Zawgyiျဖင့္ဖတ္ရန္
ပရိသတ္ေတြ လက္ခံအားေပးထားတဲ့ အဆိုေတာ္ ေအသင္ခ်ိဳေဆြကေတာ့ လက္ရွိခ်ိန္မွာ အခ်စ္ေရးမွာကံအေၾကာင္းမလွခဲ့တာေၾကာင့္ Single Mother တေယာက္ အေနနဲ႔ ရပ္တည္ေနတာ ျဖစ္ပါတယ္။ ေအသင္ခ်ိဳေဆြကေတာ့ ယခုေနာက္ပိုင္းမွာ Single Mother ေတြကိုလည္း အားေပးစကားေတြ မ်ားစြာေျပာၾကားခဲ့ၿပီး သူကိုယ္တိုင္လည္း ဘယ္လိုမ်ိဳး စိတ္ဓါတ္ပိုင္းမွာ ျပင္ဆင္ေနရလည္းဆိုတာေတြကို ရွင္းျပခဲ့ပါတယ္။ သူ႔သမီးေလး Ivy အတြက္လည္း တကယ့္ကို မားမားမတ္မတ္ ရပ္တည္ေပးေနတဲ့ အေမ တေယာက္ျဖစ္ၿပီး ဘယ္လိုေတြ ရင္ဆိုင္ခဲ့ရကာ ဘာေတြေၾကာင့္ ဒီလိုျဖစ္ရလဲဆိုတာကိုေတာ့ ေအသင္ခ်ိဳေဆြ တေယာက္က ေဆြးေႏြးသြားခဲ့ပါတယ္။
ေအသင္ခ်ိဳေဆြကေတာ့ “ ေအသင္ဆိုရင္ မဂၤလာမေဆာင္ဘူး သမီးရည္းစား ဘဝမွာ တူတူေနၾကတယ္။ ကေလးရလာတယ္။ တာဝန္ယူမႈ မခံရပဲ စြန္႔ပစ္ျခင္းခံရတယ္။Single Mother တေယာက္ျဖစ္လာတယ္။ အဲ့လိုဘဝမ်ိဳးကို ဘယ္သူမွ မလိုခ်င္ပါဘူး။ ဒါကေတာ့ ေခတ္လြန္သြားတာေပါ့ေနာ္။ အဆင့္ေတြ ေက်ာ္သြားတယ္။ ၄ ႏွစ္တာလုံး ဒီလိုေနၾကတယ္။ ေနာက္ဆုံး ေ႐ြးခ်ယ္စရာမရွိေတာ့ဘူး။ ဒီလူကိုခ်စ္ၿပီး ကတည္းက ဘဝတခုေတာ့ တည္ေဆာက္ခ်င္တာေပါ့ေနာ္။ ဒါေပမယ့္လည္း ၾကားထဲမွာ အဆင္မေျပတာေတြ ရွိတာေပါ့ေနာ္။ ငယ္ငယ္တုန္းကေတာ့ ေတြးလိုက္တယ္။ ကိုယ့္ကို ခ်စ္ေနရင္ၿပီးၿပီေပါ့ေနာ္။ ေနာက္ဆုံး ဒီလိုျဖစ္လာေတာ့ ဒီလမ္းကို ေ႐ြးခ်ယ္လိုက္ရတာေပါ့ေနာ္။ ဒီလိုမွ မေ႐ြးခ်ယ္ရင္လည္း ဘာလုပ္မွာလဲ ကေလးကို ဖ်က္ခ်မွာလား။ ေအသင္က ဒီလိုလည္း တကိုယ္ေကာင္းမဆန္တတ္ဘူးေပါ့ေနာ္။ တျခားသူေတြေတာ့ မေျပာတတ္ဘူးေပါ့။ ကိုယ့္ရဲ႕ အေတြ႕အႀကဳံကို ေျပာျပတာပါ။
အခုလိုေ႐ြးခ်ယ္လိုက္တဲ့ ဘဝက အဆင္ေျပလားဆိုေတာ့ အခက္ခဲေတြ အမ်ားႀကီး ရွိပါတယ္။ တခုခုဆို ကိုယ့္ကိုမ်ား ေျပာေနမလားဆိုၿပီးေတာ့ မလုံတာေတြလည္း ရွိပါတယ္။ ဒီကေလးကိုယူမယ္လို႔ ဆုံးျဖတ္လိုက္တာနဲ႔ လူ႔အသိုင္းအဝိုင္း လူ႔ပတ္ဝန္းက်င္ေနာက္မွာ ကိုယ္က က်န္ေနခဲ့တယ္။ Single Mother လင္ေကာင္မေပၚပဲ ေမြးတယ္။ လင္ပစ္တာခံရတယ္ဆိုၿပီးေတာ့ ကြယ္ရာမွာ ေျပာေနၾကတာပါပဲ။ ဒါေပမယ့္လည္း ေျပာေနတာ ဘယ္ေလာက္ေျပာႏိုင္မလဲ။ ကိုယ့္မွာ မိခင္ေကာင္း တေယာက္အျဖစ္ ရပ္တည္ႏိုင္တဲ့ အရည္အခ်င္းရွိရင္ ဘယ္ေလာက္ေျပာမလဲ။ ဒီလိုမ်ိဳး အျဖစ္အပ်က္ကို အတုယူတာထက္ လိမၼာေစခ်င္တယ္။ လူတေယာက္ကို အရမ္းမယုံေစခ်င္ဘူး။ ၿပီးေတာ့ Single Mother တေယာက္ရဲ႕ ဘဝက ေတာ္ေတာ္မလြယ္ပါဘူး။ အဓိကကေတာ့ ပတ္ဝန္းက်င္က ႐ိုက္ခပ္လာတဲ့ ဒဏ္ကို ေတာ္ေတာ္ေလးခံရတာပါ။ ဒါေပမယ့္လည္း ကိုယ္မွားသြားခဲ့ၿပီးၿပီ။ ျပန္လည္းျပင္လို႔ မရေတာ့ဘူး။
ရင္ဆိုင္ရပါတယ္။ ခုဆို ေအသင့္သမီးေလးဆိုရင္လည္း အားလုံးက ခ်စ္ၾကပါတယ္။ အေမေတြေရာ အမ်ိဳးေတြပါ။ ဒါေပမယ့္လည္း စိတ္မေကာင္းစရာ တခုက သူ႔မွာ အသိုင္းအဝိုင္း ႏွစ္ခုမရွိဘူးေပါ့။ တခုပဲရွိတယ္။ လူဆိုတာက မရွိတဲ့အရာကိုမွ ေတာင္းတတတ္ၾကတာ ဆိုေတာ့ ႀကီးလာရင္လည္း သူအဲ့ဒီျပသာနာေတြနဲ႔ ရင္ဆိုင္ရဦးမွာပါ။ ကိုယ္ကေကာင္းတာႀကီးပဲ ရမယ္လို႔ မစဥ္းစားထားဘူး။ ကိုယ့္ဆီကို လာမယ့္ ေဝဖန္မႈေတြ ကဲ့ရဲ႕မႈေတြ ရႈံခ်မႈေတြကိုပဲ ႀကိဳၿပီးေတာ့ စဥ္းစားထားတဲ့အတြက္ ခံႏိုင္ရည္ရွိပါတယ္။ ဘယ္လိုေတြ ေျပာေျပာ ကိုယ္က အရည္ခ်င္းရွိတဲ့ မိန္းမတေယာက္ဆိုရင္ ဘာကိုမွ ေၾကာက္ေနစရာမလိုပါဘူး။ ဒါကလည္း အားေပးအားေျမာက္လုပ္တာ မဟုတ္ပါဘူး။
အရင္ဆုံး ဒီလိုလုပ္မယ္ဆိုတဲ့ ဆုံးျဖတ္ခ်က္ကို ခ်လိုက္ရင္ေတာ့ လူအဖြဲ႕အစည္းမွာ လက္မခံတာေတြ ရွိလာမယ္။ ဒီလိုဆိုရင္ေတာ့ ဖ်က္ခ်တာေတြလုပ္လာမယ္။ ကေလးကို စြန္႔ပစ္တာေတြ လုပ္လာမယ္။ ဒါေၾကာင့္လည္း မိဘမဲ့ ဦးေရက တျဖည္းျဖည္းမ်ားလာတယ္။ ကိုယ္မွားတာေတြကို ေနာက္ေၾကာင္း ျပန္လွည့္ရင္း ဒီကေလးကို သတ္ပစ္မွာလား။ ေမြးမွာလား။ ႏွစ္ခုပဲ ရွိတယ္။ ေအသင္ကေတာ့ ဒီကေလးကို ေမြးၿပီးေတာ့ ႏွစ္ေယာက္တူတူ ရင္ဆိုင္သြားမယ္ဆိုတဲ့ စိတ္နဲ႔ပဲ ယူခဲ့တာပါ။ အဲ့ေတာ့ ဘယ္လိုပဲ ျဖစ္ျဖစ္လူဆိုတာ မွားပါတယ္။ အဲ့ေတာ့ ႐ုန္းကန္ရပါတယ္။ ရင္ဆိုင္ရပါတယ္” ဟု ေျပာၾကားသြား ခဲ့ပါတယ္။
Source : Nanmalgyi
Unicode ဖြင့်ဖတ်ရန်
