Zawgyiဖြင့်ဖတ်ရန်
Credit- Em Em(Shwemom)
Unicodeဖြင့်ဖတ်ရန်
အဆီတွေကို အလုံးလိုက် ကျသွားစေမယ့် မုန့်ဖုတ်ဆိုဒါကို ဒီလိုအသုံးပြုမယ်
မုန့်ဖုတ်ဆိုဒါဟာ အဆီတွေကို အလျင်အမြန် ကျစေနိုင်တဲ့ အစွမ်းရှိပါတယ်။ တကယ်လို့ သင့်မှာ ကျောက်ကပ်နဲ့ပတ်သက်တဲ့ရောဂါ၊ နှလုံးရောဂါ၊ ဆီးချိုသွေးချို၊ နာတာရှည်ရောဂါ တစ်ခုခုရှိခဲ့တယ်ဆိုရင် ဒီနည်းလမ်းကို အသုံးမပြုဖို့ သတိပေးပါရစေ။ ခုဖော်ပြပေးမယ့်နည်းလမ်းလေးကို အစာနဲ့ဝေးဝေးမှာ ပြုလုပ်ပေးပါ။ အစာစားပြီးခါစမှာ မလုပ်ပါနဲ့။
(၁) သံပုယိုနဲ့ မုန့်ဖုတ်ဆိုဒါ
သံပုယိုသီးတစ်လုံးကို အရည်ညှစ်ပြီး ရေတစ်ဖန်ခွက်နဲ့ ရောမွှေလိုက်ပါ။ အဲဒီ့အရည်ထဲကို မုန့်ဖုတ်ဆိုဒါ လက်ဖက်ရည်ဇွန်း တစ်ဝက်ထည့်ပြီး ရောမွှေပေးပါ။ မနက်တိုင်း ဒီဖျော်ရည်လေးကို သောက်သုံးပေးရင် အလျင်အမြန်ဝိတ်ကျသွားမှာပါ။
(၂) အုန်းရည်နဲ့ မုန့်ဖုတ်ဆိုဒါ
အုန်းရည် (၅)ခွက်၊ ပျားရည် ခွက်တစ်ခွက်ရဲ့လေးပုံတစ်ပုံ၊ သံပုယိုရည် ခွက်တစ်ဝက်၊ ပင်လယ်ဆား လက်ဖက်ရည်ဇွန်းတစ်ဝက်၊ မုန့်ဖုတ်ဆိုဒါ လက်ဖက်ရည်ဇွန်း၏ လေးပုံတစ်ပုံတို့ကို သမအောင်ရောမွှေပြီး တစ်နေကုန် သောက်သုံးပေးမယ်ဆိုရင်တော့ အမြန်ဆုံး အဆီကျသွားမှာပါ။
(၃) လက်ဖက်စိမ်းနဲ့ မုန့်ဖုတ်ဆိုဒါ
ရေတစ်ဖန်ခွက်ထဲကို လက်ဖက်စိမ်းထုတ်လေး ဖောက်ထည့်ပြီး မုန့်ဖုတ်ဆိုဒါ လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံတို့နှင့် ရောမွှေလိုက်ပါ။ အနည်ထိုင်သွားတာကို စောင့်ပြီးရင် သောက်သုံးလို့ရပါပြီ။
(၄) ပန်းသီးရှာလကာနဲ့ မုန့်ဖုတ်ဆိုဒါ
ပန်းသီးရှာလကာ လက်ဖက်ရည်ဇွန်း (၂)ဇွန်း၊ ရေတစ်ဖန်ခွက်၊ မုန့်ဖုတ်ဆိုဒါ လက်ဖက်ရည်ဇွန်း တစ်ဝက်တို့ကို ရောမွှေလိုက်ပါ။ မနက်စာ မစားခင်နာရီဝက်အလိုတိုင်းမှာ သောက်သုံးပေးရင် အဆီတွေ ကျသွားမှာ ဖြစ်ပါတယ်။
Credit- Em Em(Shwemom)


မှတ်ချက်များ