သင့္အိမ္မွာ ပိုက္ဆံဖြတ္ထားဖို႔ အေကာင္းဆုံးေနရာေတြ




Zawgyi ျဖင့္ဖတ္ရန္

၁။ အ႐ုပ္ထည့္တဲ့ပုံးေတြရဲ႕ ေအာက္ေျခ

သင့္အိမ္မွာ ကေလးငယ္ေလးေတြရွိရင္ေတာ့ ဒီနည္းဟာ အလုပ္ျဖစ္မွာပါ။အကယ္၍ သင့္မွာ ဖြတ္ထားရမယ့္ ပိုက္ဆံရွိေနရင္ေတာ့ စာအိတ္ထဲထည့္ တိပ္နဲ႔ပိတ္ၿပီး အ႐ုပ္ထည့္ပုံးေတြရဲ႕ ေအာက္ေျခမွာထားလိုက္ပါ။

ကေလးေတြက ဒီစာအိတ္ကို ေတြ႕ႏိုင္မွာ မဟုတ္ပါဘူး။ဒီပုံးေတြဟာ သူတို႔အတြက္ ေျပာင္းျပန္လွန္ဖို႔ ခဲယဥ္းလို႔
ပါပဲ။သင့္အိမ္ အေဖာက္ခံရရင္ေတာ့ သူခိုးအေနနဲ႔ ဒီေနရာက ေငြေတြကို ေတြ႕ဖို႔ မျဖစ္ႏိုင္ပါဘူး။ဒါေပမယ့္ဒီေငြေတြကို မၾကာခဏ အသုံးျပဳခ်င္ရင္ေတာ့ ဒီအႀကံက သိပ္မေကာင္းပါဘူး။

၂။ေဆးဗူးအလြတ္ ေတြထဲမွာ



ဒါက လည္း အေကာင္းဆုံးနည္းတစ္ခုပါပဲ။ပိုက္ဆံကိုႀကိဳးနဲ႔ခ်ည္ လိပ္ကာ ေဆးဗူးအလြတ္ထဲ ထည့္ထားလိုက္ပါ။ဒါေပမယ့္ ေဆးဗူးေ႐ြးခ်ယ္ရာမွာေတာ့ ေဆးၫႊန္းေတြပါတဲ့ ေဆးဗူးေတြကို မေ႐ြးခ်ယ္သင့္ပါဘူး။ သူခိုးေတြကေတာ့ သင့္ ေဆးဗူးေတြထဲက ျပန္ေရာင္းလို႔ရမယ့္ ေဆးဗူးေတြကို ယူသြားတတ္ပါတယ္။ဒါ့ေၾကာင့္လည္း သင့္ ပိုက္ဆံေတြကို အလြယ္တကူေတြ႕သြားႏိုင္ပါတယ္။ဒါေၾကာင့္ သင့္ပိုက္ဆံေတြကို အျပင္မွာ ျပန္ေရာင္းလို႔ မရႏိုင္တဲ့ ေဆးဗူးေတြထဲကို ထည့္ထားသင့္ပါတယ္။

၃။စာအုပ္ထဲမွာ

သင့္စာအုပ္ေတြၾကားမွာ ပိုက္ဆံ ဖြတ္ထားတာကလည္းနည္းလမ္းေကာင္းတစ္ခုပါ။သူခိုးေတြက စာအုပ္ေတြကိုခိုးယူေလ့ေတာ့မရွိပါဘူး။ဒါေပမယ့္ သင္ ပိုက္ဆံထည့္ထားတဲ့ စာအုပ္ကို သိထားရမွာျဖစ္ၿပီး မလႉ မိဖို႔နဲ႔ သူငယ္ခ်င္းကို မငွါးမိဖို႔ေတာ့ သတိထားရမွာပါ။ဒါ့အျပင္သင္က ပိုက္ဆံမ်ားမ်ား ဝွက္ခ်င္ရင္ေတာ့ စာ႐ြက္ေတြကို ညႇပ္ပစ္ၿပီး သူခိုး သတိမထားမိေအာင္ ထားသင့္ပါတယ္။

၄။ သင့္အိမ္ေမြးတိရစာၦန္ အစာခြက္ေအာက္မွာ



အိမ္ေမြးတိရစာၦန္ေတြရဲ႕ အစာခြက္ေတြဟာ ညစ္ပတ္သလို အနံ႔ေတြလည္း ထြက္ေနတတ္ပါတယ္။ဒါ့ဟာပိုက္ဆံသိမ္းဖို႔ အေကာင္းဆုံးေနရာပါ။သင့္ပိုက္ဆံကိုစာအိတ္ထဲထည့္ကာ အစာခြက္ေအာက္ထဲမွာ ထားလိုက္ပါ။ဒါဟာ သင့္ပိုက္ဆံေတြကို လုံၿခဳံေစမွာျဖစ္ပါတယ္။

