ထိုင္းအႏုပညာေလာကရဲ႕ ေၾကာ္ျငာဘုရင္မေတြလို႔ သတ္မွတ္ခံထားၾကရတဲ႔ ထိပ္တန္းမင္းသမီး (၅) လက္
Zawgyiျဖင့္ဖတ္ရန္
အႏုပညာရွင္တစ္ေယာက္ရဲ႕ နာမည္ေက်ာ္ၾကားမွဳ၊ ပရိသတ္ေတြအေပၚ လႊမ္းမိုးႏိုင္မွဳကို သိခ်င္တယ္ဆိုရင္ ေၾကာ္ျငာေတြ ဘယ္ေလာက္ရိုက္ကူးရတယ္ဆိုတာကို ၾကည္႔ျပီးအကဲျဖတ္လို႔ ရႏိုင္ပါတယ္။ အခုတင္ဆက္ေဖာ္ျပေပးမယ္႔ ထိပ္တန္းသရုပ္ေဆာင္မင္းသမီး (၅) လက္ကေတာ႔ ဇာတ္ကားရိုက္ကူးမွုေတြမွာသာမက ေၾကာ္ျငာရိုက္ကူးမွုနယ္ပယ္မွာလည္း ဘုရင္မေတြလို႔ အသတ္မွတ္ခံထားၾကရသူေတြ ျဖစ္ပါတယ္။ ဆက္လက္ရွဳစားၾကည္႔လိုက္ၾကပါဦး။
1. Yaya Urassaya Sperbund
အႏုပညာသက္တမ္း ၁၀ ႏွစ္ပတ္၀န္းက်င္ရွိေနျပီျဖစ္တဲ႔ မင္းသမီးေလး Yaya Urassaya ကေတာ႔ ေၾကာျငာေတြဘုရင္မဆိုတဲ႔ သရဖူဆိုကိုေဆာင္းထားႏိုင္သူျဖစ္ျပီး သူမကိုဆိုရင္ ထိုင္းျပည္တြင္းအမွတ္တံဆိပ္ေတြရဲ႕ ေၾကာ္ျငာေမာ္ဒယ္အျဖစ္နဲ႔သာမက ႏိုင္ငံတကာက နာမည္ၾကီးအမွတ္တံဆိပ္ေတြရဲ႕ ေၾကာ္ျငာေမာ္ဒယ္အျဖစ္နဲ႔လည္း ေတြ႕ျမင္ႏိုင္ပါတယ္။ သူမကို ေၾကာ္ျငာေမာ္ဒယ္အျဖစ္နဲ႔ ခန္႔အပ္ထားတဲ႔အမွတ္တံဆိပ္အေရအတြက္ကေတာ႔ ၂၁၀ ေက်ာ္ရွိတယ္လို႔ သိရပါတယ္။
2. Aum Patchrapa
ထိုင္းအႏုပညာေလာကရဲ႕ ၀ါရင္႔သရုပ္ေဆာင္နဲ႔ ေမာ္ဒယ္ျဖစ္သူ Aum Patchrapa ဟာဆိုရင္လည္း ေၾကာ္ျငာေပါင္း ၁၁၃ ခုရဲ႕ ေမာ္ဒယ္ျဖစ္ျပီး ဒီစာရင္းမွာေတာ႔ ဒုတိယေနရာမွာ ရပ္တည္ေနပါတယ္။
3. Pancake Khemanit
Pancake လို႔ ပရိသတ္ေတြက အသိမ်ားၾကတဲ႔ အဆုိေတာ္၊ ေမာ္ဒယ္နဲ႔ သရုပ္ေဆာင္ျဖစ္သူ Pancake Khemanit ကေတာ႔ ေၾကာ္ျငာအမွတ္တံဆိပ္အေရအတြက္ ၁၀၀ ပတ္၀န္းက်င္ရဲ႕ ေမာ္ဒယ္ျဖစ္ပါတယ္။
4. Mai Davika
ျမန္မာပရိသတ္ေတြရဲ႕ အခ်စ္ေတာ္ ထိုင္းမင္းသမီးျဖစ္တဲ႔ Mai Davika ကေတာ႔ ေၾကာ္ျငာအမွတ္တံဆိပ္ ၇၄ ခုရဲ႕ ပင္တိုင္ေမာ္ဒယ္တစ္ေယာက္ျဖစ္တယ္လို႔ သိရပါတယ္။
5. Chompoo Araya
ေနာက္ဆံုးတစ္ေယာက္ကေတာ႔ ထိုင္းႏိုင္ငံရဲ႕ ဒိတ္ဒိတ္ၾကဲမင္းသမီးတစ္လက္ျဖစ္တဲ႔ Chompoo Araya ျဖစ္ျပီး သူမကို ပင္တိုင္ေမာ္ဒယ္အျဖစ္နဲ႔ ခန္႔အပ္ထားတဲ႔အမွတ္တံဆိပ္အေရအတြက္ကေတာ႔ ၇၃ ခု ျဖစ္တယ္လို႔ ေဖာ္ျပထားတာကုိ ေတြ႕ရပါတယ္။
Ref : Thai Update
Credit:momolay
Unicodeဖြင့်ဖတ်ရန်
