲ့




ထိုင်းနိင်ငံမှာရေခဲမုန့်ရောင်းနေတဲ့မြန်မာလူငယ်တစ်ဦးအား အမည်မသိလမ်းသရဲများမှငွေကိုယူ လူကို
လည်းသတ်ခဲ့ကြသည်။ မွန်ပြည်နယ် ရေးမြို့နယ်သောင်ပြင်ရွာသား ကိုဗလိုင် အသက် ၂၅ နှစ်ဟာ
ထိုင်းမှာရေခဲမုန့်ရောင်းရင်းမိသားစုထောက်ပံ့ရင်းညီညီမများကိုလည်း ကျောင်းထားပေးနေသူဖြစ်သည်။
ဒီအမှုမှာ လူသတ်တရားခံများကိုဖော်ထုတ်နိင်ဖို့

AAC အဖွဲ့ မှကြိုးစားသွားမှာဖြစ်ပြီး ခွင့်ပြုအမိန့်ကိုထိုင်းနိင်ငံဆိုင်ရာမြန်မာသံအမတ်ကြီးဦးဝင်းမောင်
ထံတောင်းခံသွားမည်ဖြစ်ရာ သံအမတ်ကြီးထံမှခွင့်ပြု့မိန့်ကျခဲ့ပါက ''AAC''အဖွဲ့မှ အမှုမှန်ပေါ်ပေါက်ပြီး
တရားခံများဖမ်းဆီးနိင်အောင်ကြိုးစားသွားမှာဖြစ်ပါသည်။
ကိုဗလိုင်မှာ ဈေးရောင်းရငွေများပေးခဲ့ပြီး ထွက်ပြေးခဲ့ပေမယ့် လူရမ်းကားများလက်ကမလွတ်ပဲ ရက်ရက်
စက်စက်အသတ်ခံခဲ့ရခြင်းဖြစ်သည်။လူသတ်တရားခံများဟာ ဆိုင်ကယ်စီးလမ်းသရဲလူငယ်များဖြစ်တယ် လို့ အကြမ်းဖျင်းသိရှိရသည်။

သတင်း
ရဲမင်း(AAC)အဖွဲ့

မှတ်ချက်များ