ထပ်ခိုးပေါ် သိမ်းထားတဲ့အိုးက ပေါင် ၅ သိန်းနီးပါးတန်နေ


အစိုးရတရားရုံးတွေသုံးတဲ့ အလွန်ရှားပါးတဲ့အိုးဖြစ်ပါတယ်။
ထပ်ခိုးပေါ်သိမ်းထားတဲ့ အိုးဟာ ပေါင် ၅ သိန်းထိ တန်နေတာကြောင့် အင်္ဂလန်နိုင်ငံက လူတစ်ဦးဟာ အံ့သြတကြီးဖြစ်ခဲ့ရပါတယ်။

Daily Mail ရဲ့ဖော်ပြချက်အရ အမည်မသိဒီလူဟာ အိုးတစ်အိုးကို အိမ်ထပ်ခိုးမှာတွေ့တာကြောင့် သိတဲ့လူတွေကို တန်ဖိုးဖြတ်ခိုင်းဖို့ ပြကြည့်ခဲ့ပါတယ်။

ဒီအခါမှာ အိုးဟာ ၁၇ ရာစု Qianlong ခေတ်က တရုတ်ရှေးဟောင်းအိုးတစ်အိုး ဖြစ်နေပြီး အစိုးရတရားရုံးတွေသုံးတဲ့ အလွန်ရှားပါးတဲ့အိုးဖြစ်ပါတယ်။ အိုးကို ရောင်းချဖို့အတွက် တရုတ်၊စင်္ကာပူနဲ့ စတဲ့နိုင်ငံတွေကို သွားခဲ့ရပြီး အဆုံးမှာ ဟောင်ကောင်က လူတစ်ဦးဟာ ပေါင် ၄၈၈၀၀၀ နဲ့ ဝယ်ယူခဲ့တယ်လို့ သိရပါတယ်။

Photos & Sources: Daily Mail
Credit: duwun

မှတ်ချက်များ