၅။တင္းနစ္ေဘာလုံးအတြင္းမွာ

ဒီလိုသိမ္းထားႏိုင္ဖို႔ေတာ့ သင့္မွာ တင္းနစ္ေဘာလုံးမ်ားမ်ား ဝယ္ထားရပါမယ္။ဒီေဘာလုံးေတြထဲက တစ္လုံးကို ခြဲကာ ပိုက္ဆံေတြ ထည့္ထားႏိုင္ပါတယ္။ဒီ ပိုက္ဆံေတြထည့္ထားတဲ့ ေဘာလုံးကို ဝယ္ထားတဲ့ ေဘာလုံးေတြနဲ႔အတူ ျခင္းတစ္ခုခုထဲမွာ ထည့္ထားလိုက္ပါ။ဒါဟာလည္း သူခိုးေတြ အလြယ္တကူ မေတြ႕ႏိုင္တဲ့ နည္းလမ္းပါပဲ။

၆။အိတ္ကပ္ထဲမွာ

ဒါဟာ အ႐ိုးရွင္းဆုံးနည္းလမ္းျဖစ္ပါတယ္။ သင့္ပိုက္ဆံေတြကို အက်ႌ အိတ္ကပ္ထဲ ထည့္ထားၿပီး ဝွက္ထားလိုက္ပါ။ ဒါေပမယ့္ ဒီ အက်ႌက ေဈးႀကီးဖို႔ေတာ့ မလိုပါဘူး။ အကယ္၍ ေဈးႀကီးခဲ့ရင္ေတာ့ သူခိုး အခိုးခံရႏိုင္ပါတယ္။ဒါ့ေၾကာင့္ သာမန္ အက်ႌ အိတ္ကပ္ထဲသာ ထည့္ထားလိုက္ပါ။သင့္ပိုက္ဆံေတြ လုံၿခဳံမွာပါ။

၇။စားပြဲတင္ ဗူးအေသးေတြထဲမွာ



ဒီ ဗူးေလးေတြထဲမွာ မ်ားေသာအားျဖင့္ ဆားေတြ ထည့္ထားေလ့ရွိတတ္ပါတယ္။သင့္မွာ ဒီလိုဗူး အလြတ္ရွိခဲ့ရင္ေတာ့ ပိုက္ဆံေတြကို သားေရႀကိဳးနဲ႔ခ်ည္ၿပီး ထည့္ထားလိုက္ပါ။ အျခားေနရာေတြထက္ေတာ့ လုံၿခဳံမွာပါ။

၈။ႏႈတ္ခမ္းနီေတာင့္ေတြထဲ

သင့္မွာ ႏႈတ္ခမ္းနီေတာင့္ အလြတ္ေတြ အမ်ားႀကီးရွိရင္မပစ္လိုက္ပါ့နဲ႔။ ပိုက္ဆံသိမ္းဖို႔ အေကာင္းဆုံးေနရာပါ။ ဒီေနရာဟာလည္း သင့္ပိုက္ဆံေတြကို လုံၿခဳံမႈ ေပးစြမ္းႏိုင္မွာပါ။

၉။ စည္သြပ္ဗူးအလြတ္ေတြထဲ

ဒါက သူခိုးေတြကို လွည့္စားမႈတစ္ခုေပါ့။ ပိုက္ဆံမ်ားမ်ားလည္း ထည့္ထားႏိုင္သလို ရိပ္မိဖို႔လည္း မလြယ္ကူပါဘူး။ဒါ့ေၾကာင့္ ဒီဗူးေတြကိုလည္း သင့္အေနနဲ႔.ပိုက္ဆံဝွက္ဖို႔ အသုံးျပဳသင့္တယ္ေနာ္။

၁၀။ မီးပလပ္ အတုေတြေနာက္ထဲ

ပုံမွန္အားျဖင့္ သာမန္ ပလပ္ေတြလို႔ ထင္ရေပမယ့္ အထူးျပဳလုပ္ထားတဲ့ ပလပ္ေတြေပါ့။ဒါ့ေၾကာင့္ ပိုက္ဆံေတြအျပင္ အျခား အဖိုးတန္ ပစၥည္းေတြပါ ထည့္သိမ္းထားသင့္တယ္ေနာ္။အိမ္ကို သူခိုးအေဖာက္ခံရရင္ေတာင္သူခိုးအေနနဲ႔ တစ္အိမ္လုံးက ပလပ္ေတြကို ၾကည့္ႏိုင္မယ္မထင္ပါဘူး။အဲ့ေလာက္လည္း အခ်ိန္မရပါဘူး။ဒါ့ေၾကာင့္ မီးပလပ္ေတြဟာ ပိုက္ဆံ ဝွက္ထားဖို႔ အေကာင္းဆုံး ေနရာေပါ့။

