ဂျာမဏီ နိုင်ငံမှာ အစားအသောက်တွေမှာပြီး ကုန်အောင်မစားဘဲ ပစ်စလက်ခတ် ချန်သွားတဲ့ မြန်မာတွေကို (Social Security Guard) ရောက်ချလာပြီး ဒဏ်ငွေ 50 Mark ဆောင်ခိုင်းပြီး ပြောသွားတဲ့ စကား


“ခင်ဗျားတို့စားနိုင်သလောက်အစားအသောက် ကြိုက်တာကို ကြိုက်သလောက်
မှာစားလို့ရတယ်၊ ငွေကြေးဥစ္စာ ဆိုတာ ခင်ဗျားတို့ ပိုင်ဆိုင်တဲ့အရာတော့
ဟုတ်တယ်။ ဒါပေမဲ့ သံယံဇာတ အရင်းအမြစ် ဆိုတာ အများပိုင်ဥစ္စာဖြစ်တယ်၊
ဆာလောင်မွတ်သိပ်နေတဲ့သူတွေ အများကြီးပဲ ရှိနေကြတယ်၊
ခင်ဗျားတို့ သံယံဇာတတွေကိုတော့ ပစ်စလက်ခတ်
လုပ်စရာအကြောင်းမရှိဘူး ” …တဲ့။

အော် … ဒါကြောင့်လဲ ဂျာမနီ ဥရောပမှာ အချမ်းသာဆုံး အတိုးတက်ဆုံးဖြစ်တဲ့အပြင်
ဒေဝါလီခံကာနီး ဒုက္ခရောက်နေတဲ့ ဂရိလိုနိုင်ငံတွေ ကယ်တင်နိုင်ခဲ့တယ်…
ဆီးရီးယား လစ်ဗျားက စစ်ပြေးဒုက္ခသည် တစ်သန်းလောက် လက်ခံပြီးကျွေးထားနိုင်တယ်…။

မြန်မာတချို့ အစားအသောက် ကုန်အောင်စားရင် ခေတ်မမီဘူးထင်ကြတယ်။
အမျိုးသမီးလေးတွေဆိုရင် ပိုဆိုး...
မြန်မာတွေ ပြင်ကြရမယ့် အကျင့်တွေကတော့ အများကြီးပါ….။

"Money is yours but resources belong to the society"
“ငွေကသင့်ငွေဖြစ်ပေမဲ့ သံယံဇာတ အရင်းအမြစ်က လူ့အဖွဲ့အစည်း ပိုင်ဖြစ်တယ် ”

Mr.Man (သတင်းထူးသတင်းဦးပေ့ခ်ျ)

မှတ်ချက်များ

  1. you are lying. This case happened there with another foreigner, not Myanmar people. The original writer don't say any country.

    ReplyDelete