ဆင်မကြီးတစ်ကောင်ရဲ့ ဒေါသ


ဒီ ဓာတ်ပုံတွေကို အင်တာနက်မှာ မြင်တွေ့ ကြည့်ရှုရသူတွေက မိခင်မေတ္တာဖြင့် သားသမီးတွေကို ကာကွယ် စောင့်ရှောက်လိုစိတ် ပြင်းထန်တဲ့ ဖြစ်ရပ်လို့ မှတ်ချက်ပြုခဲ့ကြပါတယ်။

ကင်ညာနိုင်ငံရှိ မက်စ်ဆိုင်း မာရာ အမျိုးသားဥယျာဉ်အတွင်းမှ ဆင်မကြီးတစ်ကောင်က ကျွဲရိုင်းတစ်ကောင်ကို အစွယ်နဲ့ထိုးပြီး လေထဲမှာ ဝှေ့ရမ်းကာ တိုက်ခိုက် သတ်ဖြတ်ခဲ့တဲ့ ပုံရိပ်တွေကို အပျော်တမ်း ဓာတ်ပုံဆရာ ကမ်ဘာလေ မာအူရာက အမိအရ မှတ်တမ်းတင်ထားခဲ့တဲ့ အံ့မခန်း ဓာတ်ပုံတွေ ဖြစ်ပါတယ်။

ကြီးမားလှတဲ့ ဆင်မကြီးတစ်ကောင်နဲ့ ဆင်ပေါက်လေး ၃ ကောင်ဟာ ဥယျာဉ်အတွင်း သွားလာနေစဉ်မှာ ကျွဲရိုင်းတစ်ကောင်က အနားကပ်လာခဲ့ပါတယ်။

ဒီအချိန်မှာ ဆင်မကြီးက သူတို့မိသားစုကို ရန်ပြုမယ်ထင်တာကြောင့် ကျွဲရိုင်းကို အစွယ်နဲ့ထိုးကာ တစ်ဟုန်ထိုး တိုက်ခိုက်ပါတော့တယ်။

ဆင်မကြီးက ကျွဲရိုင်းကို အစွယ်နဲ့ထိုး လေထဲမှာ ဝှေ့ရမ်းပြီး မြေပြင်ကို ပစ်ပေါက်ကာ အပြင်းအထန် တိုက်ခိုက်ခဲ့တာကို တွေ့ရပါတယ်။

အသက် ၅၆ နှစ်အရွယ် ဓာတ်ပုံဆရာက အမျိုးသားဥယျာဉ်ထဲကို အားလပ်ရက် အလည်အပတ် ရောက်ရှိခဲ့စဉ်မှာ ဒီ ဖြစ်ရပ်ကို မြင်တွေ့ခဲ့ပြီးနောက် ချက်ချင်းပဲ မှတ်တမ်းတင်ခဲ့တာ ဖြစ်ပါတယ်။

ဒီ ဓာတ်ပုံတွေကို အင်တာနက်မှာ မြင်တွေ့ ကြည့်ရှုရသူတွေက မိခင်မေတ္တာဖြင့် သားသမီးတွေကို ကာကွယ် စောင့်ရှောက်လိုစိတ် ပြင်းထန်တဲ့ ဖြစ်ရပ်လို့ မှတ်ချက်ပြုခဲ့ကြပါတယ်။

Source & Photo: Daily Mail
credit: duwun

မှတ်ချက်များ