ေ၀ဖန္မွုေတြမ်ားစြာကုိ ရင္ဆိုင္ခဲ႔ရေပမယ္႔လည္း အခ်စ္ေတြခုိုင္ျမဲေနၾကဆဲျဖစ္တဲ႔ Luhan နဲ႔ Guan Xiaotong တို႔ ခ်စ္သူႏွစ္ဦး


Zawgyiျဖင့္ဖတ္ရန္

လြန္ခဲ႔တဲ႔ ၂ ႏွစ္ေက်ာ္ေလာက္တုန္းက EXO ရဲ႕ အဖြဲ႕၀င္ေဟာင္းျဖစ္သူ Luhan တစ္ေယာက္ ခ်စ္သူမိန္းကေလးရရွိေနျပီဆိုတဲ႔သတင္းေတြဟာ ရုတ္ခ်ည္းဆိုသလို တစ္ကမာၻလံုးက ပရိသတ္ေတြအၾကားက ပ်ံ႕ႏွံ႔လို႔သြားခဲ႔ျပီး မၾကာခင္မွာပဲ Luhan ဟာ သူ႕ရဲ႕ ခ်စ္သူက ဘယ္သူဘယ္၀ါျဖစ္တယ္ဆိုတာကို သူကိုယ္တိုင္ လူမွဳကြန္ရက္ကေနတဆင္႔ အသိေပးေၾကညာခဲ႔ပါတယ္။ သူ႕ရဲ႕ခ်စ္သူကေတာ႔ တျခားသူမဟုတ္ပဲ သရုပ္ေဆာင္မင္းသမီးတစ္လက္ျဖစ္တဲ႔ Guan Xiaotong ပဲျဖစ္ပါတယ္။


အဲဒီအခ်ိန္တုန္းက သူတို႔ ၂ ဦးရဲ႕ စံုတြဲဓာတ္ပံုနဲ႔အတူ သတင္းေတြကလည္း ႏုိင္ငံတကာက မီဒီယာေတြရဲ႕ စာမ်က္ႏွာအထက္မွာေနရာယူခဲ႔ၾကကာ ပရိသတ္ေတြရဲ႕ စိတ္၀င္စားမွုကို အျပည္႔အ၀ရရွိခဲ႔ပါတယ္။ ဒီလိုမ်ိုး စိတ္၀င္စားမွုေတြအျပင္ ေ၀ဖန္မွဳေတြမ်ားစြာလည္း ရရွိခဲ႔ကာ အဲဒီေနာက္ပိုင္းမွာေတာ႔ Luhan တစ္ေယာက္ ေၾကာ္ျငာစာခ်ုပ္တခ်ို႕ကို ဖ်က္သိမ္းခဲ႔ရတယ္လုိ႔ သိရပါတယ္။

အဲဒီေနာက္မွာေတာ႕ ေ၀ဖန္တိုက္ခိုက္မွုေတြ၊ အခက္အခဲေတြမ်ားစြာကို ရရွိခဲ႔ၾကတဲ႔ သူတို႔ ၂ ေယာက္ရဲ႕ ခ်စ္သူသက္တမ္းက သိပ္မၾကာရွည္ေလာက္ဘူးလို႔ ပရိသတ္ေတြက ထင္ေၾကးေပးခန္႔မွန္းခဲ႔ၾကပါတယ္။ တခ်ိဳ႕ေသာ ပရိသတ္ေတြဆိုရင္ သူတို႔ ၂ ဦးကို လမ္းခြဲလိုက္ၾကျပီလုိ႔ေတာင္ ထင္ေၾကးေတြေပးထားခဲ႔ၾကျပီး ေကာလဟာလသတင္းေတြမ်ားစြာလည္း ထြက္ေပၚခဲ႔ပါေသးတယ္။

ဒါေပမယ္႔လည္း လတ္တေလာမွာထြက္ေပၚလာတဲ႔ ပံုရိ္ပ္ေတြအရေတာ႔ သူတို႔စံုတြဲဟာ ဒီေန႔အခ်ိန္ထိ တစ္ေယာက္ကိုတစ္ေယာက္ ေႏြးေထြးမွုေတြရွိေနၾကဆဲျဖစ္ကာ အခ်စ္ေတြလည္း ခိုင္ျမဲေနတယ္ဆိုတာကို ေတြ႕ျမင္ႏိုင္ပါတယ္။ ျပီးခဲ႔တဲ႔အပတ္တုန္းက ထြက္ေပၚခဲ႔တဲ႔ အဆိုပါပံုရိပ္ေတြမွာဆိုရင္ Luhan နဲ႔ Guan Xiaotong တို႔ ၂ ဦးသားဟာ ဂ်ပန္ႏိုင္ငံက စားေသာက္ဆိုင္တစ္ဆိုင္မွာ ဒိတ္ေနၾကတာကို ပရိသတ္တစ္ေယာက္က ေတြ႕ခဲ႔ျပီး ဓာတ္ပံုရိုက္ယူခဲ႔ကာ အြန္လိုင္းကေနတဆင္႔ မွ်ေ၀ျပခဲ႔ပါတယ္။