Writer – Min Thu(XYZ News)


Unicode ဖြင့်ဖတ်ရန်

သင့်အိမ်မှာ ပိုက်ဆံဖွတ်ထားဖို့ အကောင်းဆုံးနေရာတွေ





၁။ အရုပ်ထည့်တဲ့ပုံးတွေရဲ့ အောက်ခြေ

သင့်အိမ်မှာ ကလေးငယ်လေးတွေရှိရင်တော့ ဒီနည်းဟာ အလုပ်ဖြစ်မှာပါ။အကယ်၍ သင့်မှာ ဖွတ်ထားရမယ့် ပိုက်ဆံရှိနေရင်တော့ စာအိတ်ထဲထည့် တိပ်နဲ့ပိတ်ပြီး အရုပ်ထည့်ပုံးတွေရဲ့ အောက်ခြေမှာထားလိုက်ပါ။

ကလေးတွေက ဒီစာအိတ်ကို တွေ့နိုင်မှာ မဟုတ်ပါဘူး။ဒီပုံးတွေဟာ သူတို့အတွက် ပြောင်းပြန်လှန်ဖို့ ခဲယဉ်းလို့
ပါပဲ။သင့်အိမ် အဖောက်ခံရရင်တော့ သူခိုးအနေနဲ့ ဒီနေရာက ငွေတွေကို တွေ့ဖို့ မဖြစ်နိုင်ပါဘူး။ဒါပေမယ့်ဒီငွေတွေကို မကြာခဏ အသုံးပြုချင်ရင်တော့ ဒီအကြံက သိပ်မကောင်းပါဘူး။

၂။ဆေးဗူးအလွတ် တွေထဲမှာ



ဒါက လည်း အကောင်းဆုံးနည်းတစ်ခုပါပဲ။ပိုက်ဆံကိုကြိုးနဲ့ချည် လိပ်ကာ ဆေးဗူးအလွတ်ထဲ ထည့်ထားလိုက်ပါ။ဒါပေမယ့် ဆေးဗူးရွေးချယ်ရာမှာတော့ ဆေးညွှန်းတွေပါတဲ့ ဆေးဗူးတွေကို မရွေးချယ်သင့်ပါဘူး။ သူခိုးတွေကတော့ သင့် ဆေးဗူးတွေထဲက ပြန်ရောင်းလို့ရမယ့် ဆေးဗူးတွေကို ယူသွားတတ်ပါတယ်။ဒါ့ကြောင့်လည်း သင့် ပိုက်ဆံတွေကို အလွယ်တကူတွေ့သွားနိုင်ပါတယ်။ဒါကြောင့် သင့်ပိုက်ဆံတွေကို အပြင်မှာ ပြန်ရောင်းလို့ မရနိုင်တဲ့ ဆေးဗူးတွေထဲကို ထည့်ထားသင့်ပါတယ်။

၃။စာအုပ်ထဲမှာ

သင့်စာအုပ်တွေကြားမှာ ပိုက်ဆံ ဖွတ်ထားတာကလည်းနည်းလမ်းကောင်းတစ်ခုပါ။သူခိုးတွေက စာအုပ်တွေကိုခိုးယူလေ့တော့မရှိပါဘူး။ဒါပေမယ့် သင် ပိုက်ဆံထည့်ထားတဲ့ စာအုပ်ကို သိထားရမှာဖြစ်ပြီး မလှူ မိဖို့နဲ့ သူငယ်ချင်းကို မငှါးမိဖို့တော့ သတိထားရမှာပါ။ဒါ့အပြင်သင်က ပိုက်ဆံများများ ဝှက်ချင်ရင်တော့ စာရွက်တွေကို ညှပ်ပစ်ပြီး သူခိုး သတိမထားမိအောင် ထားသင့်ပါတယ်။

၄။ သင့်အိမ်မွေးတိရစ္ဆာန် အစာခွက်အောက်မှာ



အိမ်မွေးတိရစ္ဆာန်တွေရဲ့ အစာခွက်တွေဟာ ညစ်ပတ်သလို အနံ့တွေလည်း ထွက်နေတတ်ပါတယ်။ဒါ့ဟာပိုက်ဆံသိမ်းဖို့ အကောင်းဆုံးနေရာပါ။သင့်ပိုက်ဆံကိုစာအိတ်ထဲထည့်ကာ အစာခွက်အောက်ထဲမှာ ထားလိုက်ပါ။ဒါဟာ သင့်ပိုက်ဆံတွေကို လုံခြုံစေမှာဖြစ်ပါတယ်။

