မြန်မာနှစ်(၁၃၇၈)အတွက် ရှေ့ဖြစ်ဟောခန့်မှန်းချက်များ


ယခုခန့်မှန်းချက်များသည် မြန်မာနှစ်(၁၃၇၈)ခုနှစ် (၂၀၁၆ခုနှစ် ဧပြီလ(၁၇)မှ ၂၀၁၇ ဧပြီလ(၁၈)အတွင်း) ဖြစ်ပျက်မည့် မြန်မာပြည်၏ နိုင်ငံရေး၊ စီးပွားရေးနှင့်လူမှုရေးအဖုံဖုံကိုတွက်ချက်ဖော်ပြ ထားခြင်းဖြစ်ပြီး ယခုဟောချက်နိမိတ်များသည် ကျွန်တော် ကာရှိုင်း (ကြယ်စင်ချစ်သူ) ၏ တွက်ချက်ဟောပြ မှုသက်သက်သာဖြစ်ပါကြောင်း ကြိုတင်အစီရင်ခံတင်ပြအပ်ပါသည်။

၁။ အသီးအရွက်ဈေးများ မကြုံစဖူးတက်မည်။ အသီးအရွက်ဈေးများသည် အသားငါးဈေးနှုန်းများထက်ပိုမို ကြီးမြင့်လာလိမ့်မည်။

၂။ ရုပ်ကြွင်းလောင်စာသုံးမော်တော်ကားများ ဈေးနှုန်းသိသာစွာကျဆင်းလာမည်ဖြစ်ပြီး သယ်ယူပို့ဆောင်ရေးယာဉ်များ၏ ပြောင်းလဲမှုတစ်ဆစ်ချိုးဖြစ်ပေါ်မည်။

၃။ တန်ခူး၊ ကဆုန်နှင့် နယုန်လတို့တွင် မန္တလေးတိုင်း၊ ရန်ကုန်တိုင်း၊ မကွေးတိုင်းနှင့်စစ်ကိုင်းတိုင်း စသောဒေသများတွင် ဆယ်စုနှစ်များအတွင်းအဆိုးဝါးဆုံး သဘာဝဘေးဒဏ်ကို သိသာစွာခံစားရမည်။ လူအသေအပျောက်လည်းများမည်။

၎။ ဝါခေါင်နှင့်တော်သလင်းလတို့တွင် ရခိုင်ပြည်နယ်၊ မွန်ပြည်နယ်၊ ပဲခူးတိုင်းနှင့် တနင်္သာရီတိုင်း၊ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်း စသောဒေသများတွင် လေနီကြမ်း၊ မုန်တိုင်း စသောဒဏ်များခံရမည်။ တကျော့ပြန်ရေကြီးမည်။ ရေကြီးမှုမှာ ၂၀၁၅ ကဖြစ်ပျက်ခဲ့သလောက်မဆိုးသော်လည်း ထိုလောက်နီးနီးဖြစ်ပေါ်မည်။

၅။ သတင်းအချက်အလက်နှင့်နည်းပညာကဏ္ဍတွင် မြန်မာနိုင်ငံသည် နိုင်ငံအချို့ကိုကျော်တက်လိမ့်မည်။
၆။ သိပ္ပံပညာရှင်အသစ်များ မြန်မာနိုင်ငံတွင်ပေါ်ပေါက်လာမည်ဖြစ်ပြီး ယခင်ကသိပ္ပံပညာရှင်များလည်း နာမည်ကြီးလာမည်။

၇။ မောင်းသူမဲ့ယာဉ်ကဲ့သို့သော အလိုအလျောက်စနစ်များ ထွန်းကားလာမည်။

၈။ အညာဒေသများတွင် နွေသီးနှံများ အကြီးအကျယ်ပျက်စီးမည်။ ဆောင်းရာသီတွင် နှမ်းလည်း ထင်သလောက်ထွက်မည်မဟုတ်ပါ။

၉။ အချစ်ဆိုသောအဓိပ္ပာယ်ကို ပိုမိုထူးခြားစွာဖွင့်ဆိုလာကြလိမ့်မည်။ လိင်တူချစ်ခြင်းအပြင် ထို့ထက်ပိုထူးဆန်းသော ချစ်ခြင်းတရားများ ပေါ်ပေါက်လာမည်။