ထိုင်းအနုပညာလောကရဲ့ ကြော်ငြာဘုရင်မတွေလို့ သတ်မှတ်ခံထားကြရတဲ့ ထိပ်တန်းမင်းသမီး (၅) လက်
အနုပညာရှင်တစ်ယောက်ရဲ့ နာမည်ကျော်ကြားမှု၊ ပရိသတ်တွေအပေါ် လွှမ်းမိုးနိုင်မှုကို သိချင်တယ်ဆိုရင် ကြော်ငြာတွေ ဘယ်လောက်ရိုက်ကူးရတယ်ဆိုတာကို ကြည့်ပြီးအကဲဖြတ်လို့ ရနိုင်ပါတယ်။ အခုတင်ဆက်ဖော်ပြပေးမယ့် ထိပ်တန်းသရုပ်ဆောင်မင်းသမီး (၅) လက်ကတော့ ဇာတ်ကားရိုက်ကူးမှုတွေမှာသာမက ကြော်ငြာရိုက်ကူးမှုနယ်ပယ်မှာလည်း ဘုရင်မတွေလို့ အသတ်မှတ်ခံထားကြရသူတွေ ဖြစ်ပါတယ်။ ဆက်လက်ရှုစားကြည့်လိုက်ကြပါဦး။
1. Yaya Urassaya Sperbund
အနုပညာသက်တမ်း ၁၀ နှစ်ပတ်ဝန်းကျင်ရှိနေပြီဖြစ်တဲ့ မင်းသမီးလေး Yaya Urassaya ကတော့ ကြောငြာတွေဘုရင်မဆိုတဲ့ သရဖူဆိုကိုဆောင်းထားနိုင်သူဖြစ်ပြီး သူမကိုဆိုရင် ထိုင်းပြည်တွင်းအမှတ်တံဆိပ်တွေရဲ့ ကြော်ငြာမော်ဒယ်အဖြစ်နဲ့သာမက နိုင်ငံတကာက နာမည်ကြီးအမှတ်တံဆိပ်တွေရဲ့ ကြော်ငြာမော်ဒယ်အဖြစ်နဲ့လည်း တွေ့မြင်နိုင်ပါတယ်။ သူမကို ကြော်ငြာမော်ဒယ်အဖြစ်နဲ့ ခန့်အပ်ထားတဲ့အမှတ်တံဆိပ်အရေအတွက်ကတော့ ၂၁၀ ကျော်ရှိတယ်လို့ သိရပါတယ်။
2. Aum Patchrapa
ထိုင်းအနုပညာလောကရဲ့ ဝါရင့်သရုပ်ဆောင်နဲ့ မော်ဒယ်ဖြစ်သူ Aum Patchrapa ဟာဆိုရင်လည်း ကြော်ငြာပေါင်း ၁၁၃ ခုရဲ့ မော်ဒယ်ဖြစ်ပြီး ဒီစာရင်းမှာတော့ ဒုတိယနေရာမှာ ရပ်တည်နေပါတယ်။
3. Pancake Khemanit
Pancake လို့ ပရိသတ်တွေက အသိများကြတဲ့ အဆိုတော်၊ မော်ဒယ်နဲ့ သရုပ်ဆောင်ဖြစ်သူ Pancake Khemanit ကတော့ ကြော်ငြာအမှတ်တံဆိပ်အရေအတွက် ၁၀၀ ပတ်ဝန်းကျင်ရဲ့ မော်ဒယ်ဖြစ်ပါတယ်။
4. Mai Davika
မြန်မာပရိသတ်တွေရဲ့ အချစ်တော် ထိုင်းမင်းသမီးဖြစ်တဲ့ Mai Davika ကတော့ ကြော်ငြာအမှတ်တံဆိပ် ၇၄ ခုရဲ့ ပင်တိုင်မော်ဒယ်တစ်ယောက်ဖြစ်တယ်လို့ သိရပါတယ်။
5. Chompoo Araya
နောက်ဆုံးတစ်ယောက်ကတော့ ထိုင်းနိုင်ငံရဲ့ ဒိတ်ဒိတ်ကြဲမင်းသမီးတစ်လက်ဖြစ်တဲ့ Chompoo Araya ဖြစ်ပြီး သူမကို ပင်တိုင်မော်ဒယ်အဖြစ်နဲ့ ခန့်အပ်ထားတဲ့အမှတ်တံဆိပ်အရေအတွက်ကတော့ ၇၃ ခု ဖြစ်တယ်လို့ ဖော်ပြထားတာကို တွေ့ရပါတယ်။
Ref : Thai Update
Credit:momolay






မှတ်ချက်များ