ဒီလိုပံုရိပ္ေတြထြက္ေပၚခဲ႔ျပီး သိပ္မၾကာခင္မွာပဲ Guan Xiaotong ဟာ ထိုစားေသာက္ဆိုင္မွာရိုက္ကူးထားတဲ႔ သူမ တစ္ေယာက္တည္းပံုကို လူမွုကြန္ရက္မွာ ေ၀မွ်ခဲ႔တာေၾကာင္႔ ပံုထဲမွာပါတဲ႔ အ၀တ္အစားနဲ႔ ေနာက္ခံအေနအထားေတြကို ၾကည္႔ျခင္းျဖင္႔ ပရိသတ္ေတြ႕ရွိခဲ႔တာနဲ႔ တူညီေနတာကို ေတြ႕ရွိရပါတယ္။

Sweet Combat ဆိုတဲ႔ ရိုမန္တစ္ဇာတ္လမ္းတြဲမွာ အတူတြဲဖက္ပါ၀င္သရုပ္ေဆာင္ခဲ႔ျပီးေနာက္ ခ်စ္ကၽြမ္း၀င္ခဲ႔ၾကတဲ႔ သူတို႔ ၂ ဦးဟာ ခ်စ္ၾကိဳက္ေနၾကျပီဆိုတဲ႔သတင္းကိုေတာ႔ ၂၀၁၇ ခုႏွစ္ ေအာက္တိုဘာလမွာ အသိေပးခဲ႔ၾကတာျဖစ္ပါတယ္။ သတင္းေတြထြက္ရွိခဲ႔ျပီးေနာက္မွာ အေ၀ဖန္ခံရဆံုးနဲ႔ အတိုက္ခိုက္ခံရဆံုးကေတာ႔ Guan Xiaotong ျဖစ္တယ္ဆုိေပမယ္႔လည္း Luhan ဟာလည္းပဲ ပရိသတ္ေတြရဲ႕ ေ၀ဖန္မွဳေတြကို မ်ားစြာရရွိခဲ႔တာ ျဖစ္ပါတယ္။

အတိုက္အခိုက္ေတြမ်ားစြာကို ေတြ႕ၾကံဳခဲ႔ရေပမယ္႔လည္း သူတို႔ ခ်စ္သူ ၂ ဦးကေတာ႔ တစ္ေယာက္နဲ႔ တစ္ေယာက္ မေျပာင္းလဲပဲ ဒီေန႔အခ်ိန္ထိ လက္တြဲထားၾကဆဲျဖစ္ျပီး အခက္အခဲေတြနဲ႔ ရင္ဆိုင္ရခ်ိန္မွာလည္း တစ္ေယာက္ေဘးမွာ တစ္ေယာက္ရွိေနၾကဆဲပါပဲေနာ္။

Ref : DramaPanda

Credit:momolay

Unicodeဖြင့်ဖတ်ရန်

ဝေဖန်မှုတွေများစွာကို ရင်ဆိုင်ခဲ့ရပေမယ့်လည်း အချစ်တွေခိုင်မြဲနေကြဆဲဖြစ်တဲ့ Luhan နဲ့ Guan Xiaotong တို့ ချစ်သူနှစ်ဦး

လွန်ခဲ့တဲ့ ၂ နှစ်ကျော်လောက်တုန်းက EXO ရဲ့ အဖွဲ့ဝင်ဟောင်းဖြစ်သူ Luhan တစ်ယောက် ချစ်သူမိန်းကလေးရရှိနေပြီဆိုတဲ့သတင်းတွေဟာ ရုတ်ချည်းဆိုသလို တစ်ကမ္ဘာလုံးက ပရိသတ်တွေအကြားက ပျံ့နှံ့လို့သွားခဲ့ပြီး မကြာခင်မှာပဲ Luhan ဟာ သူ့ရဲ့ ချစ်သူက ဘယ်သူဘယ်ဝါဖြစ်တယ်ဆိုတာကို သူကိုယ်တိုင် လူမှုကွန်ရက်ကနေတဆင့် အသိပေးကြေညာခဲ့ပါတယ်။ သူ့ရဲ့ချစ်သူကတော့ တခြားသူမဟုတ်ပဲ သရုပ်ဆောင်မင်းသမီးတစ်လက်ဖြစ်တဲ့ Guan Xiaotong ပဲဖြစ်ပါတယ်။


အဲဒီအချိန်တုန်းက သူတို့ ၂ ဦးရဲ့ စုံတွဲဓာတ်ပုံနဲ့အတူ သတင်းတွေကလည်း နိုင်ငံတကာက မီဒီယာတွေရဲ့ စာမျက်နှာအထက်မှာနေရာယူခဲ့ကြကာ ပရိသတ်တွေရဲ့ စိတ်ဝင်စားမှုကို အပြည့်အဝရရှိခဲ့ပါတယ်။ ဒီလိုမျိုး စိတ်ဝင်စားမှုတွေအပြင် ဝေဖန်မှုတွေများစွာလည်း ရရှိခဲ့ကာ အဲဒီနောက်ပိုင်းမှာတော့ Luhan တစ်ယောက် ကြော်ငြာစာချုပ်တချို့ကို ဖျက်သိမ်းခဲ့ရတယ်လို့ သိရပါတယ်။

