ခံစားေနရတဲ့ ေရာဂါဆိုးႀကီး တစ္ခုေၾကာင့္ အလႉရွင္ေတြ အေရးေပၚ လိုအပ္ေနတဲ့ သနားစရာ ကိုရင္ေလး




Zawgyi ျဖင့္ဖတ္ရန္

အလႉအတန္းေတြ လုပ္လိုတဲ့ ပရိသတ္ေတြအတြက္ တကယ့္အက်ိဳးရွိမယ့္ လႉဒါန္းမႈေလးတစ္ခုကို အသိေပးပါရေစ။ ဒါကေတာ့ ကိုရင္ႀကီး တစ္ပါး ေဆးကုသဖို႔ အကူအညီလိုအပ္ေနလို႔ပါ။ သာသနာအတြက္ျဖစ္ေစ ၊ လူသားျခင္းစာနာမႈအတြက္ျဖစ္
ေစ ဘယ္ရႈေထာင့္က ၾကည့္ၾကည့္ လႉအပ္ ၊ ကူညီ အပ္တာ မို႔ သတင္းေပး တင္ျပရတာပါ။



ကိုရင္ႀကီးက ပ်ဥ္းမနားၿမိဳ႕ ၊ ၿမိဳ႕ဦးရပ္ကြက္ ေအာင္ခ်မ္းသာေက်ာင္းတိုက္မွာ သီတင္းသုံးေနထိုင္ေတာ္မူပါတယ္။ ဘြဲ႕ေတာ္ကေတာ့ ရွင္အာစရ ပါ။ ကိုရင္ အသက္ ၁၇ ႏွစ္ရွိပါၿပီ။ ၁၅ ႏွစ္သားေလာက္ကတည္းက ေသြးေလးဘက္နာ ေရာဂါကို ခံစားေနရတာပါ။ ကိုရင္ရဲ႕ မယ္ေတာ္ႀကီးကလည္း မုဆိုးမ ပ်ံက်ေဈးေရာင္းၿပီး ကိုရင္ႀကီးကို ေဆးကုေပမယ့္ အခုေတာ့ ေဆးကုသဖို႔ အခက္အခဲရွိတဲ့ အေျခအေနျဖစ္လာတာေၾကာင့္ ရန္ကုန္ကိုပင့္ၿပီး ကုသေပးမလို႔ပါ။




ဒါေၾကာင့္ အလႉရွင္ေတြ အေနနဲ႔ ကိုယ္တိုင္ကိုယ္ၾကျဖစ္ေစ ၊ တဆင့္ခံျဖင့္ ျဖစ္ေစေပးလႉကူညီႏိုင္ၾကေစဖို႔ အသိေပးတင္ျပပါရေစ။ အေသးစိတ္ သိလိုရင္လည္း မယဥ္မြန္ 09422499051 ကို ဆက္သြယ္ႏိုင္တယ္လို႔ သိရပါတယ္။(၇) ရက္သားသမီးအားလုံး ကိုယ္စိတ္ႏွစ္ျဖာ ေအးခ်မ္းသာယာၾကပါေစ။

share from: burmese.asia


Unicode ဖြင့်ဖတ်ရန်



ခံစားနေရတဲ့ ရောဂါဆိုးကြီး တစ်ခုကြောင့် အလှူရှင်တွေ အရေးပေါ် လိုအပ်နေတဲ့ သနားစရာ ကိုရင်လေး

အလှူအတန်းတွေ လုပ်လိုတဲ့ ပရိသတ်တွေအတွက် တကယ့်အကျိုးရှိမယ့် လှူဒါန်းမှုလေးတစ်ခုကို အသိပေးပါရစေ။ ဒါကတော့ ကိုရင်ကြီး တစ်ပါး ဆေးကုသဖို့ အကူအညီလိုအပ်နေလို့ပါ။ သာသနာအတွက်ဖြစ်စေ ၊ လူသားခြင်းစာနာမှုအတွက်ဖြစ်
စေ ဘယ်ရှုထောင့်က ကြည့်ကြည့် လှူအပ် ၊ ကူညီ အပ်တာ မို့ သတင်းပေး တင်ပြရတာပါ။



ကိုရင်ကြီးက ပျဉ်းမနားမြို့ ၊ မြို့ဦးရပ်ကွက် အောင်ချမ်းသာကျောင်းတိုက်မှာ သီတင်းသုံးနေထိုင်တော်မူပါတယ်။ ဘွဲ့တော်ကတော့ ရှင်အာစရ ပါ။ ကိုရင် အသက် ၁၇ နှစ်ရှိပါပြီ။ ၁၅ နှစ်သားလောက်ကတည်းက သွေးလေးဘက်နာ ရောဂါကို ခံစားနေရတာပါ။ ကိုရင်ရဲ့ မယ်တော်ကြီးကလည်း မုဆိုးမ ပျံကျဈေးရောင်းပြီး ကိုရင်ကြီးကို ဆေးကုပေမယ့် အခုတော့ ဆေးကုသဖို့ အခက်အခဲရှိတဲ့ အခြေအနေဖြစ်လာတာကြောင့် ရန်ကုန်ကိုပင့်ပြီး ကုသပေးမလို့ပါ။



ဒါကြောင့် အလှူရှင်တွေ အနေနဲ့ ကိုယ်တိုင်ကိုယ်ကြဖြစ်စေ ၊ တဆင့်ခံဖြင့် ဖြစ်စေပေးလှူကူညီနိုင်ကြစေဖို့ အသိပေးတင်ပြပါရစေ။ အသေးစိတ် သိလိုရင်လည်း မယဉ်မွန် 09422499051 ကို ဆက်သွယ်နိုင်တယ်လို့ သိရပါတယ်။(၇) ရက်သားသမီးအားလုံး ကိုယ်စိတ်နှစ်ဖြာ အေးချမ်းသာယာကြပါစေ။

share from: burmese.asia


မှတ်ချက်များ