၅။တင်းနစ်ဘောလုံးအတွင်းမှာ

ဒီလိုသိမ်းထားနိုင်ဖို့တော့ သင့်မှာ တင်းနစ်ဘောလုံးများများ ဝယ်ထားရပါမယ်။ဒီဘောလုံးတွေထဲက တစ်လုံးကို ခွဲကာ ပိုက်ဆံတွေ ထည့်ထားနိုင်ပါတယ်။ဒီ ပိုက်ဆံတွေထည့်ထားတဲ့ ဘောလုံးကို ဝယ်ထားတဲ့ ဘောလုံးတွေနဲ့အတူ ခြင်းတစ်ခုခုထဲမှာ ထည့်ထားလိုက်ပါ။ဒါဟာလည်း သူခိုးတွေ အလွယ်တကူ မတွေ့နိုင်တဲ့ နည်းလမ်းပါပဲ။

၆။အိတ်ကပ်ထဲမှာ

ဒါဟာ အရိုးရှင်းဆုံးနည်းလမ်းဖြစ်ပါတယ်။ သင့်ပိုက်ဆံတွေကို အင်္ကျီ အိတ်ကပ်ထဲ ထည့်ထားပြီး ဝှက်ထားလိုက်ပါ။ ဒါပေမယ့် ဒီ အင်္ကျီက ဈေးကြီးဖို့တော့ မလိုပါဘူး။ အကယ်၍ ဈေးကြီးခဲ့ရင်တော့ သူခိုး အခိုးခံရနိုင်ပါတယ်။ဒါ့ကြောင့် သာမန် အင်္ကျီ အိတ်ကပ်ထဲသာ ထည့်ထားလိုက်ပါ။သင့်ပိုက်ဆံတွေ လုံခြုံမှာပါ။

၇။စားပွဲတင် ဗူးအသေးတွေထဲမှာ



ဒီ ဗူးလေးတွေထဲမှာ များသောအားဖြင့် ဆားတွေ ထည့်ထားလေ့ရှိတတ်ပါတယ်။သင့်မှာ ဒီလိုဗူး အလွတ်ရှိခဲ့ရင်တော့ ပိုက်ဆံတွေကို သားရေကြိုးနဲ့ချည်ပြီး ထည့်ထားလိုက်ပါ။ အခြားနေရာတွေထက်တော့ လုံခြုံမှာပါ။

၈။နှုတ်ခမ်းနီတောင့်တွေထဲ

သင့်မှာ နှုတ်ခမ်းနီတောင့် အလွတ်တွေ အများကြီးရှိရင်မပစ်လိုက်ပါ့နဲ့။ ပိုက်ဆံသိမ်းဖို့ အကောင်းဆုံးနေရာပါ။ ဒီနေရာဟာလည်း သင့်ပိုက်ဆံတွေကို လုံခြုံမှု ပေးစွမ်းနိုင်မှာပါ။

၉။ စည်သွပ်ဗူးအလွတ်တွေထဲ

ဒါက သူခိုးတွေကို လှည့်စားမှုတစ်ခုပေါ့။ ပိုက်ဆံများများလည်း ထည့်ထားနိုင်သလို ရိပ်မိဖို့လည်း မလွယ်ကူပါဘူး။ဒါ့ကြောင့် ဒီဗူးတွေကိုလည်း သင့်အနေနဲ့.ပိုက်ဆံဝှက်ဖို့ အသုံးပြုသင့်တယ်နော်။

၁၀။ မီးပလပ် အတုတွေနောက်ထဲ

ပုံမှန်အားဖြင့် သာမန် ပလပ်တွေလို့ ထင်ရပေမယ့် အထူးပြုလုပ်ထားတဲ့ ပလပ်တွေပေါ့။ဒါ့ကြောင့် ပိုက်ဆံတွေအပြင် အခြား အဖိုးတန် ပစ္စည်းတွေပါ ထည့်သိမ်းထားသင့်တယ်နော်။အိမ်ကို သူခိုးအဖောက်ခံရရင်တောင်သူခိုးအနေနဲ့ တစ်အိမ်လုံးက ပလပ်တွေကို ကြည့်နိုင်မယ်မထင်ပါဘူး။အဲ့လောက်လည်း အချိန်မရပါဘူး။ဒါ့ကြောင့် မီးပလပ်တွေဟာ ပိုက်ဆံ ဝှက်ထားဖို့ အကောင်းဆုံး နေရာပေါ့။

Writer – Min Thu(XYZ News)


မှတ်ချက်များ