Zawgyiျဖင့္ဖတ္ရန္
ကေလးေလးေတြဟာ သူတို႔ရဲ႕ ခ်စ္စရာ ကစားစရာ အ႐ုပ္ေလးကိုၾကည့္ၿပီး စိတ္ကူးယဥ္တတ္ၾကတာ သဘာဝပဲျဖစ္ပါတယ္။ ေယာက္်ားေလးေတြက စပိုက္ဒါမန္း၊ စူပါမန္း စသျဖင့္ စိတ္ကူးယဥ္တတ္ၾကသလို မိန္းကေလးေတြအတြက္ေတာ့ ဘာဘီအ႐ုပ္မေလးတြဟာ သူတို႔ စိတ္ကူးယဥ္လို႔မဆုံး အားက်လို႔ မဆုံးတဲ့ အ႐ုပ္ေလးေတြျဖစ္ပါတယ္။
သူတို႔ကိုယ္သူတို႔ ဘာဘီေလးနဲ႔တူေအာင္ ဘယ္လို ဝတ္စားျပင္ဆင္ရမလဲဆိုတာ အၿမဲစူးစမ္းေနတတ္ပါတယ္။ အဲဒီအထဲမွာ ဘရာဇီးႏိုင္ငံက ကေလးမေလးလည္း တစ္ေယာက္အပါအဝင္ျဖစ္ပါတယ္။
သူကေတာ့ ဘာဘီရဲ႕ မ်က္လုံးေလးေတြကို သေဘာက်ေနသူပါ။ သူမရဲ႕ မ်က္လုံးေတြကို အ႐ုပ္မရဲ႕ မ်က္လုံးတူေအာင္ ဘယ္လိုလုပ္ရမလဲဆိုတာ စဥ္းစားေနၿပီးမွ ကေလးအေတြးနဲ႔ အ႐ုပ္မရဲ႕ ပလတ္စတစ္ မ်က္လုံးကို ျဖဳတ္ၿပီး သူမရဲ႕ မ်က္လုံးထဲ ထိုးထည့္ခဲ့ပါတယ္။
မ်က္လုံးလွလွေလး သူ႔မ်က္လုံးထဲမွာ တပ္ၿပီးသြားေပမယ့္ နာက်င္လြန္းတာေၾကာင့္ ျပန္ထုတ္ဖို႔ ႀကိဳးစားတဲ့အခါမွာေတာ့ အ႐ုပ္ရဲ႕မ်က္လုံးဟာ သူမရဲ႕မ်က္ခြံထက္ ႀကီးေနတာေၾကာင့္ ျပန္ထုတ္လို႔မရပဲ နာက်င္စြာနဲ႔ ေအာ္ဟစ္ေၾကာက္လန႔္ေနတာကို ဗီဒီယိုထဲမွာ ျမင္ေတြ႕ရပါတယ္။
ကေလးမေလးရဲ႕ မိခင္ျဖစ္သူက သူမရဲ႕ သမီးလိုအျဖစ္မ်ိဳးမႀကဳံရေအာင္ ကေလးေတြ သတိျပဳဆင္ျခင္ႏိုင္ေအာင္ ဗီဒီယို႐ိုက္ၿပီး အြန္လိုင္းေပၚမွာ ေဝမွ်ခဲ့ပါတယ္။ ကေလးရွိတဲ့မိဘမ်ားအေနနဲ႔ ျပန္လည္ေဝမွ်ေပးရင္း ကေလးေတြ အႏၲရာယ္မရွိေအာင္ ကူညီလိုက္ပါဦးေနာ္..။
Unicode ဖြင့်ဖတ်ရန်

ကလေးလေးတွေဟာ သူတို့ရဲ့ ချစ်စရာ ကစားစရာ အရုပ်လေးကိုကြည့်ပြီး စိတ်ကူးယဉ်တတ်ကြတာ သဘာဝပဲဖြစ်ပါတယ်။ ယောက်ျားလေးတွေက စပိုက်ဒါမန်း၊ စူပါမန်း စသဖြင့် စိတ်ကူးယဉ်တတ်ကြသလို မိန်းကလေးတွေအတွက်တော့ ဘာဘီအရုပ်မလေးတွဟာ သူတို့ စိတ်ကူးယဉ်လို့မဆုံး အားကျလို့ မဆုံးတဲ့ အရုပ်လေးတွေဖြစ်ပါတယ်။
သူတို့ကိုယ်သူတို့ ဘာဘီလေးနဲ့တူအောင် ဘယ်လို ဝတ်စားပြင်ဆင်ရမလဲဆိုတာ အမြဲစူးစမ်းနေတတ်ပါတယ်။ အဲဒီအထဲမှာ ဘရာဇီးနိုင်ငံက ကလေးမလေးလည်း တစ်ယောက်အပါအဝင်ဖြစ်ပါတယ်။
သူကတော့ ဘာဘီရဲ့ မျက်လုံးလေးတွေကို သဘောကျနေသူပါ။ သူမရဲ့ မျက်လုံးတွေကို အရုပ်မရဲ့ မျက်လုံးတူအောင် ဘယ်လိုလုပ်ရမလဲဆိုတာ စဉ်းစားနေပြီးမှ ကလေးအတွေးနဲ့ အရုပ်မရဲ့ ပလတ်စတစ် မျက်လုံးကို ဖြုတ်ပြီး သူမရဲ့ မျက်လုံးထဲ ထိုးထည့်ခဲ့ပါတယ်။
မျက်လုံးလှလှလေး သူ့မျက်လုံးထဲမှာ တပ်ပြီးသွားပေမယ့် နာကျင်လွန်းတာကြောင့် ပြန်ထုတ်ဖို့ ကြိုးစားတဲ့အခါမှာတော့ အရုပ်ရဲ့မျက်လုံးဟာ သူမရဲ့မျက်ခွံထက် ကြီးနေတာကြောင့် ပြန်ထုတ်လို့မရပဲ နာကျင်စွာနဲ့ အော်ဟစ်ကြောက်လန့်နေတာကို ဗီဒီယိုထဲမှာ မြင်တွေ့ရပါတယ်။
ကလေးမလေးရဲ့ မိခင်ဖြစ်သူက သူမရဲ့ သမီးလိုအဖြစ်မျိုးမကြုံရအောင် ကလေးတွေ သတိပြုဆင်ခြင်နိုင်အောင် ဗီဒီယိုရိုက်ပြီး အွန်လိုင်းပေါ်မှာ ဝေမျှခဲ့ပါတယ်။ ကလေးရှိတဲ့မိဘများအနေနဲ့ ပြန်လည်ဝေမျှပေးရင်း ကလေးတွေ အန္တရာယ်မရှိအောင် ကူညီလိုက်ပါဦးနော်..။
Credit;POPOLAY

မှတ်ချက်များ