အဲဒီနောက်မှာတော့ ဝေဖန်တိုက်ခိုက်မှုတွေ၊ အခက်အခဲတွေများစွာကို ရရှိခဲ့ကြတဲ့ သူတို့ ၂ ယောက်ရဲ့ ချစ်သူသက်တမ်းက သိပ်မကြာရှည်လောက်ဘူးလို့ ပရိသတ်တွေက ထင်ကြေးပေးခန့်မှန်းခဲ့ကြပါတယ်။ တချို့သော ပရိသတ်တွေဆိုရင် သူတို့ ၂ ဦးကို လမ်းခွဲလိုက်ကြပြီလို့တောင် ထင်ကြေးတွေပေးထားခဲ့ကြပြီး ကောလဟာလသတင်းတွေများစွာလည်း ထွက်ပေါ်ခဲ့ပါသေးတယ်။

ဒါပေမယ့်လည်း လတ်တလောမှာထွက်ပေါ်လာတဲ့ ပုံရိပ်တွေအရတော့ သူတို့စုံတွဲဟာ ဒီနေ့အချိန်ထိ တစ်ယောက်ကိုတစ်ယောက် နွေးထွေးမှုတွေရှိနေကြဆဲဖြစ်ကာ အချစ်တွေလည်း ခိုင်မြဲနေတယ်ဆိုတာကို တွေ့မြင်နိုင်ပါတယ်။ ပြီးခဲ့တဲ့အပတ်တုန်းက ထွက်ပေါ်ခဲ့တဲ့ အဆိုပါပုံရိပ်တွေမှာဆိုရင် Luhan နဲ့ Guan Xiaotong တို့ ၂ ဦးသားဟာ ဂျပန်နိုင်ငံက စားသောက်ဆိုင်တစ်ဆိုင်မှာ ဒိတ်နေကြတာကို ပရိသတ်တစ်ယောက်က တွေ့ခဲ့ပြီး ဓာတ်ပုံရိုက်ယူခဲ့ကာ အွန်လိုင်းကနေတဆင့် မျှဝေပြခဲ့ပါတယ်။

ဒီလိုပုံရိပ်တွေထွက်ပေါ်ခဲ့ပြီး သိပ်မကြာခင်မှာပဲ Guan Xiaotong ဟာ ထိုစားသောက်ဆိုင်မှာရိုက်ကူးထားတဲ့ သူမ တစ်ယောက်တည်းပုံကို လူမှုကွန်ရက်မှာ ဝေမျှခဲ့တာကြောင့် ပုံထဲမှာပါတဲ့ အဝတ်အစားနဲ့ နောက်ခံအနေအထားတွေကို ကြည့်ခြင်းဖြင့် ပရိသတ်တွေ့ရှိခဲ့တာနဲ့ တူညီနေတာကို တွေ့ရှိရပါတယ်။

Sweet Combat ဆိုတဲ့ ရိုမန်တစ်ဇာတ်လမ်းတွဲမှာ အတူတွဲဖက်ပါဝင်သရုပ်ဆောင်ခဲ့ပြီးနောက် ချစ်ကျွမ်းဝင်ခဲ့ကြတဲ့ သူတို့ ၂ ဦးဟာ ချစ်ကြိုက်နေကြပြီဆိုတဲ့သတင်းကိုတော့ ၂၀၁၇ ခုနှစ် အောက်တိုဘာလမှာ အသိပေးခဲ့ကြတာဖြစ်ပါတယ်။ သတင်းတွေထွက်ရှိခဲ့ပြီးနောက်မှာ အဝေဖန်ခံရဆုံးနဲ့ အတိုက်ခိုက်ခံရဆုံးကတော့ Guan Xiaotong ဖြစ်တယ်ဆိုပေမယ့်လည်း Luhan ဟာလည်းပဲ ပရိသတ်တွေရဲ့ ဝေဖန်မှုတွေကို များစွာရရှိခဲ့တာ ဖြစ်ပါတယ်။

အတိုက်အခိုက်တွေများစွာကို တွေ့ကြုံခဲ့ရပေမယ့်လည်း သူတို့ ချစ်သူ ၂ ဦးကတော့ တစ်ယောက်နဲ့ တစ်ယောက် မပြောင်းလဲပဲ ဒီနေ့အချိန်ထိ လက်တွဲထားကြဆဲဖြစ်ပြီး အခက်အခဲတွေနဲ့ ရင်ဆိုင်ရချိန်မှာလည်း တစ်ယောက်ဘေးမှာ တစ်ယောက်ရှိနေကြဆဲပါပဲနော်။

Ref : DramaPanda

Credit:momolay

မှတ်ချက်များ