Hotel ေရာက္တာနဲ႔ တန္းအိပ္လို႔ရေအာင္ ညအိပ္ဝတ္စံုဝတ္ၿပီး ေလယာဥ္စီးခဲ့တဲ့ ပိုင္တံခြန္
Zawgyiျဖင့္ဖတ္ရန္
မင္းသားေခ်ာ ပိုင္တံခြန္က ျမန္မာႏိုင္ငံက ပရိသတ္ေတြသာမက ထိုင္းပရိသတ္ေတြရဲ႕ ခ်စ္ခင္အားေပးမႈေတြကို တစ္ခဲနက္ရရိွေနတာ ျဖစ္ပါတယ္။ ႐ုပ္ရည္ေခ်ာေမာရံုသာမက ပရိသတ္ေတြရဲ႕ အႀကိဳက္ကို ေကာင္းေကာင္းသိတဲ့ ပိုင္တံခြန္ကို ပရိသတ္ေတြကလည္း တစ္ေန႔တစ္ျခား အခ်စ္ေတြတိုးလာတာပဲ ျဖစ္ပါတယ္။
ပိုင္တံခြန္က လက္ရိွ ထိုင္းႏိုင္ငံနဲ႔ ျမန္မာႏိုင္ငံမွာ အႏုပညာလုပ္ငန္းေတြကို လုပ္ကိုင္ေနသလို ပြဲအခမ္းအနားေတြကို ဆက္တိုက္ဆိုသလို တက္ေရာက္ေပးေနရတာပဲ ျဖစ္ပါတယ္။
ဒီကေန႔ ႏိုဝင္ဘာလ (၁၇) ရက္ေန႔မွာလည္း ပိုင္တံခြန္က မႏၱေလးၿမိဳ႕မွာ က်င္းပျပဳလုပ္တဲ့ STYLIST ဆိုင္ဖြင့္ပြဲကို တက္ေရာက္ဖို႔ သြားေနတာပဲ ျဖစ္ပါတယ္။
ပိုင္တံခြန္ရဲ႕ ေလဆိပ္ဖက္႐ွင္ကေတာ့ ညအိပ္ဝတ္အက်ႌကိုသာ ဝတ္ဆင္ခဲ့တာ ျဖစ္လို႔ ပရိသတ္ေတြက ထူးဆန္းေနၾကတာပဲ ျဖစ္ပါတယ္။ ပိုင္တံခြန္က မႏၱေလးေရာက္တာနဲ႔ တစ္ခါတည္း တန္းအိပ္လို႔ရေအာင္လို႔ ဆိုထားပါတယ္။
ပိုင္တံခြန္ကေတာ့ တကယ္ကို ထူးထူးဆန္းဆန္းေတြ လုပ္တတ္တာပဲေနာ္။ ပရိသတ္ႀကီးလည္း ပိုင္တံခြန္ရဲ႕ ပံုရိပ္ေတြကို သေဘာက်ၾကမယ္ ထင္ပါတယ္။ အခ်ိန္ေပးၿပီး ဖတ္႐ႈေပးတဲ့ ပရိသတ္ႀကီးကို မိုမိုေလးမွ ေက်းဇူးအထူးတင္ရိွပါတယ္။
Rowena
Source: Paing Takhon's fb
Photo: Htet Paing Ye
Credit:momolay
Unicodeဖြင့်ဖတ်ရန်
Hotel ရောက်တာနဲ့ တန်းအိပ်လို့ရအောင် ညအိပ်ဝတ်စုံဝတ်ပြီး လေယာဉ်စီးခဲ့တဲ့ ပိုင်တံခွန်
မင်းသားချော ပိုင်တံခွန်က မြန်မာနိုင်ငံက ပရိသတ်တွေသာမက ထိုင်းပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုတွေကို တစ်ခဲနက်ရရှိနေတာ ဖြစ်ပါတယ်။ ရုပ်ရည်ချောမောရုံသာမက ပရိသတ်တွေရဲ့ အကြိုက်ကို ကောင်းကောင်းသိတဲ့ ပိုင်တံခွန်ကို ပရိသတ်တွေကလည်း တစ်နေ့တစ်ခြား အချစ်တွေတိုးလာတာပဲ ဖြစ်ပါတယ်။
ပိုင်တံခွန်က လက်ရှိ ထိုင်းနိုင်ငံနဲ့ မြန်မာနိုင်ငံမှာ အနုပညာလုပ်ငန်းတွေကို လုပ်ကိုင်နေသလို ပွဲအခမ်းအနားတွေကို ဆက်တိုက်ဆိုသလို တက်ရောက်ပေးနေရတာပဲ ဖြစ်ပါတယ်။
ဒီကနေ့ နိုဝင်ဘာလ (၁၇) ရက်နေ့မှာလည်း ပိုင်တံခွန်က မန္တလေးမြို့မှာ ကျင်းပပြုလုပ်တဲ့ STYLIST ဆိုင်ဖွင့်ပွဲကို တက်ရောက်ဖို့ သွားနေတာပဲ ဖြစ်ပါတယ်။
ပိုင်တံခွန်ရဲ့ လေဆိပ်ဖက်ရှင်ကတော့ ညအိပ်ဝတ်အင်္ကျီကိုသာ ဝတ်ဆင်ခဲ့တာ ဖြစ်လို့ ပရိသတ်တွေက ထူးဆန်းနေကြတာပဲ ဖြစ်ပါတယ်။ ပိုင်တံခွန်က မန္တလေးရောက်တာနဲ့ တစ်ခါတည်း တန်းအိပ်လို့ရအောင်လို့ ဆိုထားပါတယ်။
ပိုင်တံခွန်ကတော့ တကယ်ကို ထူးထူးဆန်းဆန်းတွေ လုပ်တတ်တာပဲနော်။ ပရိသတ်ကြီးလည်း ပိုင်တံခွန်ရဲ့ ပုံရိပ်တွေကို သဘောကျကြမယ် ထင်ပါတယ်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို မိုမိုလေးမှ ကျေးဇူးအထူးတင်ရှိပါတယ်။
Rowena
Source: Paing Takhon's fb
Photo: Htet Paing Ye
Credit:momolay


မှတ်ချက်များ