၁ဝ။ ပြည်တွင်းစစ်များလျှော့နည်းသွားမည်။ သို့သော် (၁၃၇၈)အတွင်း အပြီးသတ်ချုပ်ငြိမ်းသေးမည်မဟုတ်ပါ။

၁၁။ မှော်အတတ်ပညာများယခုထက်ပိုမိုထွန်ကားလာမည်။ စာတွေ့ခေတ်မှ လက်တွေ့ခေတ်သို့ ကူးပြောင်းခြင်းစတင်မည်။

၁၂။ ဖျော်ဖြေရေးလုပ်ငန်းများ နိုင်ငံတကာအဆင့်မီလာမည်။ မြန်မာ့ရုပ်ရှင်ဈေးကွက် နိုင်ငံတကာသို့ စတင်ထိုးဖောက်လိမ့်မည်။ ပြည်တွင်းရုပ်သံမီဒီယာများ အာရှတွင်ထိပ်တန်းအဆင့်ရောက်လာမည်။

၁၃။ MNL လူစိတ်ဝင်စားမှုပိုနည်းလာမည်။ ကမ္ဘာ့ဖလား၊ လာလီဂါ၊ ချန်ပီယံလိဂ် စသောပွဲများအပေါ်စိတ်ဝင်စားမှုပိုလာမည်။

၁၄။ ဂီတလောက ပြန်လည်ဦးမော့လာလိမ့်မည်။ ပြည်တွင်းဂီတလောက နိုင်ငံတကာသို့ စတင်ဈေးကွက်ဖောက်သော ခြေလှမ်းသစ်စလိမ့်မည်။

၁၅။ စစ်ဘေးရှောင်ဒုက္ခသည်များပြသနာပိုမိုကြီးထွားလာမည်။

၁၆။ သဘာဝတရား၏တန်ဖိုးကို ယခင်ထက်ပိုမိုနားလည်လာကြပြီး ထိန်းသိမ်းရေးလုပ်ကြလိမ့်မည်။ မန္တလေးမြို့သည် သဘာဝတရားကိုထိန်းသိမ်းရာတွင် အရှေ့တောင်အာရှမှာ ထိပ်တန်းမြို့တစ်မြို့ဖြစ်လာမည်ဖြစ်ပြီး ရန်ကုန်မြို့တွင် သဘာဝပတ်ဝန်းကျင်နှင့်ပတ်သတ်သော စည်းမျဉ်းအသစ်များပေါ်ပေါက်လာမည်။

၁၇။ တရုတ်နှင့် အိန္ဒိယပြီးလျှင် အရှေ့တောင်အာရှတွင် မြန်မာသည် မိုဘိုင်းဖုန်းအသုံးပြုမှုအများဆုံးနိုင်ငံ ဖြစ်လာမည်။

၁၈။ ဈေးကွက်စီးပွားရေးစနစ်ပီပြင်စွာဖြစ်ပေါ်လာမည်။ ဗီယက်နမ်နိုင်ငံနှင့် မြန်မာနိုင်ငံသည် နည်းပညာလောကတွင် တန်းတူဖြစ်လာလိမ့်မည်။

၁၉။ ငွေကြေးဈေးကွက်အသစ်များပေါ်ထွက်မည်။

၂ဝ။ နိုင်ငံတကာဆက်ဆံရေးပိုမိုကောင်းမွန်လာသော်လည်း ပြည်တွင်းတွင် ပဋိပက္ခအချို့အနည်းငယ်ဖြစ်နိုင်သည်။ ဆိုးဆိုးဝါးဝါးဖြစ်မည်မဟုတ်။

၂၁။ နိုင်ငံတကာသံတမန်ဆက်ဆံရေးပိုမိုကောင်းမွန်လာမည်။ သို့သော် နိုင်ငံတကာအဖွဲ့အချို့မှ မြန်မာပြည်အပေါ်အထင်လွဲမှုများကြုံရမည်။

၂၂။ ထူးဆန်းသော ကောင်းကင်နိမိတ်ပြမှုများ ပြည်သူအများစုတွေ့မြင်ရမည်။ မှော်ဆန်သော အဖြစ်အပျက်များ၊ မဖော်ထုတ်နိုင်သောပဟေဠိများဖြစ်ပေါ်မည်။

ကာရှိုင်း (ကြယ်စင်ချစ်သူ) | KCB Center

မှတ်ချက်များ