ေနျခည္ဦးတို႔တက္ေရာက္တဲ့ပြဲမွာ မေယာင္မလည္နဲ႔ ပရိသတ္ေတြၾကားေရာၿပီးပြဲျကည့္ခဲ့တဲ့ ေဖြးေဖြး


Zawgyiျဖင့္ဖတ္ရန္

ႏိုင္ငံေက်ာ္ မင္းသမီးေခ်ာေလး ေဖြးေဖြးက အႏုပညာေလာကမွာ ေအာင္ျမင္မႈမ်ားစြာ ရရိွခဲ့ၿပီး အခုခ်ိန္ထိတိုင္ ထိပ္တန္းမင္းသမီးတစ္လက္အျဖစ္ ရပ္တည္ေနဆဲပါ။ ေဖြးေဖြးက က်ရာဇာတ္႐ုပ္အတိုင္း သူမကိုယ္သူမေျပာင္းလဲၿပီး သ႐ုပ္ေဆာင္ႏိုင္တာေၾကာင့္ အႏုပညာသက္တမ္း ဆယ္ႏွစ္ေက်ာ္အတြင္းမွာ အကယ္ဒမီဆုႀကီး (၃) ဆု တိတိကို ဆြတ္ခူးရရိွထားတာ ျဖစ္ပါတယ္။

ေဖြးေဖြးက ႐ုပ္႐ွင္ဇာတ္ကားႀကီးေတြကို လက္မလည္ေအာင္ ႐ိုက္ကူးေနရၿပီး လက္ရိွမွာလည္း ဒါ႐ိုက္တာကိုေဇာ္ (အ႐ုဏ္ဦး) ႐ိုက္ကူးတဲ့ "ေရာသမေမႊ" ႐ုပ္႐ွင္ဇာတ္ကားႀကီးမွာ သ႐ုပ္ေဆာင္ေနတာပဲ ျဖစ္ပါတယ္။

မေန႔က ႏိုဝင္ဘာလ (၁၆) ရက္ေန႔မွာေတာ့ ေဖြးေဖြးက ရန္ကုန္ၿမိဳ႕ Juction City မွာ "ေရာသမေမႊ" ႐ုပ္႐ွင္ဇာတ္ကားႀကီးကို လႊမ္းပိုင္၊ ရဲရင့္ေအာင္၊ ခင္လိႈင္၊ ျဖဴျဖဴေထြး၊ မိုးမိုးတို႔နဲ႔ အတူတူ ႐ိုက္ကူးေနတာပဲ ျဖစ္ပါတယ္။

ထိုအခ်ိန္မွာပဲ ေနျခည္ဦး၊ ေရႊမႈံရတီတို႔ပြဲတက္တဲ့ Lax ေရခ်ိဳးဆပ္ျပာအသစ္မိတ္ဆက္ပြဲအခမ္းအနားကလည္း က်င္းပေနတာျဖစ္ၿပီး ေဖြးေဖြးတို့လည္း ပရိသတ္ေတြနဲ႔အတူတူ ေရာေႏွာၿပီး ပြဲၾကည့္ခဲ့တာကို ေတြ႔ျမင္ခဲ့ရပါတယ္။

ေဖြးေဖြးကေတာ့ "ေရာသမေမႊ" ႐ုပ္႐ွင္ဇာတ္ကားႀကီးမွာ ဘယ္လိုေတြ သ႐ုပ္ေဆာင္ထားမလဲ စိတ္ဝင္စားစရာပါပဲ။ အခ်ိန္ေပးၿပီး ဖတ္႐ႈေပးတဲ့ ပရိသတ္ႀကီးကို မိုမိုေလးမွ ေက်းဇူးအထူးတင္ပါတယ္။

Rowena

Source: Momolay Tv

Photo: MDS Myanmar

Credit:momolay

Unicodeဖြင့်ဖတ်ရန်

နေခြည်ဦးတို့တက်ရောက်တဲ့ပွဲမှာ မယောင်မလည်နဲ့ ပရိသတ်တွေကြားရောပြီးပွဲကြည့်ခဲ့တဲ့ ဖွေးဖွေး

နိုင်ငံကျော် မင်းသမီးချောလေး ဖွေးဖွေးက အနုပညာလောကမှာ အောင်မြင်မှုများစွာ ရရှိခဲ့ပြီး အခုချိန်ထိတိုင် ထိပ်တန်းမင်းသမီးတစ်လက်အဖြစ် ရပ်တည်နေဆဲပါ။ ဖွေးဖွေးက ကျရာဇာတ်ရုပ်အတိုင်း သူမကိုယ်သူမပြောင်းလဲပြီး သရုပ်ဆောင်နိုင်တာကြောင့် အနုပညာသက်တမ်း ဆယ်နှစ်ကျော်အတွင်းမှာ အကယ်ဒမီဆုကြီး (၃) ဆု တိတိကို ဆွတ်ခူးရရှိထားတာ ဖြစ်ပါတယ်။

ဖွေးဖွေးက ရုပ်ရှင်ဇာတ်ကားကြီးတွေကို လက်မလည်အောင် ရိုက်ကူးနေရပြီး လက်ရှိမှာလည်း ဒါရိုက်တာကိုဇော် (အရုဏ်ဦး) ရိုက်ကူးတဲ့ "ရောသမမွှေ" ရုပ်ရှင်ဇာတ်ကားကြီးမှာ သရုပ်ဆောင်နေတာပဲ ဖြစ်ပါတယ်။

မနေ့က နိုဝင်ဘာလ (၁၆) ရက်နေ့မှာတော့ ဖွေးဖွေးက ရန်ကုန်မြို့ Juction City မှာ "ရောသမမွှေ" ရုပ်ရှင်ဇာတ်ကားကြီးကို လွှမ်းပိုင်၊ ရဲရင့်အောင်၊ ခင်လှိုင်၊ ဖြူဖြူထွေး၊ မိုးမိုးတို့နဲ့ အတူတူ ရိုက်ကူးနေတာပဲ ဖြစ်ပါတယ်။

ထိုအချိန်မှာပဲ နေခြည်ဦး၊ ရွှေမှုံရတီတို့ပွဲတက်တဲ့ Lax ရေချိုးဆပ်ပြာအသစ်မိတ်ဆက်ပွဲအခမ်းအနားကလည်း ကျင်းပနေတာဖြစ်ပြီး ဖွေးဖွေးတို့လည်း ပရိသတ်တွေနဲ့အတူတူ ရောနှောပြီး ပွဲကြည့်ခဲ့တာကို တွေ့မြင်ခဲ့ရပါတယ်။

ဖွေးဖွေးကတော့ "ရောသမမွှေ" ရုပ်ရှင်ဇာတ်ကားကြီးမှာ ဘယ်လိုတွေ သရုပ်ဆောင်ထားမလဲ စိတ်ဝင်စားစရာပါပဲ။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို မိုမိုလေးမှ ကျေးဇူးအထူးတင်ပါတယ်။

Rowena

Source: Momolay Tv

Photo: MDS Myanmar

Credit:momolay

မှတ်ချက်များ