ပရိသတ်တွေ လက်ခံအားပေးထားတဲ့ အဆိုတော် အေသင်ချိုဆွေကတော့ လက်ရှိချိန်မှာ အချစ်ရေးမှာကံအကြောင်းမလှခဲ့တာကြောင့် Single Mother တယောက် အနေနဲ့ ရပ်တည်နေတာ ဖြစ်ပါတယ်။ အေသင်ချိုဆွေကတော့ ယခုနောက်ပိုင်းမှာ Single Mother တွေကိုလည်း အားပေးစကားတွေ များစွာပြောကြားခဲ့ပြီး သူကိုယ်တိုင်လည်း ဘယ်လိုမျိုး စိတ်ဓါတ်ပိုင်းမှာ ပြင်ဆင်နေရလည်းဆိုတာတွေကို ရှင်းပြခဲ့ပါတယ်။ သူ့သမီးလေး Ivy အတွက်လည်း တကယ့်ကို မားမားမတ်မတ် ရပ်တည်ပေးနေတဲ့ အမေ တယောက်ဖြစ်ပြီး ဘယ်လိုတွေ ရင်ဆိုင်ခဲ့ရကာ ဘာတွေကြောင့် ဒီလိုဖြစ်ရလဲဆိုတာကိုတော့ အေသင်ချိုဆွေ တယောက်က ဆွေးနွေးသွားခဲ့ပါတယ်။
အေသင်ချိုဆွေကတော့ “ အေသင်ဆိုရင် မင်္ဂလာမဆောင်ဘူး သမီးရည်းစား ဘဝမှာ တူတူနေကြတယ်။ ကလေးရလာတယ်။ တာဝန်ယူမှု မခံရပဲ စွန့်ပစ်ခြင်းခံရတယ်။Single Mother တယောက်ဖြစ်လာတယ်။ အဲ့လိုဘဝမျိုးကို ဘယ်သူမှ မလိုချင်ပါဘူး။ ဒါကတော့ ခေတ်လွန်သွားတာပေါ့နော်။ အဆင့်တွေ ကျော်သွားတယ်။ ၄ နှစ်တာလုံး ဒီလိုနေကြတယ်။ နောက်ဆုံး ရွေးချယ်စရာမရှိတော့ဘူး။ ဒီလူကိုချစ်ပြီး ကတည်းက ဘဝတခုတော့ တည်ဆောက်ချင်တာပေါ့နော်။ ဒါပေမယ့်လည်း ကြားထဲမှာ အဆင်မပြေတာတွေ ရှိတာပေါ့နော်။ ငယ်ငယ်တုန်းကတော့ တွေးလိုက်တယ်။ ကိုယ့်ကို ချစ်နေရင်ပြီးပြီပေါ့နော်။ နောက်ဆုံး ဒီလိုဖြစ်လာတော့ ဒီလမ်းကို ရွေးချယ်လိုက်ရတာပေါ့နော်။ ဒီလိုမှ မရွေးချယ်ရင်လည်း ဘာလုပ်မှာလဲ ကလေးကို ဖျက်ချမှာလား။ အေသင်က ဒီလိုလည်း တကိုယ်ကောင်းမဆန်တတ်ဘူးပေါ့နော်။ တခြားသူတွေတော့ မပြောတတ်ဘူးပေါ့။ ကိုယ့်ရဲ့ အတွေ့အကြုံကို ပြောပြတာပါ။
အခုလိုရွေးချယ်လိုက်တဲ့ ဘဝက အဆင်ပြေလားဆိုတော့ အခက်ခဲတွေ အများကြီး ရှိပါတယ်။ တခုခုဆို ကိုယ့်ကိုများ ပြောနေမလားဆိုပြီးတော့ မလုံတာတွေလည်း ရှိပါတယ်။ ဒီကလေးကိုယူမယ်လို့ ဆုံးဖြတ်လိုက်တာနဲ့ လူ့အသိုင်းအဝိုင်း လူ့ပတ်ဝန်းကျင်နောက်မှာ ကိုယ်က ကျန်နေခဲ့တယ်။ Single Mother လင်ကောင်မပေါ်ပဲ မွေးတယ်။ လင်ပစ်တာခံရတယ်ဆိုပြီးတော့ ကွယ်ရာမှာ ပြောနေကြတာပါပဲ။ ဒါပေမယ့်လည်း ပြောနေတာ ဘယ်လောက်ပြောနိုင်မလဲ။ ကိုယ့်မှာ မိခင်ကောင်း တယောက်အဖြစ် ရပ်တည်နိုင်တဲ့ အရည်အချင်းရှိရင် ဘယ်လောက်ပြောမလဲ။ ဒီလိုမျိုး အဖြစ်အပျက်ကို အတုယူတာထက် လိမ္မာစေချင်တယ်။ လူတယောက်ကို အရမ်းမယုံစေချင်ဘူး။ ပြီးတော့ Single Mother တယောက်ရဲ့ ဘဝက တော်တော်မလွယ်ပါဘူး။ အဓိကကတော့ ပတ်ဝန်းကျင်က ရိုက်ခပ်လာတဲ့ ဒဏ်ကို တော်တော်လေးခံရတာပါ။ ဒါပေမယ့်လည်း ကိုယ်မှားသွားခဲ့ပြီးပြီ။ ပြန်လည်းပြင်လို့ မရတော့ဘူး။
ရင်ဆိုင်ရပါတယ်။ ခုဆို အေသင့်သမီးလေးဆိုရင်လည်း အားလုံးက ချစ်ကြပါတယ်။ အမေတွေရော အမျိုးတွေပါ။ ဒါပေမယ့်လည်း စိတ်မကောင်းစရာ တခုက သူ့မှာ အသိုင်းအဝိုင်း နှစ်ခုမရှိဘူးပေါ့။ တခုပဲရှိတယ်။ လူဆိုတာက မရှိတဲ့အရာကိုမှ တောင်းတတတ်ကြတာ ဆိုတော့ ကြီးလာရင်လည်း သူအဲ့ဒီပြသာနာတွေနဲ့ ရင်ဆိုင်ရဦးမှာပါ။ ကိုယ်ကကောင်းတာကြီးပဲ ရမယ်လို့ မစဉ်းစားထားဘူး။ ကိုယ့်ဆီကို လာမယ့် ဝေဖန်မှုတွေ ကဲ့ရဲ့မှုတွေ ရှုံချမှုတွေကိုပဲ ကြိုပြီးတော့ စဉ်းစားထားတဲ့အတွက် ခံနိုင်ရည်ရှိပါတယ်။ ဘယ်လိုတွေ ပြောပြော ကိုယ်က အရည်ချင်းရှိတဲ့ မိန်းမတယောက်ဆိုရင် ဘာကိုမှ ကြောက်နေစရာမလိုပါဘူး။ ဒါကလည်း အားပေးအားမြောက်လုပ်တာ မဟုတ်ပါဘူး။
အရင်ဆုံး ဒီလိုလုပ်မယ်ဆိုတဲ့ ဆုံးဖြတ်ချက်ကို ချလိုက်ရင်တော့ လူအဖွဲ့အစည်းမှာ လက်မခံတာတွေ ရှိလာမယ်။ ဒီလိုဆိုရင်တော့ ဖျက်ချတာတွေလုပ်လာမယ်။ ကလေးကို စွန့်ပစ်တာတွေ လုပ်လာမယ်။ ဒါကြောင့်လည်း မိဘမဲ့ ဦးရေက တဖြည်းဖြည်းများလာတယ်။ ကိုယ်မှားတာတွေကို နောက်ကြောင်း ပြန်လှည့်ရင်း ဒီကလေးကို သတ်ပစ်မှာလား။ မွေးမှာလား။ နှစ်ခုပဲ ရှိတယ်။ အေသင်ကတော့ ဒီကလေးကို မွေးပြီးတော့ နှစ်ယောက်တူတူ ရင်ဆိုင်သွားမယ်ဆိုတဲ့ စိတ်နဲ့ပဲ ယူခဲ့တာပါ။ အဲ့တော့ ဘယ်လိုပဲ ဖြစ်ဖြစ်လူဆိုတာ မှားပါတယ်။ အဲ့တော့ ရုန်းကန်ရပါတယ်။ ရင်ဆိုင်ရပါတယ်” ဟု ပြောကြားသွား ခဲ့ပါတယ်။
Source : Nanmalgyi


မှတ်ချက်များ