၂ မိနစ္အတြင္း အိပ္ေပ်ာ္ေအာင္ ဘယ္လိုလုပ္မလဲ

Zawgyiျဖင့္ဖတ္ရန္
ညဖက္ေတြမွာ အိပ္မေပ်ာ္တဲ့ျပႆနာဟာ ယေန႕ေခတ္မွာ လူအမ်ားႀကံဳေတြ႕ေနရတဲ့ ကိစၥတစ္ခုျဖစ္ၿပီး အေႀကာင္းအရင္းကေတာ့ စိတ္ဖိစီးမႈေတြ၊ အစားအေသာက္ညီမွ်မႈမရွိတာေတြ၊ စိတ္ပိုင္းဆိုင္ရာ အခက္အခဲေတြေႀကာင့္ျဖစ္ပါတယ္။
ေကာင္းမြန္တဲ့ တစ္ေန႕တာကို ပိုင္ဆိုင္ႏိုင္ဖို႕အတြက္ ညဖက္မွာ ေသခ်ာအိပ္စက္ဖို႕လိုအပ္တာေႀကာင့္ စကၠန္႕ ၁၂၀ အတြင္းမွာပဲ အိပ္ေပ်ာ္သြားေစႏိုင္မယ့္ နည္းလမ္းေကာင္းေလးကို ေဖာ္ျပေပးခ်င္ပါတယ္။
နည္းလမ္း ၁
လွ်ာ၊ ေမးရိုးႏွင့္ မ်က္လံုးတစ္ဝိုက္ရွိ ႀကြက္သားေတြအပါဝင္ မ်က္ႏွာရွိႀကြက္သားေတြအားလံုးကို အေႀကာေလွ်ာ့ထားပါ။
နည္းလမ္း ၂
ပုခံုးေတြကို တတ္ႏိုင္သမွ် နိမ့္သထက္နိမ့္ေအာင္ ႏွိမ့္ေပးၿပီး လက္ႏွစ္ဖက္ကို ေဘးတစ္ဖက္တစ္ခ်က္စီမွာ ထားထားပါ။
နည္းလမ္း ၃
အသက္ရွဴထုတ္လိုက္ၿပီး ရင္ဘတ္ကိုေျဖေလွ်ာ့လိုက္ပါ။ ၿပီးလွ်င္ ေျခေထာက္ေတြကိုလည္း လြတ္လြတ္လပ္လပ္ေနၿပီး အေႀကာေတြအကုန္ေလွ်ာ့ထားပါ။
နည္းလမ္း ၄
အထက္ေဖာ္ျပပါ နည္းလမ္းေတြအတိုင္း လုပ္ၿပီးရင္ ေနာက္ထပ္လုပ္ေဆာင္ရမယ့္ အဆင့္ကေတာ့ ေအာက္ေဖာ္ျပပါ ပုံစံေလးကို မ်က္လံုးထဲမွာ ျမင္ေယာင္လိုက္ပါ။
ဒီလိုပံုေလးအတိုင္းပဲ ေရျပင္ထက္ေလွကေလးထဲမွာ အိပ္ေနသလိုမ်ိဳး စဥ္းစားလိုက္ၿပီး သဘာဝသံစဥ္တစ္ခုျဖစ္တဲ့ ေရလိႈင္းသံေလးကို နားေယာင္ေနလိုက္ပါ။
Credit:Myhealthy
Unicodeဖြင့်ဖတ်ရန်

၂ မိနစ်အတွင်း အိပ်ပျော်အောင် ဘယ်လိုလုပ်မလဲ

ညဖက်တွေမှာ အိပ်မပျော်တဲ့ပြဿနာဟာ ယနေ့ခေတ်မှာ လူအများကြုံတွေ့နေရတဲ့ ကိစ္စတစ်ခုဖြစ်ပြီး အကြောင်းအရင်းကတော့ စိတ်ဖိစီးမှုတွေ၊ အစားအသောက်ညီမျှမှုမရှိတာတွေ၊ စိတ်ပိုင်းဆိုင်ရာ အခက်အခဲတွေကြောင့်ဖြစ်ပါတယ်။
ကောင်းမွန်တဲ့ တစ်နေ့တာကို ပိုင်ဆိုင်နိုင်ဖို့အတွက် ညဖက်မှာ သေချာအိပ်စက်ဖို့လိုအပ်တာကြောင့် စက္ကန့် ၁၂၀ အတွင်းမှာပဲ အိပ်ပျော်သွားစေနိုင်မယ့် နည်းလမ်းကောင်းလေးကို ဖော်ပြပေးချင်ပါတယ်။
နည်းလမ်း ၁
လျှာ၊ မေးရိုးနှင့် မျက်လုံးတစ်ဝိုက်ရှိ ကြွက်သားတွေအပါဝင် မျက်နှာရှိကြွက်သားတွေအားလုံးကို အကြောလျှော့ထားပါ။
နည်းလမ်း ၂
ပုခုံးတွေကို တတ်နိုင်သမျှ နိမ့်သထက်နိမ့်အောင် နှိမ့်ပေးပြီး လက်နှစ်ဖက်ကို ဘေးတစ်ဖက်တစ်ချက်စီမှာ ထားထားပါ။
နည်းလမ်း ၃
အသက်ရှူထုတ်လိုက်ပြီး ရင်ဘတ်ကိုဖြေလျှော့လိုက်ပါ။ ပြီးလျှင် ခြေထောက်တွေကိုလည်း လွတ်လွတ်လပ်လပ်နေပြီး အကြောတွေအကုန်လျှော့ထားပါ။
နည်းလမ်း ၄
အထက်ဖော်ပြပါ နည်းလမ်းတွေအတိုင်း လုပ်ပြီးရင် နောက်ထပ်လုပ်ဆောင်ရမယ့် အဆင့်ကတော့ အောက်ဖော်ပြပါ ပုံစံလေးကို မျက်လုံးထဲမှာ မြင်ယောင်လိုက်ပါ။
ဒီလိုပုံလေးအတိုင်းပဲ ရေပြင်ထက်လှေကလေးထဲမှာ အိပ်နေသလိုမျိုး စဉ်းစားလိုက်ပြီး သဘာဝသံစဉ်တစ်ခုဖြစ်တဲ့ ရေလှိုင်းသံလေးကို နားယောင်နေလိုက်ပါ။
Credit:Myhealthy

မှတ်ချက်များ